ဖေ့ဘုတ်ပေါ်မှာ ပုံတွေ မတင်ရတဲ့ အကြောင်းအရင်းကို ပြောလာတဲ့ မြင့်မြတ်

265

ပရိသတ်အချစ်ကို အပြည့်အဝသိမ်းပိုက်ထားတဲ့ မင်းသား မြင့်မြတ်ကတော့ လက်ရှိမှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသလို အရမ်းချစ်စရာကောင်းတဲ့ ဇနီးလေးနဲ့ သားလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ ရုပ်ရှင်ကားတွေအဆက်မပြတ် ရိုက်ရတာကြောင့် ခရီးတွေကို အမြဲလိုလို ထွက်နေရတာ ဖြစ်ပါတယ်။ သူခရီးတွေထွက်ပြီး ဇာတ်ကားရိုက်ရရင် သားလေးကို အရမ်းလွမ်းတဲ့အကြောင်းနဲ့ ဖေ့ဘုတ်မသုံးဖြစ်တဲ့ အကြောင်းကို ပြောပြသွား ခဲ့ပါတယ်။

မြင့်မြတ်ကတော့ သားလေးနဲ့ပတ်သက်ပြီး “သားလေးက သူလုပ်ချင်တာမလုပ်ရရင် အရမ်းဆိုးတယ်။ ယောကျာ်းလေးဆိုတော့လည်း အဲ့လောက်တော့ ရှိတာပေါ့လေ။ လျှောက်ဆွဲတက်တဲ့အရွယ်ဆိုတော့ သူဆွဲချင်တာ မရရင် ဂျီကျရော။ စကားတော့ မပြောတက်သေးဘူး သားလေးက။ အခုမှ ၁၁လထဲမှာဆိုတော့လေ။ သူလုပ်သမျှအကုန်လုံးက ချစ်စရာကောင်းနေတာပါပဲ။

ကားရိုက်ရှိလို့ သားလေးနဲ့ ခွဲရတဲ့ရက်တွေဆိုတော်တော်လေးခံရခက်တယ်။ ရေခဲတောင်မှာသွားရိုက်တဲ့ကား၊ နောက်ပြီး ပဲခူးရိုးမဘက်သွားရိုက်တုန်းက ၁၀ ရက် ၁၅ရက်လောက်ခွဲရတယ်လေ။ အရမ်းသတိရတယ် အဲ့လိုအချိန်တွေမှာ။ ကျွန်တော်က Facebook မသုံးတော့ နဲနဲတော့ခက်တယ်။ မိန်းမကတော့ ပုံလေးတွေပို့ပေးပါတယ်။ အဓိကက သားလေးပုံမတင်ဖြစ်တာက ကျွန်တော်ရော ကျွန်တော့မိန်းမရော Facebook မသုံးတော့ မတင်ဖြစ်တာပါ။ ကျွန်တော့တပည့်ပုပါးဆီကနေ သူ့အကောင့်နဲ့တော့တင်ဖြစ်ပါတယ်”

“သားလေးရဲ့အနာဂတ် အတွက် ဘာဖြစ်ရမယ်ဆိုတဲ့ ပုံစံလုံးဝမသွင်းဘူး။ သူဖြစ်တာကိုဘေးကနေ ပံ့ပိုးပေးဖို့ပဲ ရှိနေမှာပါ။ ကိုယ့်စိတ်နဲ့ထပ်တူကျမှဆိုတာ ကိုယ့်အတ္တတွေအများကြီးပါသွားပြီး။ အဓိကက ကလေးရဲ့စိတ်မှာ သူဖြစ်ချင်တာကို ဖြစ်အောင် ဖန်တီပေးမယ်။

ကားရိုက်တွေနဲ့ပတ်သတ်ပြီးတော့လည်း ၃၀ရက်လောက်နေ့ဆိုရင် မာဖီယား စီးရီးရိုက်ဖို့ရှိတယ်။ ကားရိုက်တာတော့ ဟာသ၊ အက်ရှင်၊ Drama မျှအောက်ရိုက်ပါတယ်။ ဒါပေမယ့်ရုံတင်တဲ့အချိန်မှာ ထပ်ထပ်သွားတာလေးတွေတော့ရှိတယ်။ နောက်ဆုံးမှာ အားပေးကြတဲ့ပရိသတ်ကြီးကို အများကြီးကျေးဇူးတင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း မင်းသားမြင့်မြတ်ကို အားပေးတဲ့သူတွေ ပါမယ်လို့ ထင်ပါတယ်။

ApannPyay