သိန်းတစ်သောင်းခွဲထီဆုကြီးပေါက်သွားတဲ့ ဟင်္သာတမြို့ကအဖွား
၂၀၁၉ခုနှစ် ၅ကြိမ်မြောက်ထီပေါက်စဉ်မှာ သိန်းတစ်သောင်းခွဲထီဆုကိုဆွတ်ခူးသွားတဲ့ သူကတော့ ဟင်္သာတမြို့က အဖွားဒေါ်ခင်တင့်ပဲဖြစ်ပါတယ်။
အခုလက်ရှိအချိန်အထိ ထီပေါက်စဉ်တွေကိုရွေးချယ်နေဆဲဖြစ်ပြီး ရောင်းချပေးခဲ့တဲ့ ထီဆိုင်ကတော့ ကိုစောဝင်းအမေ့မေတ္တာထီဆိုင်ပဲဖြစ်ပါတယ်။
အဘွားဒေါ်ခင်တင့်ပေါက်ခဲ့တဲ့ ထီလက်မှတ်နံပါတ်ကတော့ င ၉၂၈၁၇၇ ဖြစ်ပြီး အဘွားဟာ သိန်းတသောင်းခွဲဆုစတင်ပေးအပ်တဲ့အချိန်ကစလို့ အခုအချိန်ထိ ကံထူးခဲ့တဲ့ ၅ယောက်မြောက်ကံထူးရှင်ပဲဖြစ်ပါတယ်။ အဘွားဟာ ဟင်္သာတမြို့နယ် အေးမြသာယာရပ်ကွက် အလောင်းဘုရားလမ်းသွယ်မှာနေထိုင်ပြီး အဘွားရှေ့မှာ ပေါက်ခဲ့တဲ့ ကံထူးရှင်တွေကတော့
လေးကြိမ်မြောက်ကံထူးရှင်မန္တလေးတိုင်းချမ်းမြေ့သာစည်မြို့နယ်မှ ကိုဝင်းကျော်၊သုံးကြိမ်မြောက်ကံထူးရှင်ပုသိမ်မြို့မှ အမျိုးသားတစ်ဦး၊ ၂နှစ်မြောက်ကံထူးရှင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှအမျိုးသားတစ်ဦးနဲ့ပထမအကြိမ်ကံထူးရှင်အဖြစ် နေပြည်တော်မှာရှိတဲ့ အေးမေတ္တာစံပရဟိတ္တကျောင်းကဆရာတော်တို့ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
အခုပေါက်သွားတဲ့ ၅ ကြိမ်မြောက် ကံထူးရှင် အဖွားရဲ့ ဗွီဒီယိုဖိုင်ကိုကြည့်ပြီး အဖွားပျော်နေတာကို မြင်တော့ ဝမ်းသာလိုက်တာမှ ကိုယ်ပေါက်သလိုပါပဲဗျာ..။
အဖွားတစ်ယောက် လှူချင်တဲ့ နေရာမှာ လှူနိုင်တန်းနိုင်သွားပြီဖြစ်လို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ လှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ApannPyay ချစ်ပရိသတ်ကြီးလည်း မုဒိတာအပြည့်နဲ့ အဖွား သက်တော်ရာကျော်ရှည်ပြီး ဘာသာသာသနာအကျိုးကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ပြုလုပ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းလေး တောင်းပေးကြပါဦးနော်။
Yenin Phawah ( ApannPyay)
သိန်းတစ်သောင်းခွဲ ဆုရှင် ဒေါ်ခင်တင့်ရဲ့ ပျော်ရွှင်နေတဲ့ ဗွီဒီယိုဖိုင်ကြည့်ရန်