မြန်မာကိုယ်စားပြု ရွှေတံဆိပ် ၁၈ ခုပိုင်ရှင် ကိုဝင်ဆန်းအောင်ရဲ့ ကြည့်သူတိုင်း ကြက်သီးထသွားတဲ့ Got Talent

1174

တကမ္ဘာလုံးမှာ ခေတ်စားတဲ့ အစီအစဉ်တခုဖြစ်တဲ့ Got Talent ဆိုတဲ့ အစီအစဉ်ကတော့ လက်ရှိမြန်မာ နိုင်ငံမှာလည်း ကျင်းပလာတာ ၅ နှစ်လောက်ရှိသွား ခဲ့ပါပြီ။ ကိုယ့်ရဲ့အရည်အချင်းကို ပြသရတဲ့ ပွဲ ဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်ကြတဲ့ သူတွေကလည်း တကယ့်ကို ကိုယ်ပိုင်ပါရမီ အရည်အချင်းရှိတဲ့သူတွေကြီးပါပဲ။ မြန်မာနိုင်ငံမှာလည်း လက်ရှိမှာတော့ Got Talent ပြိုင်ပွဲတွေ Season အသစ်ပြန်လည်စတင်နေပြီး Audition အဆင့်ကို ဖြတ်ကျော်နေကြတာ ဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ ပြီးခဲ့တဲ့ရက်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုဝင်စန်းအောင်ရဲ့ အရည်အချင်းပြ ဗီဒီယိုလေးကတော့ ကြည့်ရှုသူတွေများပြားနေတာ ဖြစ်ပါတယ်။သူကတော့ အောက်ပိုင်း မသန်စွမ်းတဲ့သူတယောက် ဖြစ်ပေမယ့်လည်း ဒီအစီအစဉ်မှာတော့ ကိုယ်တိုင်ကီးဘုတ်တီးပြီး သီချင်းဆို ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့အကြောင်းလေးကိုတော့ သူ့က မိတ်ဆက်ပေးခဲ့ပါတယ်။ ကိုဝင်စန်းအောင်ကတော့ “ကျွန်တော်နာမည် ဝင်းစန်းအောင်ပါ။ ကျွန်တော်အခု ကီးဘုတ်တီးပြီးသီချင်းဆိုမှာပါ ကျွန်တော်တီးလာတာ ၁၀နှစ်လောက်တော့ရှိပါပြီ ငယ်ငယ်ထဲက အိမ်မှာဘဲ လေ့ကျင့်ရင်းတက်လာတာပါ

ဆရာတွေနဲ့တော့မသင်ခဲ့ရပါဘူ့း ကျွန်တော် အခုကမြန်လက်ရွေးစင်အသင်းက မသန်မစွမ်းအားကစားသမား တစ်ယောက်ပါ ရေကူးမြန်မာလက်ရွေးစင် ဝှီးချဲဘက်စကက်ဘော မြန်မာလက်ရွေးစင် အလေးမ မြန်မာလက်ရွေးစင် သံလုံးသံပြားပစ် အသင်းကပါ ပြီးတော့ အခုလက်ရှိက ကျွန်တော် မြန်မာလက်ရွေးစင်နဲ့ကြက်တောင်ရိုက်နေတယ်

ဆုတွေကတော့ ကျွန်တော်အရှေ့တောင်အာရှ ရွှေတံဆိတ် ၁၈ခု လောက်ရပြီးပါပြီ ကျွန်တော်အသက်က ၃၉နှစ်ပါ အခုကကီးဘုတ်ကိုဝါသာနာပါလို့ လာရောက်ယှဉ်ပြိုင်တာပါ အခုကျွန်တော် ဦးဇော်ဝင်းထွဠ် ရဲ့ကောင်းကင်မေမေ သီချင်းကို ကျွန်တော်သီဆိုပြမှာပါ” ဆိုပြီးပြောလိုက်တဲ့ အချိန်မှာတော်တော်များများ အံ့အားသင့်သွားခဲ့ပြီး ချီးကျူးခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေတံဆိပ်တွေ များစွာ ပိုင်ဆိုင်ထားတဲ့ ကိုဝင်းစန်းအောင်ကတော့ Got Talent မှာ အဆိုယှဉ်ပြိုင်ခဲ့တဲ့ အချိန်မှာလည်း တကယ့်ကို ကောင်းမွန်လှတဲ့အသံကို ပိုင်ဆိုင်ထားတာကြောင့် သူ့ဗီဒီယိုလေးတွေကတော့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ နေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့ ကိုဝင်းစန်းအောင်ရဲ့ အရည်အချင်းကို ကြည့်ရဖို့အတွက် Apannpyay ချစ်ပရိသတ်ကြီးအတွက် ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

ApannPyay