ကမ္ဘာကျော် မီဒီယာတခုမှာ ဖော်ပြခြင်းခံရလို့ အရမ်းဂုဏ်ယူတယ်ဆိုတဲ့ နန်းမွေစံ

437

Sexy ကျကျဆွဲဆောင်မှုရှိတဲ့ ဒေါက်တာမလေး နန်းမွေစံကိုတော့ မသိတဲ့သူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ နန်းမွေစံကတော့ အရမ်းကိုဆက်ဆီကျတဲ့ ပုံလေးတွေနဲ့ သူ့ရဲ့ ပရိသတ်တွေကို အမြဲဖျော်ဖြေမှုပေးနေတာကြောင့် ပြီးခဲ့တဲ့ လတုန်းကတော့ ဆမ အသိမ်းခံလိုက်ရပြီး ဒီသတင်းကတော့ ကမ္ဘာအနှံ့ကိုတောင် ပျံ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နန်းမွေစံကတော့ ကမ္ဘာကျော်မီဒီယာတွေမှာ သူ့သတင်းလေးတွေ ပါလာတာကို Share ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နန်းမွေစံကတော့ ဖြေရှင်းလာခဲ့ပါတယ်။ ဒီကိစ္စလေးကိုတော့ Apannpyay ချစ်ပရိသတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။

နန်းမွေစံကတော့ Share ထားတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး “အစ်မ Share ထားတယ်ဆိုတာ အမ ကျေနပ်လို့ Share ထားတာလေ။ ဘာလို့လဲဆိုတော့ အမ International Media ထဲမှာ အမပါခွင့်ရလို့ Share ထားတာပါ။ အမက Comment ဆိုးဆိုးရွားရွာဆိုကိုယ်ကတော့ Ban ပြီးတော့ Block လိုက်တယ်။ တချို့ဟာတွေလောက်ပဲ ထားထားတယ်။

သူတို့လည်း မန့်ချင်ရာမန့်လေ။ အမ စိတ်ထဲမထားဘူး။ ကိုယ်လက်မခံရင် ပြီးတာပဲ။ အရမ်းကို ဂုဏ်ယူလို့ Share လိုက်တယ်။ အဲ့ဒါကို မကျေနပ်ရင်လည်း မတတ်နိုင်ဘူး။ တကမ္ဘာလုံးက စိတ်ဝင်စားလို့လည်း ပါသွားတာပေါ့။ New York Time ဆိုတာက တကမ္ဘာလုံးသိတယ်လေ။ ပြီးတော့ အာရှတခွင်ပေါ့။ အကုန်လုံးရဲ့ နိုင်ငံတွေမှာလည်း အမရဲ့ ဓါတ်ပုံတွေ အမအကြောင်းတွေ ထည့်ထားတာ ကျေနပ်တယ်”

အမရဲ့ သတင်းတွေက မလေးရှားတွေ အင်ဒိုနီးရှားမှာတွေ တော်တော်လေးကို ပျံ့နှံ့နေတာ ပြီးတော့ NewYork Time မှာပါတယ်ဆိုတာ မြန်မာဆယ်လီတွေထဲမှာ ဘယ်သူတွေပါလည်း ဘယ်သူမှမပါဘူးလေ။

အစ်မတယောက်ထဲပါတာလေ။ မကောင်းသတင်းနဲ့ပါတာလို့ ပြောကြပေမယ့်လည်း ဘာပဲဖြစ်ဖြစ်လေ။ မကောင်းသတင်းလို့ ပြောရအောင်လည်း အမက မဟုတ်တာလုပ်နေတာ မဟုတ်ဘူးလေ။ အမက ခံရတဲ့သူလေ။ ဒါကြောင့်နိုင်ငံတကာက အမကို ထောက်ခံကြတာ။

တကမ္ဘာလုံးက အမဖက်မှာရှိတယ်။ မြန်မာနိုင်ငံကလူတွေလည်း အမဖက်မှာ ရှိကြပါတယ်။ ဒါပေမယ့်လည်း Hater တချို့ကတော့ အမကို တိုက်ခိုက်နေတာပေါ့။ သူတို့ကိုလည်း စိတ်ထဲမထားပါဘူး။ ခွင့်လွှတ်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

ApannPyay