ပျင်းတတ်​တဲ့အကျင့်​ လူအတွက်​ ဘာ​ကြောင့်​ အကျိုးရှိရလဲ?

227

ပျင်းတတ်​တဲ့အကျင့်​က လူအတွက်​ ​အကျိုးရှိတယ်

ပျင်းတတ်​တဲ့အကျင့်​ လူအတွက်​ ဘာ​ကြောင့်​ အကျိုးရှိရလဲ?

တစ်​​နေကုန်​တစ်​​နေခန်း ဘာမှ မယ်​မယ်​ရရ မလုပ်​ဘဲ​နေဖူးကြလားဗျ။ ဘာမှမလုပ်​ချင်​တဲ့ တနင်္ဂ​နွေ ဒါမှမဟုတ်​ အနားယူရတဲ့တစ်​ရက်​ရက်​မှာ အိပ်​ရာထဲသာပစ်​လှဲပြီး​နေလိုက်​ချင်​တာမျိုး၊ ဒီ​နေ့တစ်​​နေကုန်​​တော့ ဖုန်းကိုမကိုင်​ဘူးဆိုတာမျိုး၊ မျက်​နှာကျက်​က ပန်​ကာကို အ​ကြောင်းမဲ့ တစိမ့်​စိမ့်​​ငေးကြည့်​​နေတာမျိုး၊ ဘယ်​မှာမသွား ဘာမှမလုပ်​ဘဲ ဆံပင်​​လေး​တောင်​မဖြီးတာမျိုးက သိပ်​အရသာရှိတဲ့ဇိမ်​ပဲဆိုတာ ပျင်းတတ်​တဲ့သူ​တွေသိကြပါလိမ့်​မယ်​။

ဒီ​နောက်​ကွယ်​မှာ​တော့ ဒီလို​နေဖြစ်​တဲ့အချိန်​​တွေဟာ လူတစ်​​ယောက်​ အတွက်​ ဘယ်​​လောက်​​တောင်​အကျိုးရှိလဲဆိုတာ ​ပြော​ပြေ​ပေးချင်​ပါတယ်​​။

လူတစ်​​ယောက်​ဟာ တစ်​ခုခုကိုအာရုံမစိုက်​ဘဲ ​ဝေ​လေ​​လေ​နေတဲ့အချိန်​မှာ အ​တွေးရဲ့ ၄၈ ရာခိုင်​နှုန်း ဟာ အနာဂတ်​ကို​ရောက်​သွားတတ်​ပြီး အ​တွေးရဲ့ ၂၈ ရာနှုန်းမှာ​တော့ လက်​ရှိအချိန်​ ပစ္စုပ္ပန်​ကို ​တွေးမိ​နေပြီး အတိတ်​ကို​တော့ ၁၂ ရာနှုန်းစာသာ ​တွေးဖြစ်​ပါတယ်​။

ဒီလို ​ဝေ​လေ​လေ ဖြစ်​တဲ့အချိန်​ ​ပျံ့လွင့်​​နေပြီး ​ခြေဦးတည့်​ရာ​လျှောက်​သွား​နေတဲ့ စိတ်​နဲ့အ​တွေးခံစားမှု​တွေဟာ ငြိမ်းချမ်းမှုကို​ပေးသလို လူအတွက်​ အခုလို အဓိကအရာ ၃ ခု ကို အကျိုးပြုပါတယ်​။

၁။ငြိမ်းချမ်း​စေတယ်​​။ အာရုံမများပဲ ငြိမ်​သက်​​နေတဲ့အခါ ဖန်​တီးမှုတစ်​ခုခုလုပ်​ဖြစ်​လိုက်​မယ်​ဆိုရင်​ ​အေး​အေး​ဆေး​ဆေးပဲ ပိုပြီးခရီးတွင်​​စေတယ်​။ အနုပညာတစ်​ခုခုကိုဖန်​တီး​နေသူ​တွေနဲ့ အသင့်​​တော်​ဆုံးပါ။

၂။မလှုပ်​မယှက်​နဲ့ မ​ရွေ့မလျား ဖြစ်​​နေတဲ့အချိန်​မှာ စိတ်​ဟာ​နေရာ​ပေါင်းစုံကို ကူးခတ်​သွားလာ​နေပါတယ်​။ ဒီလိုအချိန်​ပိုင်း​တွေမှာ ​ရှေ့အနာဂတ်​အ​ကြောင်းကို ပုံမှန်​ထက်​ ၁၄ ဆ ပို​တွေးဖြစ်​​စေပါတယ်​။ ဘဝရဲ့​ရေရှည်​ဖြစ်​လိုတဲ့ စိတ်​ကူးအကြံဥာဏ်​​တွေကို ရုပ်​လုံး​ဖော်​ဖို့ ဘာလုပ်​သင့်​လဲဆိုတဲ့ အ​ဖြေကိုရ​စေပါတယ်​။

၃။တစ်​ခုခုကို အာရုံစိုက်​ပြီးလုပ်​​နေတဲ့အချိန်​ထက်​ ဘာမှလုပ်​မ​နေတဲ့အချိန်​မှာ ဆန်းပြားတဲ့သိမြင်​မှု၊ ဆန်းပြားတဲ့အ​တွေးအ​ခေါ်​တွေ ဟိုတစ်​ကွက်​ဒီတစ်​ကွက်​ ​ပေါ်လာ​စေပါတယ်​။ စိတ်​ကူးဥာဏ်​ကွန့်​မြူးမှုဟာ သိသိသာသာကို အ​ရောင်​ထွက်​လာပါလိမ့်​မယ်​။

ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

EFIL