YBS ပေါ်မှာ မင်းမဲ့စရိုက်ဆန်ရုံတင်မကပဲ YBS ကားတံခါးကိုပါ ဖျက်ဆီး သောင်းကျန်းတဲ့ လူငယ်တစ်ဦး

320

မြန်မာနိုင်ငံဟာ ဘက်စုံတိုးတက်ဖို့အတွက် နေရာပေါင်းစုံကနေ စတင်အရှိန်အဟုန်မြင့်စတိုင်းပြည်တစ်ခုပါ။ ဒီလိုတိုင်းပြည်တိုးတက်ဖို့လမ်းစရှာနေကြစဉ်၊ စနစ်သစ်တွေပြုလုပ်နေကြစဉ်မှာ အစိုးရနဲ့ပြည်သူကပါ ၀ိုင်းဝန်းဆောင်ရွက်မှ ပိုမိုမြန်ဆန်သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

အခုဗီဒီယိုထဲမှာတော့ လူငယ်တစ်ယောက်ဟာ ဘတ်စ်ကားစီးရာမှာ ကားမောင်းသူကို ကားရပ်ပေးလို့မရတဲ့နေရာမှာရပ်ခိုင်းခဲ့ပါတယ်။ ကားမောင်းသူက ယာဉ်စည်းကမ်းနဲ့မကိုက်ညီလို့ မရပ်ပေးခဲ့ရာကနေ မင်းမဲ့စရိုက်ဆန်ဆန် အရေးပေါ်အခြေအနေမှသာသုံးတဲ့စိန်တူတဲ့ ကားတံခါးကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးသွားခဲ့တာပါ။

ဒီဖြစ်စဉ်ဟာ ၂၉ရက်နေ့ ၆လပိုင်း ၂၀၁၉မှာ ရန်ကုန်မြို့ YBS 99 ပေါ်မှာဖြစ်သွားခဲ့တာဖြစ်ကြောင်း Omni Focus – YBS လူမှုကွန်ယက်စာမျက်နှာတွင် CCTV မှတ်တမ်းဗွီဒီယိုဖိုင်နှင့်တကွ အောက်ပါအတိုင်း ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။

🔹🔹ခရီးသွားမိဘပြည်သူများ မင်္ဂလာပါခင်ဗျာ

🔹Omni Focus General Services Public Co.,Ltd ၏ ယာဉ်လိုင်းများဖြစ်ကြသောYBS-56,YBS-20,YBS-82,YBS-83,YBS-98, YBS-99,YBS-Airport<->Sule ယာဉ်​လိုင်းများတွင်​ဝန်ဆောင်မှုကောင်းများဖြင့် ခရီးသွားများအဆင်ပြေစေရေး ၂၄နာရီကြိုးစား ဆောင်ရွက်ပေးလျက်ရှိပါသည်…

⚪️၂၉.၆.၂၀၁၉ရက်နေ့ ည ၇နာရီ၁၀မိနစ်​ဝန်းကျင် YBS-99 ယာဉ်​လိုင်း 3P-9561လှိုင်သာယာမှ​တောင်​ဒဂုံအသွား ရှစ်မိုင်တံတားအောက် မီးပွိုင့်တွင်မီးပွိုင့်မိ၍ ယာဉ်ရပ်ထားချိန်တွင် ခရီးသည် အမျိုးသားတစ်ဦးမှ ဆင်းမည်ဖြစ်၍ တံခါးဖွင့်ပေးရန်ပြောပါသည်။

ယာဉ်မောင်းမှ မီးပွိုင့်တွင်ဖြစ်၍ တံခါးဖွင့်ပေးလို့မရကြောင်း ရှေ့မှတ်တိုင်ရောက်မှ ဆင်းပေးပါဟုပြောသည်ကို ခရီးသည်အမျိုးသားက လက်မခံဘဲ ဆင်းမည်ဖြစ်၍ အဆင်းတံခါးကိုဖွင့်ပေးရန်သာပြောပါသည်။

ယာဉ်မောင်းက တံခါးမဖွင့်ပေးသည်ကိုမကျေနပ်၍ ဦးစွာ အဆင်းတံခါး အပေါ်ရှိ လေဘားကိုဖွင့်၍ ဆင်းရန် ကြိုးစားပြီးဖွင့်မရသောကြောင့် အရေးပေါ်အသုံးပြုရန်ယာဉ်တွင်တပ်ထားသည့်စိန်တူကိုယူကာ အဆင်းတံခါး ညာဘက်ခြမ်းကို ပစ်ပေါက်ရိုက်ခွဲပြီးထပ်မံ၍ တံခါးကို ခြေဖြင့် ကန်ကာ ပွင့်အောင်ပြုလုပ်ပြီး ဆင်းသွားပါသည်။

⚪️ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာရိုင်းစိုင်းသော အပြုအမူမျိုးသည် အခြားခရီးသည်များအတွက်များစွာ အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်းနှင့်မိမိတို့အနေဖြင့် သက်ဆိုင်ရာရဲစခန်းတွင် video file နှင့်တကွ အကြောင်းကြားပြီးဖြစ်ပါကြောင်း ခရီးသွားပြည်သူများထံတင်ပြအပ်ပါတယ် ခင်ဗျာ

Yenin Phawah ( AlinnMyay)

Source – Omni Focus – YBS