318
EFIL(ApannPyay)
၁၄ နှစ်​ကြာ အတူ​နေလာခဲ့တဲ့ ​ခွေးက​လေး ​သေဆုံးသွားတဲ့အခါ
ကွ​ျန်​​တော်​တို့ဟာ အတိတ်​ကိုလွမ်​း​ဆွေးတမ်​းတရတဲ့ ​ဝေဒနာ​တွေကို အချိ်​န်​နဲ့ပြန်​ရင်​းပြီး ကုသရတဲ့သူ​တွေချည်​းပါပဲ။ ၁၁ နှစ်​ ကြာ မခွဲအတူ အ​ဖော်​အ​ပေါင်​းအဖြစ်​ ​နေထိုင်​လာခဲ့တဲ့ ကိုယ်​​့​ခွေးက​လေး​သေဆုံးသွားရတဲ့အခါ သင်​ဟာဘယ်​လိုများခံစားရပါမလဲ ? ဒီလိုအဖြစ်​မ​ျိုးကို​ရော ကြိုတင်​​တွေးမြင်​ကြည်​့မိဖူးလား ?
ရိုမန်​ဟာ တိုဘီဆိုတဲ့​ခွေးက​လေးနဲ့ ​ စတင်​ဆုံစည်​းခဲ့ချိန်​မှာ တိုဘီနှစ်​နှစ်​သားအရွယ်​​ပေါ့​လေ။ တိုဘီက ရိုမန်​ရဲ့အိမ်​​ပေါ်တက်​လာပြီး ​ဧည်​့ခန်​း​ကော်​​ဇောအခင်​း​ပေါ် အ​လေးစွန်​့သွားရာကစတင်​ခဲ့တဲ့ ဇာတ်​လမ်​းပါပဲ။
ဆိုး​ပေ​ခွေးက​လေး တိုဘီ့ကို ​ခွေးချစ်​တတ်​ပါတယ်​ဆိုတဲ့ ရိုမန်​ကအ​တော်​​လေးမုန်​းပါတယ်​။ အစပိုင်​းမှာ အ​စေးမကပ်​လို့ ခဏခဏ​မောင်​းထုတ်​ခဲ့​ပေမယ်​့ ရိုမန်​အရည်​​ပျော်​သွားဖို့ ဉာဏ်​​ကောင်​းတဲ့​ခွေး​လေး တိုဘီက အချိန်​သိပ်​မယူလို်​က်​ရပါဘူး။
တိုဘီ ၁၀ နှစ်​သားအရွယ်​အထိ အချစ်​မြတ်​နိုးဆုံးအ​ဖော်​ဖြစ်​ခဲ့တဲ့ ရိုမန်​ရဲ့​ကောင်​မ​လေးက ရိုမန်​့ကို လမ်​းခွဲသွားခဲ့တယခ။ ရိုမန်​တစ်​​ယောက်​တည်​းကျန်​ခဲ့တယ်​။ ဒီအချိန်​ဟာ တိုဘီရဲ့တန်​ဖိုးကို ရိုမန်​ထိထိခိုက်​ခိုက်​ခံစားမိတဲ့အချိန်​ပဲ။
” တိုဘီကသိပ်​လိမ္မာတယ်​။ ​ဟောင်​သာ​ဟောင်​​ပေမယ်​့ဘယ်​သူ့ကိုမှမကိုက်​ခဲ့ဖူးဘူး။ က​လေး​ငယ်​ေ​တွနဲ့ကစားတဲ့အခါ ပိုလို့​တောင်​ကြင်​နာတတ်​​သေးတယ်။ လူ​တွေကိုလည်​းအရမ်​းချစ်​ခင်​တတ်​တဲ့​ကောင်​​ပေါ့ ”
ရိုမန်​့ကို မျက်​စိ​အောက်​က ၁၀ မိနစ်​​လောက်​​ပျောက်​သွားတာန​ဲ့ သူ့အတွက်​ဆယ်​ကမ္ဘာ​လောက်​​ဝေးသွားရလားထင်​ရ​အောင်​ တိုဘီကပြုမူတုံ့ပြန်​တတ်​တယ်​။ ၁၁ နှစ်​လုံးလုံး ရိုမန်​အလုပ်​က ဘယ်​အချိန်ြ​​​ပန်​လာမယ်​ဆိုတာကို အတိအကျသိ​နေသလိုမျိုး ပြတင်​း​ပေါက်​​ဘောင်​​ပေါ် ​မေး​လေးတင်​ပြီး​စောင်​့​မျှော်​​နေတတ်​တဲ့ တိုဘီ…..။
တိုဘီဟာ အသက်​၁၆နှစ်​မှာ ​ကျောက်​ကပ်​ပျက်​စီးမှုနဲ့ ကင်​ဆာရဲ့ဒဏ်​​ကြောင်​့ပဲ အသက်​ဆုံးသွားခဲ့ပါတယ်​။ ဆရာဝန်​​တွေ​မျှော်​မှန်​းတာထက်​ ပိုပြ​ီးအချိန်​အကြာကြီး​နေထိုင်​ရှင်​သန်​သွားခဲ့တယ်​။ သူ့ရဲ့ ​နေဝင်​ချိန်​​နောက်​ဆုံး ၃ရက်​မှာ တိုဘီဟာ မလှုပ်​န်​ိင်​မရှားနို်​င်​​တော့ပါဘူး။
တိုဘီနဲ့ရိုမန်​တို့ရဲ့ ဆက်​ဆံ​ရေးဟာ ခိုင်​မြဲနက်ရှိုင်​း သ​လောက်​လည်​း ပိုပြီးဝမ်​းနည်​း​ကြေကွဲစိတ်​ထိခိုက်​စရာဖြစ်​ခဲ့တာအမှန်​ပါပဲ။ တိုဘီရဲ့ပုံရိပ်​​တွေကိုကြည်​့ရှုကြည်​့ကြပါဦး။
ApannPyay ချစ်ပရိသတ်များ အတွက် မျှ​ဝေ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။
EFIL(ApannPyay)