မိသားစုတွေ စိတ်ပူနေလို့ပါ။ ဘယ်လိုအခြေအနေမျိုးနှင့်တွေ့တွေ့ဆက်သွယ်ပေးစေလိုပါတယ်

145

တောင်ငူမြို့ ရပ်ကွက် ( ၁ )နယ်မြေ ၇ တွင်နေထိုင်သော ဦးတင့်လွင်ဦး (ခ) ဦးဋ္ဌေး ( ဘ) ဦးခင်ထွန်း I ဆိုင်ကယ် ကယ်ရီမောင်းသည် ၂၈ ရက်နေ့ ညနေ ၄ အချိန် က တောင်ငူမြို့ ပန်းခြံကွေ့ထိပ်တွင် ကယ်ရီသွားဆွဲမည်ဟု အိမ်သို့ပြောကာ ထွက်သွားခဲ့သည်မှာ ယနေ့အချိန်အထိ နေအိမ်သို့ပြန်မလာတော့သောကြောင့် မိသားစုမှ မျှော်နေပါသဖြင့် တွေ့ရှိသူများအနေဖြင့်လည်း အောက်ပါ ဖုန်းနံပါတ်သို့ အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

ကျမယောကျာ်းက အေးတယ် I ကယ်ရီဆွဲတာ အိမ်နား ပတ်ဝန်းကျင်က လူလောက်ပဲဆွဲပေးတာ အဲ့နေ့ကလည်း ပန်းခြံကွေ့မှာ လူလာကြိုပေးပါဆိုပြီး ဖုန်းလာလို့ သွားတာ အဲ့ကထဲပြန်မလာတော့ထာ I လူသွားကြိုမယ်ဆိုတာလည်း အိမ်ကိုပြောသွားတယ် I ဘယ်သွားသွား အိမ်ကိုပြောသွားလေ့ရှိတယ် I ဘယ်နေရာရောက်အိမ်ကို ဖုန်းဆက်တယ် ခုဟာက ကျမ ပြန်မလာလို့ သူဖုန်းကိုဆက်တာ အခါ ၆၀ ထိထိ ဖုန်းဝင်တယ် မကိုင်ဘူး နောက်ဆုးံအကြိမ်မှာ ဖုန်းဆက်ပိတ်သွားတယ် အဲ့ဒါကြောင့်စိုးရိမ်တာဟု ဇနီးဖြစ်သူမှ ပြောပါတယ်။

ရဲစခန်းမှာလည်း လူပျောက် အကြောင်းကြားထားပါတယ် တွေ့ရှိသူတွေလည် ဘယ်လိုအခြေအနေမျိုးနဲ့တွေ့တွေ့အကြောင်းကြားပေးပါလို့မေတ္တာရပ်ခံပါတယ် I မိသားစုက စိတ်ပူနေပါတယ်လို့ ၄င်းကဆက်ပြောပါတယ်။

ဆက်သွယ်ရန် ph : 09960165800

နေလင်းအောင် ( တောင်ငူ)29.6.2019