အမိုက်စား စစ်ကားရိုက်ဖို့အတွက် ခန္ဓာကိုယ်ကြီးအောင် Gym ဆော့နေတယ်ဆိုတဲ့ နေတိုး

225

အကယ်ဒမီ နေတိုးကတော့ ခုလက်ရှိချိန်ထိ အောင်မြင်နေဆဲ သရုပ်ဆောင် မင်းသားတစ်ဦးပါ သူရဲ့ သရုပ်ဆောင်မှုတွေ ပီပီပြင်ပြင်နဲ့သဘာဝကျကျ သရုပ်ဆောင်နိုင်သောကြောင့် ပရိတ်သတ် နှစ်သက်သဘောကျခြင်းခံခဲ့ရတဲ့ အနုပညာရှင်တစ်ဦး ဆိုလည်း မမှားပါဘူး။ နေတိုးကတော့ ယခုနောက်ပိုင်းမှာ သူရိုက်တဲ့ ဇာတ်ကားတော်တော်များများကလည်း ပရိသတ် လက်ခံအားပေးကြပြီး အကယ်ဒမီဆုတွေကိုလည်း ယခုနောက်ပိုင်းနှစ်တွေမှာ အမြဲရရှိနေတာ ဖြစ်ပါတယ်။ နေတိုးကတော့လက်ရှိမှာ နောက်ထပ်ရိုက်မယ့် ဇာတ်ကားတွေအတွက် Gym ကစားပြီး ခန္ဓာကိုယ်ကို ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ထို့နောက်သူ့ရဲ လှုပ်ရှားမှုအကြောင်းတွေ ပြောကြားသွားတာကိုတော့ Apannpyay ချစ်ပရိသတ်ကြီးသိအောင် ဖော်ပြပေးလိုက်ပါတယ်။

ဇာတ်ကားအတွက် ဆိုတော့အခုဘယ်ဇာတ်ကားကို ရိုက်မှာလဲဆိုတာကိုတော့ ” Gym ဆော့တာကတော့ အခုလက်ရှိကျွန်တော်တို့ အချိန်စိမ့်စိမ့်ရတာကတော့ ကိုကြံတို့ ထူးအောင်တို့နဲ့.ရိုက်မယ့် စစ်ကားပေါ့ အဲ့စစ်ကားအတွက်လေ့ကျင့်ဖြစ်နေတာပါ အကုန်လုံးပါမယ်ဆိုတော့ ဒီကားအတွက်လ်ဲဘော်ဒီထွားထွားလေး ဖြစ်နေဖို့လဲလိုအပ်တယ် အဲ့လိုခန္ဓာကိုယ်ထွားထွားကျိုင်းကျိုင်းလေး ဖြစ်နေတာ့ ပိုကောင်းတာပေါ့နော်”

နေတိုးကတော့ Gym ဆော့တာက ကျန်းမာရေးအတွက်လား ရိုက်ကူးရေးအတွက်လား ဆိုတဲ့မေးခွန်းကိုတော့ ” အကုန်ပေါ့ ကျန်းမာရေးအတွက်ရော ရိုက်ကူးရေးအတွက်ရော Gymဆော့တာကတော့ ကျွန်တော်တို့က အချိန်ရရင်ရသလိုဆော့နေတာ ကြာပြီပေါ့ ဒါပေမဲ့လဲ Gymကအလုပ်အရမ်းများတဲ့အခါ ပျက်တာများတယ် အခုကတော့ အချိန်ကနဲနဲလေးယူလိုက်တယ်။

ကားလဲရိုက်စရာလဲရှိတယ် နောက်ြပီးပုံမှန်ကတော့ ကျွန်တော်တို့ ပုံမှန်အသက်၃၀ကျော်သွားပြီဆိုတော့ ခန္ဓာကိုယ်ကို ထိန်းသိမ်းရမဲ့ အနေထားတခုလဲဖြစ်တဲ့အခါကျတော့ ကျန်းမာရေးအရလုပ်ဖြစ်တာပေါ့နော် အဓိကကတော့ ကျွန်တော်ကြီးကြီးမားမားကြီး ပြောင်းလဲမှုဆိုတာထက် ခန္ဓာကိုယ်ထိန်းသိမ်းတဲ့အနေနဲ့ဘဲဆော့ဖြစ်တာပါ”

အမိုက်စားဘော်ဒီနဲ့ မြင်ရမှာပေါ့ဆိုတဲ့ မေးခွန်းကိုတော့”

အမိုက်စားဆိုတာထက် ကျွန်တော်လိုချင်တဲ့ပုံစံကတော့ ကားရိုက်တာတိုင်းကိုသရုပ်ဆောင်လိုရမဲ့ ပုံစံမျိုးဘဲလုပ်ဖြစ်မှာပါ အရမ်းဟဲဗီးကြီးတော့ ကျွန်တော်လုပ်ဖြစ်မှာမဟုတ်ဘူးဗျ”

Gym နဲပက်သက်ပြီးတော့ရောဘာပြောခြင်သေးလဲ”

ထွေထွေထူးထူးတော့မရှိပါဘူး gymဆော့တာက ကျွန်တော်တို့ ကျန်မားရေးအတွက်နဲ့ bodybeauty အတွက်ဆော့သင့်ပါတယ်။လူတိုင်းလဲအချိန်ရရင်ရသလိုဆော့သင့်ပါတယ် ကိုယ်ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်နဲ့လှနေရယုံကြည်မှုပိုရှိတာပေါ့ သရုပ်ဆောင်တွေအနေနဲ့ ပိုပြီးလုပ်သင့်တယ်လို့တော့မြင်ပါတယ်” ဟုပြောကြားသွား ခဲ့ပါတယ်။

ApannPyay