သွားတိုက်တံကိုမျိုချခဲ့ပေမယ့် အစာကြေသွားမယ်ထင်ပြီး ၉လကြာဆေးရုံမပြပဲနေခဲ့တဲ့အဘွားအို

152

အဘွားအိုတစ်ယောက်ဟာ ၁၄စင်တီမီတာအရှည်ရှိတဲ့ သွားတိုက်တံကို လည်ပင်းမှာကပ်နေတဲ့အစာကိုဖယ်ထုတ်ဖို့အသုံးပြုရင်းနဲ့ မတော်တဆမျိုချမိခဲ့ပါတယ်။ သူဟာထမင်းစားရင်းနဲ့ ထမင်းနင်ရာကနေ ထမင်းစေ့တွေကိုဖယ်ရှားဖို့အတွက် သွားတိုက်တံကိုအသုံးပြုခဲ့တာပါ။ ဒါပေမယ့် အခန့်မသင့်ပဲ သွားတိုက်တံခေါင်းဟာကျိုးသွားခဲ့ပြီး ကျန်နေတဲ့သွားတိုက်တံလက်ကိုင်တစ်ခုလုံးကို အဖွားအိုဟာမျိုချမိခဲ့ပါတယ်။

မျိုချမိခဲ့ပြီးနောက်ပိုင်းမှာအဘွားအိုဟာ ဆေးရုံကိုလည်းမသွားခဲ့ပဲ ဒီအတိုင်းအစားအစာတွေလိုပဲအစာကြေသွားမှာပဲလို့တွေးခဲ့တာပါ။ ၉လကြာပြီးနောက်ပိုင်းမှာမှ အဘွားအိုဟာ အစာအိမ်နာတဲ့ဝေဒနာကိုအပြင်းအထန်ခံစားရလာတဲ့အတွက် ဆေးဝါးကုသမှုခံယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဆရာဝန်တွေကတော့ လူနာဟာ အခုအခြေအနေပြန်လည်ကောင်းလာပြီဖြစ်ပြီး သွားတိုက်တံလက်ကိုင်ကိုလည်း အောင်မြင်စွာနဲ့ဖယ်ရှားလိုက်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ ဖြစ်ဖြစ်ချင်းမှာ လာပြခဲ့ရင် အဘွားအိုဟာ အစာအိမ်ယောင်ယမ်းနာကျင်တဲ့ဝေဒနာကိုခံစားရမှာတောင်မဟုတ်ဘူးလို့လဲဆရာဝန်တွေကမှတ်ချက်ချခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာတရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ရှန်လို့အမည်ရတဲ့ အသက် ၈၈နှစ်အရွယ်အဘွားအိုဟာတရုတ်နိုင်ငံအရှေ့ပိုင်းစီယန်တိုင်းရင်းဆေးရုံမှာဆေးကုသမှုခံယူခဲ့တဲ့ဖြစ်စဉ်ကလေးပဲဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်းမှာအဘွားအိုဟာ သူသွားတိုက်တံကိုမျိုချလိုက်ပေမယ့် အိမ်သာတက်ရင် ပြန်ပြီးအဆင်ပြေသွားမှာပဲလို့ ပေါက်ပေါက်ရှာရှာတွေးပြီး ဆရာဝန်ဆီမသွားခဲ့ပါဘူးတဲ့။

Yenin Phawah ( ApannPyay)

Source:scmp