လမ်းဘေး မီးတိုင်အောင်မှာပဲ စာလုပ်နေခဲ့ရတဲ့ လူငယ်တစ်ဦး

241

ကြင်နာသနားတတ်တဲ့စိတ်ကလေးတစ်ခုဟာ လူတစ်ယောက်ရဲ့ဘ၀ကိုပြောင်းလဲစေနိုင်တဲ့ အချိုးအကွေ့တစ်ခုလို့ပြောရင်မှားမယ်မထင်ပါဘူး။ အခုပြောပြပေးမယ့် သတင်းထဲကကောင်လေးကတော့ ကြင်နာသနားတတ်တဲ့သူတစ်ယောက်ကြောင့် သူ့ဘ၀တစ်ခုလုံးပြောင်းလဲသွားခဲ့ရပါတယ်။

ဗစ်တာလို့အမည်ရတဲ့အသက် ၁၁နှစ်အရွယ်ကောင်ကလေးဟာ နေအိမ်မှာလျှစ်စစ်မီးမရှိတဲ့အတွက်ကြောင့် လမ်းဘေးမီးတိုင်အောက်မှာအိမ်စာအမြဲလုပ်ရပါတယ်။ သနားစရာကောင်းလှတဲ့ အသက် ၁၁နှစ်အရွယ် ကောင်ကလေးရဲ့ လမ်းဘေးမီးတိုင်အောက်မှာ စာလုပ်နေတဲ့ပုံစံကိုတွေ့သွားခဲ့တဲ့သူတစ်ယောက်ဟာ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်မှာ ဝေမျှပေးလိုက်တဲ့အခါမှာတော် ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးပြီး ဟိုးလေးတစ်ကျော်ဖြစ်သွားပါတော့တယ်။ ပီရူးနိုင်ငံမှာနေထိုင်တဲ့ ဒီကောင်လေးအတွက် ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတဲ့ သူကတော့ အသက် ၃၁နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးတစ်ယောက်ပါ။

သူဟာကောင်လေးရဲ့ လမ်းလေးမီးတိုင်အောက်မှာစာလုပ်နေတဲ့ဓာတ်ပုံကိုတွေ့ပြီး သနားဂရုဏာသက်ကာ ကောင်လေးနေတဲ့ပီရူးနိုင်ငံထိတကူးတက လာပြီးကူညီပေးခဲ့ပါတယ်။ အဲ့တာအပြင် သူဟာ ကောင်လေးနဲ့သူရဲ့အမေနေတဲ့ ချိနဲ့နေတဲ့အိမ်ကို နှစ်ထပ်အိမ်အဖြစ် ပြန်လည်တည်ဆောက်ပြုပြင်ပေးခဲ့ပြီး လျှပ်စစ်မီးရရှိအောင်လည်းကူညီပေးခဲ့ပါတယ်။

အဲ့တာအပြင် ကောင်လေးကိုမြင်ရင် သူငယ်ငယ်ကချို့တဲ့ခဲ့တဲ့အချိန်ကိုသတိရတယ်လို့ဆိုကာ ကောင်လေးရဲ့အမေအတွက် အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုပါထူထောင်ပေးခဲ့ပြီး အဲ့လုပ်ငန်းလုပ်ကိုင်ရင်းနဲ့ ကလေးရဲ့ကျောင်းစရိတ်နဲ့ သူတို့ရဲ့စားဝတ်နေရေးပါဖြေရှင်းနိုင်အောင် ကူညီပေးခဲ့ပါသေးတယ်။

ဗစ်တာရဲ့အမေကတော့ သူရဲ့သားဟာ ဒီလိုအကူအညီတွေရတဲ့အပေါ်အံ့အားသင့်ခဲ့ပြီး အခြားဒေသတစ်ခုမှာနေတဲ့သူတစ်ယောက်က ဒီလိုတကူးတကလာပြီးကူညီပေးတာကို မယုံနိုင်ဖြစ်နေတယ်လို့ပြောပြပါတယ်။

ဗစ်တာဟာ သူ့ကိုကူညီပေးခဲ့တဲ့သန်းကြွယ်သူဌေးကို ကျွန်တော်တို့ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကျောင်းကလေးကိုပြန်ဆောက်ပေးပြီး စာကောင်းကောင်းသင်လို့ရအောင်လုပ်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါတယ်။

ဟုတ်ပါတယ်။ အဲ့ဒီသန်းကြွယ်သူဌေးဟာ ဗစ်တာတို့စာသင်ရတဲ့ ပျက်စီးနေတဲ့ကျောင်းအဆောက်အအုံကိုလည်းအသစ်ပြန်ဆောက်ပေးခဲ့ပါသေးတယ်။

Yenin Phawah (ApannPyay)

Source: metro