အိမ်အလှဆင်တဲ့အခါ ဆောင်ရန်ရှောင်ရန်လေးများ

197

မင်္ဂလာပါ ApannPyay ချစ်ပရိတ်သတ်ကြီးရှင့်။ ပရိတ်သတ်ကြီးဆီမှာ ကိုယ်ပိုင်အိမ်လေးကောင်းကောင်း တစ်အိမ်ဆောက်ဖို့ ရည်ရွယ်ထားတာလေးတွေ ရှိမယ်လို့ ထင်ပါတယ်။ ဒါဆိုအိမ်အလှဆင်တဲ့အခါမှာ ကိုယ့်အိမ်လေးကို ဘယ်လိုစီစဉ်ရမယ်ဆိုပြီး အတွေးရှိပေမယ့် အတွေ့အကြုံကောင်းကောင်းမရှိထားရင် အိမ်လေးက လှနေပေမယ့် အန္တရာယ်ဖြစ်သွားစေနိုင်တဲ့ အချက်လေးတွေကို သတိထားမိဖို့လိုပါတယ်နော်။ အထူးသဖြင့် ကလေးငယ်လေးတွေအတွက်လည်း ကြိုတင်ကာကွယ် ပြီးသားဖြစ်အောင်လည်း စီမံတတ်သင့်ပါတယ်နော်။

အိမ်အသစ်တွေဆောက်တော့မယ်ဆိုအိမ်အလှဆင်ဖို့ကို အရင်စိတ်လှုပ်ရှားမိမှာအမှန်ပါ။ ဘယ်နေရာမှာဘာထားမယ် ဆေးအရောင်ဘယ်လိုလေးသုတ်မယ် ပြတင်းပေါက်ကို ဘယ်လိုအလှဆင်မယ် စသည်ဖြင့် တွေးရင်းပျော်ရွှင်နေတတ်ရပါတယ်။ ဒါပေမယ့် အိမ်ရှင်တစ်ယောက်အနေနဲ့ အိမ်အလှဆင်တဲ့အခါမှာ အမှားမလုပ်မိစေဖို့ ဒါလေးတွေကို လေ့လာထားသင့်တယ်လို့ထင်မိပါတယ်။ ဒါ့ကြောင့် ApannPyay ပရိတ်သတ်ကြီးအတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်နော်။

ပထမဆုံးအနေနဲ့ အိမ်ကို အလှမဆင်ခင် ဓါတ်ပုံသေချာရိုက်ပါ။ ဘာကြောင့်လည်းဆိုတော့ ပုံကိုသေချာစိုက်ကြည့်ပြီး ဝိုင်ယာကြိုးတွေကို ဘယ်နေရာကနေ ဘယ်လိုသွယ်တန်းသင့်သလည်းဆိုတာ သေချာဆုံးဖြတ်နိုင်ပါလိမ့်မယ်။ အိမ်ကိုပတ်ကြည့်ပြီး ဆုံးဖြတ်တာထက်စာရင် သင့်ကိုပိုသက်သာပြီး အစီအစဉ်ကို ပိုပြီးမြောက်စေမှာပါ။ ဒီလိုသေချာစဉ်းစားမှ သင့်ရဲ့လုံခြုံမှုရော သင့်မိသားစုလုံခြုံမှုရောကိုပါ ပိုစဉ်းစားမိမှာပါ။

နောက်တစ်ချက်အနေနဲ့ကတော့ ကြမ်းပြင်ပါ။ ကြမ်းပြင်ကိုရွေးချယ်တဲ့အခါမှာလည်း အရေးပါပါတယ်နော်။ အခါမသင့်ရင် သင့်ကလေးကို ထိခိုက်နိုင်သလို သင့်ရဲ့ချစ်ဇနီးလေးကို ပိုထိခိုက်စေနိုင်ပါတယ်နော်။ သစ်သားကြမ်းပြင်ပုံရှိတဲ့ ကြမ်းပြင်တွေဟာ သဲဖုန်စသည်တို့ကို ပိုကပ်စေနိုင်တာမို့ ဒီပုံအမှားပြထားတဲ့ ကြမ်းမျိုးကို မရွေးသင့်တာအမှန်ပါ။ နောက်တစ်ချက်အနေနဲ့ ကြမ်းပြင်အရောင်ကို အရမ်းလင်းတာမျိုးမရွေးသင့်သလို အရမ်းမှောင်နေတာမျိုးလည်းမရွေးသင့်ပါဘူးနော်။ သင့်ရဲ့အမြင်အာရုံအတွက်အရေးကြီးလို့ပါနော်။

အိမ်ရှင်မတစ်ယောက်အနေနဲ့ မီးဖိုချောင်သန့်ရှင်းနေဖို့ဆိုတာ အဓိကကျလွန်းပါတယ်။ ဒါ့ကြောင့် နေ့တိုင်းအချိန်ပေးရှင်းနေရမယ့်အတူတူ ပိုပြီးရှင်းရလွယ်ကူအောင် ပုံမှာပြထားတဲ့ ကြမ်းပြင်ကို ပိုရွေးချယ်ထားသင့်ပါတယ်နော်။ နောက်တစ်ချက်အနေနဲ့ ရေချိုးခန်းမှာရှိတဲ့မျက်နှာကျက်တွေကို ခြောက်သွေ့ပြီး ရှင်းလင်းနေတဲ့ မျက်နှာကျက်မျိုးကို ရွေးချယ်သင့်ပါတယ်နော်။ အလှဆင်တာ ဧည့်ခန်းမှာပိုအဆင်ပြေမှာပါနော်။ ရေချိုးခန်းမှာဆိုရင်တော့ သင့်အတွက် လုံခြုံမှုမရှိနိုင်ချေများလို့ပါနော်။

သင့်မှာ ကြမ်းပြင်အအေးအပူချိန်တဲ့ကြမ်းပြင်မျိုးရှိတယ်ဆိုရင် ကွန်ထိုး (သို့) ခလုတ်ကို သင့်အိပ်ရာနဲ့ အနီးဆုံးနေရာမှာထားပါ။ နံရံမှာ ကပ်ရင် အလွယ်တကူယူလို့ ရမယ့်နေရာမျိုးမှာထားပါ။ Timer ရှိတဲ့ ကွန်ထိုးမျိုးဆို ပိုပြီးအဆင်ပြေပါတယ်နော်။

အံဆွဲ။ အံဆွဲလုပ်တဲ့အခါမှာလည်း အဖွင့်မှာ ကိုင်းလှလှလေးတွေကိုရွေးချယ်တာထက်စာရင် ထိထိမိမိနဲ့ကိုင်လို့ရတဲ့ ကိုင်းဟာပိုလုံခြုံမှုရှိပါတယ်နော်။ အထူးသဖြင့် ပုံမှာပြထားတဲ့ ချွန်ထက်နေတတ်တဲ့ လက်ကိုင်ကိုင်းမျိုးကို လုံးဝမသုံးသင့်ပါဘူးနော်။

အရေးကြီးဆုံးအချက်ကတော့ ပြတင်းပေါက်တွေကို ဒီလိုပုံပါအတိုင်း လုပ်ထားသင့်ပါတယ်နော်။ ဒီလိုလုပ်ခြင်းအားဖြင့် ပြတင်းပေါက်ကနေ ပြုတ်ကျသွားမယ့် အဖြစ်ဆိုးမျိုးကို မကြုံနိုင်လို့ပါပဲ။ အထူးသဖြင့် သင့်ကလေးငယ်များအတွက်ပါနော်။ ကဲ….ApannPyay ပရိတ်သတ်ကြီးအတွက်ဗဟုသုအချို့ ရသွားမယ်လို့မျှော်လင့်ပါတယ်နော်။

San Htet Wai ( ApannPyay )

Source – Elite Readers