၇၉ နှစ်အရွယ် အဖိုးအိုနှင့် ချစ်ကြိုက်ပြီး ကလေးယူချင်တယ်ဆိုတဲ့ ၂၄ နှစ်အရွယ် အမျိုးသမီး

572

ApannPyay ချစ်ပရိတ်သတ်ကြီးတို့နဲ့ရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ ဒါကတော့ အချစ်မှာမျက်စိမရှိဘူးဆိုတာပါပဲ။ အချစ်ဆိုတာ အသက်အရွယ်နဲ့ ရုပ်ရည်တွေနဲ့လည်းမဆိုင်ဘူးဆိုတာပါပဲ။ တစ်ချို့ကတော့ သဘောတူပေမယ့် တစ်ချို့ကတော့ ငြင်းပယ်နေကြတုန်းပါပဲ။ US , Arkansas မှာနေထိုင်တဲ့ စုံတွဲအကြောင်းကိုရော သင်သိပြီးပြီလား။ အမျိုးသမီးကတော့ Alexis Tadlock လို့အမည်ရပြီး အသက်ကတော့ ၂၄ နှစ်လို့သိရပါတယ်။ သူမရဲ့ခင်ပွန်းဖြစ်သူကတော့ ၇၉ နှစ်ရှိပြီဖြစ်ပြီး အမည်မှာတော့ Charles Tadlock ဖြစ်ပါတယ်။ Charles ရဲ့ပထမဇနီးကတော့ Kathy ဖြစ်ပြီးအသက်ကတော့ ၇၇ နှစ်လို့သိရပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူမကတော့ ၂၀၁၇ မှာပဲ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။

Kathy နဲ့ Alexis တို့ကမိတ်ဆွေတွေဖြစ်ခဲ့ကြပါတယ်။ ဒါ့ကြောင့် အရမ်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ် လို့ပြောခဲ့ပါတယ်။ Kathy ဆုံးပါးသွားပြီးနောက် Alexis ဟာအရမ်းဝမ်းနည်းအထီးကျန်နေတဲ့ Charles ရဲ့ဘဝကို သနားတဲ့အနေနဲ့ အချိန်တွေကို Charles ကိုမျှဝေပေးခဲ့ပါတယ်။ အပြင်တူတူသွား၊ အတူတူစားနဲ့ သူတို့ရဲ့ အချစ်တွေကို စတင်သတိထားမိစ ပြုလာခဲ့ပါတယ်။

တစ်နေ့ ဘုရားကျောင်းမှာ တစ်ယောက်တည်း ငိုကြွေးနေတာကို မြင်ခဲ့ရပြီး အရမ်းစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ အနေနီးရာမှစပြီး ချစ်ကြိုးသွယ်ခဲ့ရာ ၂၀၁၈ ခုနှစ်မှာတော့ Charles ဘက်မှစပြီး ချစ်ခွင့်ပန်ခဲ့တယ်လို့ဆိုပါတယ်။ ချစ်ခွင့်ပန်ပြီး ၂ လအကြာမှာတော့ လက်ထပ်ခဲ့ကြပါတယ်။ သူမက သူ့ကို အသက်အရွယ်ချင်းညီမျှတဲ့ သူနဲ့ ဒိတ်လုပ်ဖို့ကူညီပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အချိန်တွေကုန်ဆုံးခဲ့ရာမှ တစ်ယောက်နဲ့တစ်ယောက် မှီခိုရင်း ခံစားချက်တွေရင်ဖွင့်ရင်း အချစ်စစ်ကို သူမအနေနဲ့ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

Charles ကတော့ သူမကို သူမနဲ့သင့်တော်တဲ့သူကိုရှာဖို့ ပြောခဲ့ပေမယ့် သူမဘက်မှလည်း Charles ကိုထားပြီး သက်တူရွယ်တူကို မရှာနိုင်ခဲ့ပါဘူးလို့သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကိုရင်ဖွင့်ပြီး နားလည်မှုယူခဲ့ကြရာ လက်ထပ်ဖို့သေချာဆုံးဖြတ်ခဲ့ကြပါတယ်။ Alexis အနေနဲ့ အများရဲ့ဝေဖန်ချက်တွေကို ဒီလိုပဲတုန့်ပြန်ခဲ့ပါတယ်။ ” ကျွန်မအနေနဲ့ဘယ်သူ့အမြင်မှ ဂရုမစိုက်ပါဘူး ကျွန်မသူ့ရဲ့ပါးလေးကိုနမ်းမယ် သူ့ပုခုံးပေါ်မှာလဲနေမယ် ဘယ်သူမှ ဘေးနားမှာ မရှိသလိုမျိုးပေါ့ အချို့တွေကတော့ ကျွန်မကိုသူပစ်သွားနိုင်တယ်ပေါ့ ပြောရရင် သူကြာကြာမနေနိုင်တော့ဘူးပေါ့။ တကယ်တော့ ဒီလိုသူနဲ့အချိန်တွေဖြုန်းရတာ အရမ်းပျော်ရွှင်ရတယ်။ သူကကျွန်မအတွက်တော့ အကောင်းဆုံးခင်ပွန်းကောင်းပါဘဲ။ မှန်ပါတယ် သူက ကျွန်မဘဝထဲက အရင်ထွက်သွားမယ်ဆိုတာ ဒါကြောင့် သူနဲ့ရတဲ့ရင်သွေးလေးကို ရဖို့ကြိုးစားနေပါတယ်။ သူမရှိတော့ရင်တောင် ကျွန်မဘဝအတွက် သူ့ရဲ့ကိုယ်ပွားလေးကို ပြုစုသွားချင်ပါတယ် ” လို့ဆိုပါတယ်။

Charles ဟာနောက် သြဂုတ်လမှာ အသက် ၈၀ ပြည့်မှာဖြစ်ပြီး အများကတော့ သူ့အနေနဲ့ Alexis ကို ကလေးတစ်ယောက်ရအောင် မစွမ်းဆောင်နိုင်လောက်တော့ဘူးလို့မှတ်ချက်ပေးနေကြပါတယ်။ Aexis ကတော့ သူတို့နှစ်ဦးဟာစစ်ဆေးမှုများလည်းလုပ်ပြီးသွားတာကြောင့် ကလေးရဖို့ကြိုးစားနေကြတယ်လို့ဆိုပါတယ်။ သူမအနေနဲ့ကလေးကို အဖေမရှိတဲ့သူအနေနဲ့ ကျွေးမွေးရမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် တစ်ကိုယ်ကောင်းဆန်သလိုဖြစ်သွားမယ်ဆိုတာလည်းသိတယ် လို့ဆိုပါတယ်။

ApannPyay ပရိတ်သတ်ကြီးအနေနဲ့ရော အသက်က လက်ထပ်ထိမ်းမြားတဲ့အခါ အရေးပါတယ်လို့ထင်ပါသလား? အချစ်တစ်ခုမှာ အသက်ကအရေးကြီးတယ်လို့ထင်ပါသလား? သူမကတော့ ” မင်းအသက်ဘယ်လောက်လည်းဆိုတာ အရေးမကြီးပါဘူး။ လူတိုင်းက အချစ်နဲ့ထိုက်တန်သလို အချစ်တွေဆိုတာလည်း ကိုယ့်ဘေးနားမှာအမြဲရှိနေမှာပါ ” လို့ဆိုခဲ့ပါသေးတယ်။

San Htet Wai ( ApannPyay )

Source – Ladbible