လူတွေရဲ့ အယူသီးမှုကြောင့် စုန်းမလို့မှားယွင်းစွပ်စွဲခံရပြီး အသတ်ခံလိုက်ရတဲ့ သားအမိနှစ်ယောက်

278

အိန္ဒိယနိုင်ငံ အရှေ့ဘက် နယ်စပ်ဒေသမှာနေထိုင်တဲ့ အမျိုးသမီး ၂ ယောက်ဟာ စုန်းမတွေဖြစ်တယ်လို့မှားယွင်းစွပ်စွဲတာကိုခံရပြီး အသတ်ခံခဲ့ရတယ်လို့ ရဲတွေကပြောပြခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၁၉ခုနှစ် ဇွန်လ ၂၉ရက်နေ့ စနေနေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျူးလွန်တဲ့တရားခံတွေဟာ အမျိုးသား၃ယောက်ဖြစ်ပါတယ်။

အသက် ၅၀အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့သူမရဲ့ သမီးငယ်လေးဟာ အိမ်နီးနားချင်းတွေဆီကနေ စုန်းမတွေဖြစ်တယ်လို့မှားယွင်းစွပ်စွဲခံရပြီး အရိုက်နှက်ခံခဲ့ရပါသေးတယ်။ အဲ့ဒီနောက်မှာမှ အိမ်နီးနားချင်းအမျိုးသား ၃ယောက်ဆီကနေ ဓားနဲ့ဝိုင်းဝန်းထိုးသတ်ခြင်းခံခဲ့ရပြီးသေဆုံးသွားခဲ့ရတာပါ။

ရွာမှာရောဂါဘယတွေနဲ့ သေဆုံးမှုတွေဖြစ်နေတဲ့အပေါ် သေဆုံးသွားတဲ့ သားအမိနှစ်ယောက်က စုန်းအတတ်နဲ့ပြုစားလို့လို့စွပ်စွဲခဲ့ကြပြီး ရွာသူရွာသားတွေကခိုက်တတ်တယ်လို့သတ်မှတ်ထားတဲ့ မြေရဲ့ပိုင်ရှင်တွေက အဲ့ဒီမိသားစုဖြစ်တာကြောင့် အခြေအနေတွေပိုဆိုးသွားခဲ့တာပါ။

၂၀၀၀ ခုနှစ်ကနေ ၂၀၁၂အတွင်းမှာ အိန္ဒိယနိုင်ငံအတွင်း လူပေါင်း၂၀၀၀ကျော်ဟာ စုန်းအတတ်နဲ့ပြုစားတတ်တယ်လို့ စွပ်စွဲခံရဲပြီးသတ်ဖြတ်ခံခဲ့ရပါတယ်။ စွပ်စွဲခံရသူအများစုဟာ အမျိုးသမီးတွေဖြစ်ကြပြီး ဒီလိုအယူသီးမှုတွေပပျောက်သင့်ပြီလို့ ရဲဌာနက အသိပေးပြောကြားခဲ့ပါတယ်။

Yenin Phawah (ApannPyay)

Source: indiatoday