အမြန်လမ်းမပေါ်မှာ ပိုက်ဆံကြဲချတဲ့ ကားတစ်စီးကြောင့် အန္တရာယ်နဲ့ လက်တစ်ကမ်းလေးပဲလိုတော့တယ်

458

စေတနာပါတဲ့ ကောင်းမှုကုသိုလ်ဖြစ်ပေမယ့် အန္တရာယ်များလို့ သတိနဲ့ ဆင်ချင်စေချင်ပါသည်။ အမြန်​လမ်း​မှာ လမ်းမ​ပေါ် ပိုက်ဆံကြဲချခဲ့တဲ့ ကားတစ်​စီးရဲ့ လုပ်ရပ်လေးကြောင့် အန္တရာယ်နဲ့ လက်တစ်ကမ်းအလိုမှာ ကြုံခဲ့ရတဲ့ နောက်ကားပိုင်ရှင်တစ်ဦးမှ အတွေ့အကြုံလေးကို လူမှုကွန်ယက်မှာ တင်ပြထားတာလေးကို ApannPyay ပရိသတ်ကြီးနဲ့ အများပြည်သူများ သတိထားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်​လ ၃၀ ရက်​​နေ့က အန္တရာယ်​များလှတဲ့ အမြန်​လမ်း​ပေါ်မှာ ကားတစ်​စီးဟာ မိုင်​တိုင်​အမှတ်​ ၂၃၀ က လမ်းပြင်​လုပ်​သား​တွေအတွက်​ ကား​ပေါ်က​နေ ပိုက်​ဆံကြဲချခဲ့တဲ့ မဆင်​မခြင်​ဖြစ်စဉ်​တစ်​ခု ဖြစ်​ပွားခဲ့ပါတယ်​။

ဒီလုပ်​ရပ်​​ကြောင့်​ ကားလမ်း​ပေါ်တက်​လို့ အုပ်​လိုက်​ ပိုက်​ဆံဝင်​လုကြတဲ့ လုပ်​သား​တွေဟာ ​နောက်​ကားပါလာတာကို သတိဂရုမပြုမိကြ​တော့ဘဲ ပိုက်​ဆံကြဲချခဲ့တဲ့ ကား​ရဲ့ ​နောက်​က​နေ ​မောင်းနှင်​လာတဲ့ကားဟာ အလျင်​အမြန်​ ဘရိတ်​အုတ်​ခဲ့ရတာပါ။

လမ်းပြင်​လုပ်​သား​တွေနဲ့ အ​နောက်​က​မောင်းလာတဲ့ကားဟာ အန္တရာယ်​တစ်​စုံတစ်​ရာမကြုံခဲ့ရ​ပေမဲ့ ဒါဟာ အခ်ျိန်​မ​ရွေး ဒုက္ခ​ရောက်​သွားနိုင်​တဲ့အ​ခြေအ​နေတစ်​ခုဖြစ်​ပါတယ်​။ အထူးသဖြင့်​ အမြန်​လမ်းလို​နေရာမျိုးမှာ ​ရှေ့မကြည့်​နောက်​မကြည့်​ အဆင်​အခြင်​မဲ့လုပ်​ရပ်​ဟာ ရှက်​ဖွယ်​ရာအတိဖြစ်​ပါတယ်​။

နောက်​တစ်​ချက်​က ဝုန်းခနဲ ဘရိတ်​အုတ်​ချပစ်​လိုက်​ရတဲ့ကားမှာ ​နောက်​ကားမပါလာခြင်း​ဟာ အင်​မတန်​ ကံ​ကောင်းသွား​စေတဲ့ ​အချက်​ဖြစ်​ပါတယ်​။ မ​တွေးဝံ့စရာ အသက်​အိုးအိမ်​စည်းစိမ်​ ပျက်​စီးဆုံးရှုံးရမယ့်​ အဖြစ်​ဟာ စဉ်းစားဆင်​ခြင်​ဥာဏ်​မဲ့တဲ့ လုပ်​ရပ်​နဲ့ လက်​တစ်​ကမ်းအလိုမှာသာ ရှိ​​နေခဲ့တာဖြစ်​​ကြောင်း၊ ​စေတနာလုပ်​ရပ်​ဖြစ်​ခဲ့ရင်​​တောင်​ သတိနဲ့​နေထိုင်​ဆင်​ခြင်​သွားလာဖို့လိုအပ်​​ကြောင်း တင်​ပြအသိ​ပေးလိုပါတယ်​။

ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

Source – Klt Angel

EFIL(ApannPyay)