အတူတူနေပြီးအတူတူသေကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အိမ်လေးတစ်အိမ်စုပေါင်းဆောက်ပြီး အတူတူနေကြတဲ့သူငယ်ချင်း၇ယောက်

235

သူငယ်ချင်းတွေနဲ့အတူတူနေချင်တယ်ဆိုတဲ့စိတ်ဟာ သူငယ်ချင်းတွေကိုအရမ်းချစ်တတ်တဲ့သူတိုင်းမှာရှိတတ်တဲ့ဆန္ဒတစ်ခုပါ။ ဒီဆန္ဒတွေကိုလက်တွေ့အကောင်အထည်ဖော်လိုက်တာကတော့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ မိန်းမပျိုလေး ၇ယောက်ပါ။ သူတို့ဟာ အလုပ်လုပ်တွေလုပ်ပြီး အသက်တွေကြီးလာလို့ပင်စင်ယူတဲ့အခါ သူငယ်ချင်းတွေအတူတူနေလို့ရအောင်ဆိုပြီး အိမ်လေးတစ်အိမ်ကို ရှုခင်းလှတဲ့မြို့ပေါ်နဲ့အနည်းငယ်လှမ်းတဲ့နေရာမှာ ဆောက်လုပ်ခဲ့ပါတယ်။

သူတို့ ၇ယောက်ဟာ သူငယ်ချင်းဖြစ်လာတာ နှစ်ပေါင်း ၂၀ကျော်ပြီဖြစ်ပြီး ဒီလိုအတူနေထိုင်ဖို့တွေးမိခဲ့ကြပါတယ်။ သူတို့ထဲကတစ်ယောက်ဟာ မြို့ပြနဲ့ ၇၀ကီလိုမီတာလောက်ဝေးတဲ့နေရာမှာ ရှုခင်းလှလှနဲ့ အိမ်ဟောင်းတစ်လုံးကိုရှာတွေ့ခဲ့ပြီး သူငယ်ချင်းတွေတိုင်ပင်ကာ အိမ်အဟောင်းကိုပြန်ပြီးသစ်လွင်အောင် နေချင်စဖွယ်ကောင်းအောင် ပြန်ပြီး ပြင်ဆင်ခဲ့ကြပါတယ်။

ပြင်ဆင်ပြီးတဲ့နောက်မှာတော့ သူတို့ဆောက်လုပ်လိုက်တဲ့အိမ်ကလေးဟာ ဖန်ပြတင်းတွေနဲ့ လှပတဲ့ကွင်းပြင်တွေနဲ့တောင်တန်းတွေအလယ်မှာပုံပြင်ဆန်ဆန်တည်ရှိနေတဲ့ သုံးထပ်အိမ်ကလေးဖြစ်လာခဲ့ပါတယ်။ အောက်ဆုံးအထပ်ဟာအားလုံးအတူတူနေနိုင်မယ့် ဧည့်ခန်းသဘောမျိုးတည်ဆောက်ထားတာဖြစ်ပြီး အပေါ်၂ထပ်မှာတော့အခန်းတွေခွဲထားကြောင်း သိရပါတယ်။ ဒီအိမ်လေးကိုတည်ဆောက်တာ အမေရိကန်ဒေါ်လာ ၅၈၀၀၀၀နီးပါးကုန်ကျခဲ့တယ်လို့လဲသိရပါတယ်။

ApannPyay ပရိတ်သတ်ကြီးထဲမှာကော သူငယ်ချင်းတွေစုပြီးနေချင်တဲ့သူတွေရှိပါသလား?

Yenin Phawah (ApannPyay)

Source:youtube