ပီရူးကစားသမားကို အနိုင်ရပြီး သက်ထားသူဇာ ဗိုလ်စွဲသွားပြန်ပြီ

298

ပီရူးကစားသမားကို အနိုင်ရပြီး သက်ထားသူဇာ ဗိုလ်စွဲသွားပြန်ပြီ

Benin International 2019 ကြက်တောင်ပြိုင်ပွဲမှာ မြန်မာ အမျိုးသမီး သက်ထားသူဇာမှ ပြိုင်ဘက် ပီရူးကစားသမားကို ခက်ခက်ခဲခဲ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

မြန်မာ့ဂုဏ်ဆောင် သမီးလေး သက်ထားသူဇာမှ ပြိုင်ဘက်အား 17:21/21:18/21:14 ဖြင့် ခက်ခက်ခဲခဲ အနိုင်ရဗိုလ်စွဲသွားပါပြီ

Congratulations 🏆🏆🏆

ပြသူအားလုံးရဲ့ အချစ်တော် မြန်မာ့ဂုဏ်ဆောင် ကြက်တောင်ရိုက် အားကစား ချန်ပီယံ သက်ထက်သူဇာဟာ အသက် 7 နှစ်အရွယ်ကတည်းက ကြက်တောင်ရိုက်အားကစားနည်းကို လေ့ကျင့်သင်ကြားခဲ့တာဖြစ်ပြီး ကစားသမားဘ၀တစ်လျှောက်မှာ 2008 အီဂျစ်အင်တာနေရှင်နယ်စီးရီးပြိုင်ပွဲ ရွှေတံဆိပ်ဆု၊

နီပေါအင်တာနေရှင်နယ်စီးရီးပြိုင်ပွဲတွင် ဒုတိယဆု၊ အီရန်နိုင်ငံတကာ စိန်ခေါ်ပွဲ မှာ တတိယဆုတွေရရှိခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် 2020 ဂျပန်အိုလံပစ်ပြိုင်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

U zaw zaw

ApannPyay