ခွေးကလေးတွေကိုအရှင်လတ်လတ်အိုးထဲထည့်ပြုတ်စားသုံးကြတဲ့ ခွေးသားစားပွဲတော်အကြောင်း

145

တရုတ်နိုင်ငံရဲ့ ယူလင်ခွေးသားစားပွဲတော်ဟာ တိရစ္ဆာန်ထောင်ပေါင်းများစွာ နှိပ်စက်သတ်ဖြတ်ခံရပြီး စားသုံးခံနေရတယ်လို့ တိရစ္ဆာန်ချစ်သူတွေကြားမှာ တိုးတိုးတိတ်တိတ်နာမည်ကြီးတဲ့ ပွဲတော်တစ်ခုပါ။ ပွဲတော်ကာလ ၁၀ရက်တာအချိန်မှာ တိရစ္ဆာန်ထောင်ပေါင်းများစွာဟာ နှိပ်စက်ခံရပြီးသတ်ဖြတ်စားသုံးခံရပါတယ်။

အခုဒီနှစ်ရဲ့ပွဲတော်မှာ အဖမ်းခံထားပြီးအစားခံရတော့မယ့်ခွေးကလေးတွေရဲ့ ဗီဒီယိုဖိုင်တွေထွက်ရှိလာတဲ့အခါမှာတော့ ဆိုးဝါးလှတဲ့တိရစ္ဆာန်ညင်းပန်းနှိပ်စက်မှုတွေကိုဗီဒီယိုဖိုင်ထဲမှာ တစ်စိတ်တစ်ပိုင်းတွေ့မြင်ရပါတယ်။ အဖမ်းခံထားရတဲ့ လမ်းဘေးခွေးလေးတွေနဲ့ တချို့ ပိုင်ရှင်မသိချိန်ဖမ်းဆီးခြင်းခံလိုက်ရတဲ့ အိမ်မွေးခွေးကလေးတွေဟာ သေးငယ်လှတဲ့ လှောင်အိမ်တွေထဲမှာ အစာရေစာ အနည်းငယ်သာစားသောက်ပြိး ပွဲတော်အချိန်ရောက်ရင်သတ်ဖြတ်ခံရတာပါ။ ဒီခွေးသားစားပွဲတော်ကို ဇွန်လ ၂၁ရက်နေ့ကနေ ဆယ်ရက်တိတိ နှစ်စဉ်နှစ်တိုင်းကျင်းပကြပါတယ်။

ဒီပွဲတော်ဟာ ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာပွဲတော်မဟုတ်ပဲနဲ့ ၂၀၁၀ကနေစပြီး ယူလင်အစိုးရကနေ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်ဖို့နဲ့ ခွေးသားရောင်းရာမှာ ရောင်းအားမြင့်တက်စေဖို့ တစ်စိုက်မတ်မတ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ခွေးလေးတွေကိုဖမ်းဆီးတဲ့အခါမှာ ခေါင်းကိုတုတ်နဲ့ရိုက်ပြီး လည်ပင်းမှာချိတ်နဲ့တွယ်ကာ အမွှေးတွေကိုဖယ်ရှားဖို့ရေနွေးအိုးထဲထည့်ကြတယ်လို့ဆိုပါတယ်။ ခွေးတွေကိုသတ်ပြီးမှထည့်တယ်လို့ထင်ရပေမယ့် တကယ်တမ်းကို ခေါင်းကိုရိုက်ပြီး မေ့မြောသတိလစ်နေတဲ့အခြေအနေမှာရေနွေးအိုးထဲထည့်ပြုတ်ကြတာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ ခွေးအကောင်ရေပေါင်း ၁၀သန်းဝန်းကျင်နဲ့ ကြောင်အကောင်ရေ ၄သန်းဝန်းကျင်ခန့်ဟာ တရုတ်နိုင်ငံမှာ စားသုံးတဲ့အသားအဖြစ်သတ်ဖြတ်ရောင်းချခြင်းခံနေရပါတယ်။

Yenin Phawah( ApannPyay)

Resource:mirror