
612












Video – Thuta Soe Kyaw

AlinnMyay

ယာဉ်တိုက်ပြီး မောင်းပြေးလာတဲ့ အငှါးယာဉ်မောင်းသူ ဘုရင့်နောင် တံတားပေါ်မှ ခုန်ချသွားတဲ့ ရုပ်သံ

ဇွန် ၂၈ ရက်နေ ့ညနေမိုင်းမှာ ယာဉ်တိုက်မှုဖြစ်၍ မောင်းပြေးလာတဲ့ အငှါးယာဉ်မောင်းသည် ဘုရင့်နောင်တံတားပေါ်အရောက်တွင် ဆက်မောင်းပြေး၍ မရတော့ပဲ နောက်ကလိုက်လာတဲ့ အတိုက်ခံရသူများမှ လိုက်လာရာတွင် တံတားပေါ်မှ ခုန်ချသွားကြောင်း သိရသည်။

ယာဉ်မောင်း ခုန်ချသွားတဲ့ ဗွီဒီယိုဖိုင်ကို ပြည်သူတစ်ဦးမှ ကားထဲကနေ ဗီဒီယိုဖိုင်ရိုက်ကူးထားပြီး လူမှုကွန်ယက် စာမျက်နှာတွင် အောက်ဖော်ပြပါအတိုင်း ရေးသားပြီး တင်ပြထားခြင်းဖြစ်ပါသည်။

” မျက်စိရှေ့မှာတင် တံတားပေါ်ကခုန်ချပြီး Sucide သွားတာဆိုတော့ တော်တော်အံ့သြသွားတယ်။

ခုနက ၃:၁၀ မိနစ်က ဘုရင့်နောင်ဂုံးကျော်တံတားပေါ်မှာ ယာဉ်တိုက်မှုတစ်ခုဖြစ်တာ။

ဖြစ်စဉ်က Taxi ကတိုက်ပြီးပြေးလာတာ တိုက်ခံရတဲ့ကားကလည်း နောက်ကလိုက်လာပြီးတော့ ပြန်ဝိုင်းရိုက်ပြီး လိုက်လောင်ကြရော။

‘မင်းထွက်ပြေးလို့မရအောင် wheel tax တွေ licine တွေသိမ်းထားမယ် ‘ပြောပြီး ကားမှန်ရိုက်ခွဲပြီး လူကိုဆွဲထုတ်။

ခေါင်းပါကွဲအောင်ရိုက်ပြီး ပြဿသာနာရှာတော့ နောက်ဆုံးတိုက်တဲ့ကောင်က တံတားပေါ်ကခုန်ချသွားရော။

ပြဿသာနာရှာတဲ့ဘဲတွေကလည်း ချက်ချင်းအမှုပတ်မှာဆိုးလို့ မြင်တဲ့အတိုင်းထွက်ပြေးသွားတယ်။

ပြသာနာတစ်ခုခုတတ်လာတာနှင့်အမျှ တောရိုင်းဥပဒေအတိုင်းပဲဖြေရှင်းတတ်ကြတာလား?

အေးအေးဆေးဆေးပဲဖြေရှင်းသင့်တယ် ထင်ပါတယ်😣”

Video – Thuta Soe Kyaw

AlinnMyay