ကြိုးဆွဲချသတ်​​သေသွားခဲ့တဲ့ နာမည်​​ကျော်​ဝာရင့် ​ကိုရီးယားမင်းသမီး

273

တောင်​ကိုရီးယား ရဲ့ နာမည်​​ကြီးရုပ်​ရှင်​မင်းသမီးတစ်လက်ြ​ဖစ်​တဲ့ ​ဂျောင်​မီဆွန်းဟာ ကိုယ့်​ကိုယ်​ကို ကြိုးဆွဲချပြီး အဆုံးစီရင်​သွားခဲ့တယ်​လို့ သိရှိရပါတယ်​။ ဒီသတင်းကို Boas Entertainment က ဇွန်​လ ၂၉ ရက်​​နေ့မှာ အတည်​ပြုသွားခဲ့တာပါ။

အသက်​ ၄၈ နှစ်​အရွယ်​ မင်းသမီးကြီးဟာ မြန်​မာပြည်​က ​ကိုရီးယားရုပ်​ရှင်​ကြိုက်​နှစ်​သက်​သူ ပရိသတ်​​တွေနဲ့ မစိမ်းလှသူ သရုပ်​​ဆောင်တစ်​ဦးဖြစ်​ပြီး ဒီသတင်းဟာ သူ့ရဲ့ပရိသတ်​​တွေအတွက်​​တော့ ဝမ်းနည်းဖွယ်​ရာအတိဖြစ်​ခဲ့ရပါတယ်​။

တောင်​ကိုရီးယားရုပ်​ရှင်​​လောကအတွက်​​လည်း ​ကြေကွဲဖွယ်​ရာသတင်းဆိုးတစ်ရပ် ဖြစ်​ခဲ့ရပြီး တန်​ဖိုးရှိတဲ့ ဝါရင့်သရုပ်​​ဆောင်​တစ်​ဦး​ကြွေလွင့်​ခဲ့ရတာဟာ ရုပ်​ရှင်​​လောကအတွက်​လည်း ကြီးမားတဲ့ဆုံးရှူံးမှုဖြစ်​ခဲ့ပါတယ်​။

သူဟာ 2 Nights and 3 Days with Mother အစီအစဉ်​အတွက်​ ​ဂျယ်​ဂျူကျွန်းက ဟိုတယ်​တစ်​ခုမှာ ​ရောက်​ရှိ​နေစဉ်​ သန့်​စင်​ခန်းအ​တွင်း သတ်​​သေသွားခဲ့ပုံရပြီး သူ့ရဲ့အ​လောင်းကို သန့်​စင်​ခန်းအတွင်း ​တွေ့ရှိခဲ့ကြရတာဖြစ်​ပါတယ်​။

မင်းသမီးဟာ စိတ်​ကျ​ဝေဒနာကိုခံစား​နေရတာဖြစ်​ပြီး ကုသမှုခံယူ​နေရသူဖြစ်​တယ်​လို့ Boas Entertainment က ဆိုသွားခဲ့ပါတယ်​။

ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

EFIL