၁၂မိနစ်အတွင်း မတူညီတဲ့အစား အစာ၆၅မျိုးကိုစားပြကာ စံချိန်ချိုးလိုက်တဲ့အမျိုးသား

204

၁၂မိနစ်အတွင်း မတူညီတဲ့အစား အစာ၆၅မျိုးကိုစားပြကာ စံချိန်ချိုးလိုက်တဲ့အမျိုးသား

အေဒမ်မော်ရမ်လို့အမည်ရတဲ့ Youtube ပေါ်မှာ ဗီဒီယိုတွေကိုရိုက်ကူးဖြန့်ဝေပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့သူတစ်ယောက်ဟာ ဘယ်သူမှထပ်ပြီးစံချိန်မချိုးနိုင်လောက်တဲ့ စံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့ပါတယ်။ သူတင်နိုင်ခဲ့တဲ့စံချိန်ကတော့ ၁၂မိနစ်အတွင်း မတူညီတဲ့အစားအစာ ၆၅မျိုးကိုစားပြကာ အစားအသောက်ဘယ်လောက်များများနဲ့ဘယ်လောက်မြန်မြန်စားနိုင်တဲ့ စိန်ခေါ်မှုတစ်ခုကို အနိုင်ရပြီး မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့တာပါ။

သူစားရတဲ့အစားအစာတွေဟာ အမေရိကန်မနက်စာလို့တင်စားခေါ်ဝေါ်ကြတဲ့ ၀က်ပေါင်ခြောက်၊ ကြက်အူချောင်း၊ ကြက်ဥကြော်၊ ပဲနဲ့ ပေါင်မုန့်ကင်အပါအ၀င် အခြားသောအစားအစာစုစုပေါင်း ၆၅မျိုးပါဝင်တဲ့ မနက်စာကိုစားရမှာပါ။ အဲ့ဒီစိန်ခေါ်မှုကိုစတင်ပြုလုပ်ခဲ့တာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်မှာဖြစ်ပြီး အခုအချိန်အထိအဲ့ဒီ စိန်ခေါ်မှုကိုအောင်မြင်ခဲ့တဲ့သူ၃ဦးသာရှိခဲ့ပါတယ်

ဒါပေမယ့် အဲ့ဒီအကုန်စားနိုင်ခဲ့တဲ့သူ ၃ယောက်ကလည်း သူစားနိုင်ခဲ့သလို ၁၂မိနစ်အတွင်းမဟုတ်ပဲအချိန်အတော်အကြာ ယူပြီးမှကုန်အောင်စားနိုင်ခဲ့တာပါ။ ဒီအစားအစာတွေရဲ့ ကုန်ကျစရိတ်ဟာ မြန်မာငွေ ၂သောင်းခွဲဝန်းကျင်ကျသင့်ပြီး အကုန်စားမယ်ဆိုရင် ကယ်လိုရီ ၄၀၀၀ကျော်ကို ခန္ဒာကိုယ်ထဲသွင်းလိုက်တာနဲ့ညီမျှပါတယ်လို့ဆိုပါတယ်။

ကဲ ApannPyay ပရိတ်သတ်ကြီးတို့ထဲမှာကော သူ့လိုစံချိန်တင်အောင်စားနိုင်တဲ့ ပရိသတ်တွေရှိကြတယ်ဟုတ်?

Yenin Phawah ( ApannPyay)

Source:mirror