ရထားလမ်းပေါ်ပြုတ်ကျသွားတဲ့ဖုန်းကိုပြန်ကောက်လိုက်တဲ့ အမျိုးသမီးရဲ့ ဖြစ်ရပ်

281

ဖယ်လွန်စမစ် လို့အမည်ရတဲ့ အသက် ၃၇နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ တာဝန်ရှိသူတွေက ရထားသံလမ်းပေါ်မနေဖို့တားပေမယ့် စကားနားမထောင်ခဲ့ပဲ ရထားသံလမ်းပေါ်ဆင်းခဲ့ပြီးနောက်မှာ ကံမကောင်းစွာပဲ ရထားနဲ့တိုက်မိပြီး အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

သူရထားနဲ့တိုက်မိနေတဲ့အချိန်မှာ အခြားသောရထားဘူတာရုံကိုလာတဲ့ ခရီးသည်တွေကလည်းသူ့ကိုဝိုင်းတားနေခဲ့တာဖြစ်ပြီး အကုန်လုံးထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကို မမြင်ချင်ပဲမြင်ခဲ့ကြရတာပါ။

သူဟာ သူ့ရဲ့ဖုန်းရထားသံလမ်းပေါ်ကျခဲ့တဲ့အတွက် သံလမ်းပေါ်ဆင်းကာ ဖုန်းကိုပြန်ကောက်ယူနေခဲ့တာဖြစ်ပါတယ်။ သူဆင်းဆင်းချင်းမှာပဲ ဘူတာရုံကတာဝန်ရှိသူတွေအပါအ၀င် ခရီးသွားပြည်သူတွေကပါ ဖုန်းကိုမရှာတော့ဖို့ပြန်တက်ခဲ့ဖို့ပြောပေမယ့် စကားနားမထောင်ခဲ့တာပါ။ သူ့ရဲ့ ရထားတိုက်မှုကြောင့် ကျန်တဲ့ခရီးလမ်းကြောင်းတွေဟာလည်း အချိန် ၂နာရီကြာနှောင့်နှေးခဲ့ရပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြရပါတယ်။

အဖြစ်အပျက်တွေအကုန်လုံးကိုမြင်လိုက်တဲ့သူတစ်ဦးကတော့ လူတွေကနည်းပညာတိုးတက်လာတာနဲ့အမျှ အဲ့ဒီအရာတွေအပေါ်စွဲလမ်းစိတ်တွေများပေမယ့် ဖုန်းတစ်လုံးအတွက်နဲ့တော့ အသက်ပေးဖို့ကမတန်ဘူးလေလို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ တာဝန်ရှိသူတွေကတော့ ဒီအဖြစ်အပျက်ကိုသင်ခန်းစာယူပြီး ဘယ်ခရီးသည်မဆို သံလမ်းပေါ်ကို ရထားလာနေတဲ့အချိန်မှာ ပစ္စည်းပြုတ်ကျလို့ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို မသွားသင့်ကြောင်း၊ အခုမတော်တဆမှုအတွက် ၀မ်းနည်းမိကြောင်းပြောဆိုခဲ့ပါတယ်။

Yenin Phawah( ApannPyay)

Source: mirror