သား​လေးအတွက်​ ​ကျောင်းလွယ်​​အိတ်​ဖိုး မတတ်​နိုင်​ခဲ့တဲ့ ဖခင်​ရဲ့ ချီးကျူးဖွယ်​ရာလုပ်​ရပ်

183

က​​မ္ဘောဒီးယားနိုင်​ငံက အသက်​ ၅ နှစ်​အရွယ်​ မူလတန်း​ကျောင်းသား​လေးဖြစ်​တဲ့ NY Keng ​လေးအတွက်​ ​ကျောင်းစတက်​ရမယ့်​​နေ့​ကို ​ရောက်​ရှိလာခဲ့ပါတယ်​။ သားဖြစ်​သူအတွက်​ အများသူငှါနည်းတူ ​ကျောင်းတက်​စရာလွယ်​အိတ်​​လေး မဝယ်​​ပေးနို​င်​ရှာတဲ့ ဖခင်​က သားအတွက်​ ​လွယ်​အိတ်​​လေး မဖြစ်​ဖြစ်​​အောင်​ ဖန်​တီးချုပ်​လုပ်​​ပေးခဲ့တာဟာ ဖခင်​ရဲ့ ချီးကျူးဖွယ်​ရာလုပ်​ရပ်​ဖြစ်​သလို ရင်​နင့်​စရာဖြစ်​ရပ်​ဆိုလဲ မမှားပါဘူး။

ဖခင်​ဖြစ်​သူဟာ လယ်​သမားတစ်​ဦးမျှသာဖြစ်​ပြီး ​ကျောပိုးအိတ်​ဖိုး ၇ ​ဒေါ်လာကို မတတ်​နို​င်​ရှာသူပါ။ သား​လေးအတွက်​ ​ကျောင်းလွယ်​အိတ်​ကို သူလုပ်​​ပေးခဲ့ပုံက သိပ်​ချစ်​စရာ​ကောင်းပြီး သား​လေးမျက်​နှာမငယ်​​အောင်​ လက်​ဖြစ်​လွယ်​အိတ်​က​လေးကို သူ့ကိုယ်​ပိုင်​ဥာဏ်ကွန့်မြူးမှု ​​နဲ့ ထူးထူးခြားခြား ချုပ်​လုပ်​​ပေးခဲ့ပါတယ်​။

လျှော်​ကြိုး​တွေကို အသုံးပြုပြီး အပြာ​ရောင်​​ကျောပိုးအိတ်​လှလှ​လေးဖြစ်​လာ​အောင်​ ဖခင်​က ရက်​လုပ်​​ပေးခဲ့တာဟာ သား​လေးအတွက်​စိတ်​​ကျေနပ်​​စေခဲ့သလို က​လေးရဲ့အတန်းဆရာမဖြစ်​သူအတွက်​လည်း သူမတူတဲ့ လွယ်​အိတ်​က​လေးကို သတိထားစရာဖြစ်​လာပါတယ်​။

က​လေးရဲ့ ​ကျောပိုးအိတ်​ဓာတ်​ပုံ​တွေကို ဆရာမဖြစ်​သူက မျှ​ဝေခဲ့ရာမှာ​တော့ ဖခင်​ရဲ့ လုပ်​ရပ်​ဟာ အင်​မတန်​သ​ဘောကျစရာဖြစ်​ခဲ့ပြီး လူအများရဲ့​ဝိုင်းဝန်းေ​​​နွး​ထွေးမှု၊ ချီးကျူးမှု နဲ့ ကူညီကိုယ်​ချင်းစာမှုကိုရရှိခဲ့ပါတယ်​။ ဒါကို သိရှိသွားကြတဲ့ နို​င်​ငံခြားသားတချို့ကလည်း ချစ်​စရာသားအဖကို ဝိုင်းဝန်းဆ​​​က်​သွယ်​လာကြပြီး လိုအပ်​တဲ့အကူအညီ​တွေ​ကို ​ပေးစွမ်းခဲ့တယ်​လို့လဲ သိရပါတယ်​။

ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

EFIL