မ​သေခင်​​ ​ထောင်​ကျဖူးချင်​တဲ့ အဖွားအို

133

တကယ့်​ကို ရယ်​ရခက်​ငိုရခက်​ဖြစ်​ရပ်​ပါ။ အသက်​ ၉၃ နှစ်​အရွယ်​ အဖွားအို ရိုစီဘတ်​ဟာ မ​သေခင်​မှာကြုံ​တွေ့ဖူးသွားချင်​တဲ့ ဆန္ဒတစ်​ခု​ ​တောင့်​​တောင့်​တတရှိ​နေတာက​တော့ ​ထောင်​ကျဖူးသွားချင်​တဲ့ အ​တွေ့အကြုံကို ခံစားဖူးချင်​တာဖြစ်​ပါတယ်​။

ယူ​ကေနို​င်​ငံ ရဲ့ ရဲတပ်​ဖွဲ့ဖြစ်​တဲ့ Great Manchester Police ဟာ ဒီသတင်းကို အံ့အားသင့်​ဖွယ်​ရာ ကြားသိခဲ့ရပြီး အဖွားအိုရဲ့မ​သေခင်​​နောက်​ဆုံးဆန္ဒအဖြစ်​ ဖြည့်​ဆည်းလိုက်​​လျော​ပေးဖို့ အဖွားအိုရဲ့​မြေးဖြစ်​သူကို မတတ်​သာဘဲ သ​ဘောတူခဲ့ရပါတယ်​။

အဖွားအို ဟာ သူ့ဘဝတစ်​သက်​လုံးမှာ ဘယ်​လိုမ​ကောင်းမှုမျိုး၊ ရာဇဝတ်​မှုမျိုးကိုမှကျူးလွန်​ခဲ့ဖူးခြင်းမရှိဘဲ ဥပ​ဒေနဲ့အညီ​နေထိုင်​ခဲ့သူ တစ်​​ယောက်​ပါ။ အဖွားအို​ ​ပျော်​ရွှင်​​စေဖို့အတွက်​ ရဲတပ်​ဖွဲ့ဟာ သူ့ကို လာ​ရောက်​ လက်​ထိတ်​ခတ်​ ဖမ်းဆီးပြီး ရဲစခန်းကို​ခေါ်သွား​ပေးခဲ့ရပါတယ်​။

အဖွားအိုရဲ့ ​မြေးဖြစ်​သူ ပမ်​စမစ်​ဟာလည်း ရဲတပ်​ဖွဲ့ရဲ့ကူညီမှုအတွက်​ လှိုက်​လှိုက်​လှဲလှဲ​ကျေးဇူးတင်​ခဲ့သလို အဖွားရဲ့အဖြစ်​ချင်းဆုံးဆန္ဒ ဟာ ပြည့်​​မြောက်​သွားခဲ့လို့ အဖွားအို ကိုယ်​တိုင်​လည်း ဝမ်း​မြောက်​ဝမ်းသာ ဖြစ်​​နေခဲ့တာပါ။

အဖွားကို ရဲစခန်းမှာ တစ်​ရက်​ဖမ်းချုပ်​ထား​ပေးခဲ့ရတာပဲ ဖြစ်​ပါတယ်​။ ဥပ​ဒေကိုချိုး​ဖောက်​တဲ့သူ​တွေ ဘယ်​လိုခံစားမှုကိုရရှိ​တွေ့ကြုံရသလဲဆိုတာ အဖွားကသိမြင်​ခဲ့ရုံသာ ဖြစ်​ပါတယ်​။ အဖွား​ပျော်​ရွှင်​ခဲ့တာ​တော့ အ​သေအချာပါ။

ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

EFIL(ApannPyay)