မက္ကဆီကိုနိုင်ငံမှာရှိတဲ့မြို့တော်တစ်ခုလုံး ရေခဲပြင်ဖြစ်သွားတဲ့ ရေခဲမိုးရွာသွန်းမှုကြီး..

255

မက္ကဆီကိုနိုင်ငံမှာရှိတဲ့မြို့တော်တစ်ခုလုံးကိုရေခဲပြင်ဖြစ်အောင်လုပ်လိုက်တဲ့ မိုးသီးရွာသွန်းမှု

မက္ကဆီကိုနိုင်ငံက မြို့တော်တစ်ခုမှာ မိုးသီးပါဝင်တဲ့မိုးရွာသွန်းမှုဖြစ်ခဲ့ပြိး မြို့တော်တစ်ခုလုံးမှာ ၅ပေအမြင့်ရှိတဲ့ရေခဲပြင်ဖုံးလွှမ်းနေပါတယ်။ လမ်းတွေဟာလုံးဝသွားလာလို့မရအောင်ပိတ်ဆို့သွားခဲ့ပြီဖြစ်ပြီး ဒီဖြစ်ရပ်ဟာ မက္ကဆီကိုနိုင်ငံ Jalisco ပြည်နယ်ရဲ့ မြို့တော် Guadalajara မှာဖြစ်ပွားခဲ့တာပါ။

မြို့ရဲ့အချို့သောအစိတ်အပိုင်းတွေမှာ ၁.၅မီတာအမြင့်ရှိတဲ့အထိရေခဲနဲ့နှင်းတွေဖုံးလွှမ်းနေပြီး

နေရာတော်တော်များများမှာတော့ ၅ပေခန့်အမြင့်ရှိတဲ့ ရေခဲနဲ့နှင်းတွေဟာ ကားလမ်းမပေါ်ကသွားလာလှုပ်ရှားနေတဲ့ကားတွေကိုပါဖုံးလွှမ်းလိုက်ပြီး ကားမောင်းသူတွေဟာ ကားခေါင်မိုးပေါ်မှာ တက်နေခဲ့ရကာ ကယ်ဆယ်ရေးသမားတွေက လူပေါင်းများစွာကိုမြန်မြန်လမ်းမတွေပေါ်ကနေကယ်ဆယ်ခဲ့ရပါတယ်။

ရုတ်တရက်ကြီးရွာသွန်းလာတဲ့ မိုး၊နှင်းနဲ့ မိုးသီးတွေကြောင့် အိမ်ပေါင်းအများစုနဲ့ ရေခဲနဲ့နှင်းတွေထဲနှစ်မြုပ်သွားတဲ့ကားပေါင်းများစွာဟာ ပျက်စီးခဲ့ရပြီး အစိုးရနဲ့ မြို့နေလူထုပူးပေါင်းကာ ကားလမ်းမှတွေကိုအတူတကွရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။

ဒါပေမယ့် လက်ရှိမှာ ဟာရီကိန်းအဆင့်သတ်မှတ်လို့ရတဲ့ မိုးသီးမုန်တိုင်းဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေ၀သပညာရှင်တွေက သတိပေးပြောကြားထားပါတယ်။

Yenin Phawah ( ApannPyay)

Source: news.yahoo