အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံပြီး သီချင်းခွေတွေလက်ဆောင်ပေးခဲ့တဲ့ ကိုရိးယားအဆိုတော်အဖွဲ့ EXO

153

အမေရိကန်နိုင်ငံရဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျယ်အင်းနဲ့တွေ့ဆုံဖို့ အိမ်ပြာတော်ကိုရောက်ရှိနေခဲ့စဉ်မှာ ကိုရီးယားအဆိုတော်အဖွဲ့ EXO နဲ့တွေ့ဆုံပြီး သီချင်းအခွေတွေကိုလက်ဆောင်အနေနဲ့ရခဲ့ပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ရဲ့ သမီးဖြစ်သူနဲ့ သမက်ဖြစ်သူဟာလည်း exo အဖွဲ့နဲ့ စကားစမြည်ပြောခဲ့ကြတယ်လို့သိရပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ သမီးဖြစ်သူဟာ Kpop ဂီတအပေါ်စိတ်ဝင်စားမှုရှိပြီး ပြီးခဲ့တဲ့နှစ် အိုလံပစ်ပွဲကို တောင်ကိုးရီးယားနိုင်ငံဖျောင်ချန်းမှာ ကျင်းပခဲ့စဉ်က ပိတ်ပွဲမှာ exo အဖွဲ့ရဲ့ဖျော်ဖြေမှုကိုကြည့်ပြီး သဘောကျခဲ့တယ်လို့သိရပါတယ်။ ပိတ်ပွဲအပြီးမှာ exo အဖွဲ့ကို သူ့ရဲ့ ကလေးတွေဟာ exo အဖွဲ့ရဲ့ ပရိသတ်ဖြစ်ကြောင်း အခုလိုအပြင်မှာဖျော်ဖြေတာကိုတွေ့ရတာ မယုံနိုင်သေးကြောင်းပြောခဲ့တာပါ။

အဲ့တာကြောင့် ယခုတစ်ခေါက်တောင်ကိုရီးယားနိုင်ငံကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ သမီးဖြစ်သူလာလည်တဲ့အခါမှာ အိမ်ပြာတော်က exo အဖွဲ့ကိုအထူးတလည်ဖိတ်ကြားခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ DO ကတော့ တက်ရောက်နိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

Yenin Phawah ( ApannPyay)

Source: