ဂူးဂဲ​မြေပုံကို ယုံစားမိလို့ ရွှံ့​တောထဲပိတ်​မိသွားခဲ့တဲ့ ကားအစီး ၁၀၀

437

ဂူးဂဲ​မြေပုံကို ယုံစားမိလို့ ရွှံ့​တောထဲပိတ်​မိသွားခဲ့တဲ့ ကားအစီး ၁၀၀

ကိုလိုရားဒိုးပြည်​နယ်​က ဒန်​ဗာ​အပြည်ပြည်ဆိုင်ရာေ​​​လဆိပ်​ကိုသွားတဲ့ Peña Boulevard အမြန်​လမ်းမကြီး​ပေါ်မှာ ယာဉ်​တိုက်​မှုတစ်​ခုဖြစ်​ပွားခဲ့ရာက​နေတစ်​ဆင့်​ ကားလမ်း​ကြောမှာ လမ်းပိတ်​ဆို့မှုဖြစ်​​ပေါ်ခဲ့ပါတယ်​။

ဒီအ​ခြေအ​နေမှာ Google Map ဂူးဂဲ​မြေပုံစနစ်​​ကိုအသုံးပြုလို့ လမ်းလွှဲကိုရှာ​ဖွေခဲ့ကြရာမှာ​တော့ ​မြေပုံ​ပေါ်မှာညွှန်းပြတဲ့ ဖြတ်​လမ်းကို ကား​မောင်းသူ​တွေဟာ ယုံစားလို့ ​မြေပုံညွှန်းအတိုင်း ကား​တွေ အစီးလိုက်​ အစီးလိုက်​ တစ်​​သွေမတိမ်း​မောင်းသွားခဲ့ကြတာပါ။

တကယ်​တမ်းမှာ​တော့ အဲ့ဒီဖြတ်​လမ်းဟာ ရွှံ့ညွှန်​ထူထပ်​လှတဲ့လမ်းဆိုးတစ်​ခုဖြစ်​​နေပြီး လမ်းတစ်​​လျှောက်​မှာလဲ ကား​တွေဟာဘယ်​ညာယိမ်းထိုး​နေရတာပါ။ တဖြည်းဖြည်း နဲ့ ​ရှေ့မဆက်​နိုင်​​တော့တဲ့ ကား​တွေဟာ ရွံ့ညွှန်​ထဲမှာသာရပ်​ကျန်​​နေခဲ့ကြရပြီး ကားအစီးတစ်​ရာဟာ ကွက်​လပ်​လယ်​ကွင်းပြင်​ကြီးထဲသာ ​ရောက်​ရှိလို့အဆုံးသတ်​သွားခဲ့ရပါတယ်​​။

” ကျွန်​မက ​လေဆိပ်​မှာ အမျိုးသားကိုသွားကြိုမလို့​လေ။ ဂူးဂဲ​မြေပုံကိုစစ်​ကြည့်​လိုက်​​တော့ မိနစ်​၂၀ ​လောက်​နဲ့ ​ရောက်​မယ်​ဆိုတဲ့လမ်းလွှဲတစ်​ခုကို လာပြပါတယ်​။ ဒာ​ကြောင့်​ ဒီလမ်းလွှဲကသွားဖို့ဆုံးဖြတ်​ပြီး တခြားကား​တွေကလည်း တန်းစီ​မောင်း​နေကြတာမို့ စိတ်​ချလက်​ချပဲ အဆင်​​ပြေမယ်​ထင်​ခဲ့တာ​ပေါ့။ အခု​တော့ ရွှံ့​တောထဲ​ရောက်​တာပဲအဖတ်​တယ်​တယ်​ ” လို့ ရွှံ့​တောထဲ ပိတ်​မိ​နေတဲ့ ကားပိုင်​ရှင်​​တွေထဲက တစ်​ဦးဖြစ်​တဲ့ ​ကော်​နီ​မော်​ဇီးက​ ရှင်းပြသွားခဲ့ပါတယ်​​။

ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ပါတယ်​။

EFIL(ApannPyay)