နားနဲ့မနာ ဖဝါးနဲ့နာရမယ့် ၉ နှစ်သမီးလေး မုဒိန်းမှု စစ်ချက်အဖြေတွေ ထွက်လာပါပြီ

645

ဇူလိုင်​လ ၁ ရက်​​နေ့မှာ အမရပူရ၊ ​ရွှေကြက်​ယက်​တိုက်​နယ်​၊ စံ​ရွေးရပ်​က အသက်​ ၉ နှစ်​အရွယ်​ သမီး​ငယ်​​လေးတစ်​ဦးကို ​အောင်​​အောင်​ဆိုသူ အရွယ်​​ရောက်​အမျိုးသားတစ်​ဦးက အ​မေ​ခေါ်ခိုင်းတယ်​လို့​​ပြောဆိုပြီး ​ကျောင်းဆင်းချိန်​ ​နေ့လည်​ ၃ နာရီဝန်းကျင်​ခန့်​မှာ လိမ်​လည်​​ခေါ်​ဆောင်​သွားခဲ့ရာက သမီး​လေး​ဟာ တစ်​ရက်​တိတိ​ပျောက်​ဆုံးလို့ သွားခဲ့ရပါတယ်​။

ဒီ​နေ့ ဇူလိုင်​လ ၂ ရက်​​နေ့ မနက်​မှာ​တော့ က​လေးကို လိမ်​လည့်​​ခေါ်​ဆောင်​သွားတဲ့ ​အောင်​​အောင့်​ကို ရှမ်း​လေးကျွန်းထိပ်​မှာ ရပ်​ကွက်​ကဖမ်းဆီးရမိခဲ့ပါတယ်​​။

သမီးလေးကို စစ်ဆေးတဲ့ အခါမှာ အခုလို စိတ်မချမ်းမြေ့ဖွယ်တွေကို ကြားသိခဲ့ရပါတယ်။ နားနဲ့မနာ ဖဝါးနဲ့နာကြပါနော်.။ ရင်နာလို့မဆုံးနိုင်အောင်ပါပဲ..။

ကြားသိရသမျှ အဖြစ်အပျက်တွေကို Wai Yan Thant ဖေ့ဘုတ်အကောင့်မှ တင်ပြထားခြင်းကို ApannPyay ပရိသတ်ကြီးများသိအောင် မျှဝေပေးလိုက်ပါတယ်။

တရားသူကြီးခွင့်ပြုချက်နဲ့ FIR ကိုကြည့်လိုက်တော့ ၁.၇.၁၉ ညနေမှာပျောက်သွားတဲ့ကလေးမလေး အသက်က၉နှစ်တဲ့။Facebookမှာတောင်တက်နေတာတဲ့ ကိုယ်တောင်မသိဘူး။ အဲ့ဒါနဲ့ကိုယ်တို့မြို့နယ်ဆရာဝန်ကြီးနဲ့ကိုယ်နဲ့ သူ့အမေဆီကနေ Consent ယူပြီးတော့ စစ်ရတော့တာပေါ့။

ဆရာကြီးက ကလေးကိုမေးကြည့်တော့ သူတို့အမေဆိုင်မှာထမင်းလာစားတဲ့ကောင်ကခေါ်သွားတာတဲ့။ ကျောင်းဆင်းချိန်မှာအမေကြိုခိုင်းတယ်ဆိုပြီးလာခေါ်တာတဲ့။ ပြီးတော့သူ့ကိုညနေမှာ ၂၂လမ်းဘက်ခေါ်ပြီးတော့ ပိတ်ထားတဲ့ထမင်းဆိုင်ထဲမှာ သမီးကို (နားနဲ့မနာဖဝါးနဲ့နာ) ဟိုနမ်းဒီနမ်းလုပ်တယ်တဲ့။

ပါးစပ်ကိုလည်းနမ်းတယ်တဲ့။ ဟိုကိုင်ဒီကိုင်လည်းလုပ်တယ်။ သူ့ဟာကိုလည်းကိုင်ခိုင်းတယ်တဲ့။သမီးကကြောက်လို့မလုပ်ဘူးတဲ့။ ပြီးတော့အရှေ့ကတစ်ခါအနောက်ကတစ်ခါလုပ်တယ်တဲ့။ သူ့အရည်တွေသမီးအဝတ်အစားကိုပေကုန်တယ်တဲ့။ တညလုံးအဲ့ပိတ်ထားတဲ့ထမင်းဆိုင်လေးထဲမှာအိပ်ခဲ့ရတယ်တဲ့။

ကြားရတာလုံးဝစိတ်မချမ်းသာဘူး။ ဝမ်းနည်းတယ်။ ကလေးမှာ Love Bite တွေလည်းရှိတယ်။ ကျန်တဲ့ Positive finding တချို့တော့မပြောလိုပါ။ Swab တောင်အယူမခံဘူး။ နာနေတယ်တဲ့။ ဪ ကလေးရယ်။ ခုတော့ သူ့ကို PEP တိုက်ရပြန်ဦးမယ်လေ။

ဘာဖြစ်လို့လူတွေက ရမ္မက်တဏှာတွေကြီးပြီး မထိန်းသိမ်းနိုင်ကြတော့တာလည်း။ အရွယ်မရောက်သေးတဲ့ကလေးကိုဒီလိုမျိုးတွေဖြစ်နေတယ်ဆိုတာ ကိုယ်မှတ်မိသလောက်ဆို Fnial Part One မှာ Forensic မှာပဲသိဖူးတာ။ အခုကတကယ့်ကိုဖြစ်နေတာပဲ။ နောက်ထပ် Victoria လေးများစွာကိုလည်းထပ်မကြားချင်တော့ပါ။ ထပ်လည်းမဖြစ်စေလိုပါ။

ပြီးတော့ လူကိုလူလိုမသိ ကိုယ်ချင်းစာစိတ်မရှိ အသိဉာဏ်မရှိတဲ့ ဒီလိုကောင်တွေအတွက်ထိုက်သင့်တဲ့ပြစ်ဒဏ်ဆိုတာကျစေချင်တယ်။ အမေရိကားမှာတော့ လူကိုသေဒဏ်ပေးတာထက် နိုင်ငံသားအခွင့်အရေးလူ့အခွင့်အရေးဘာတစ်ခုမှ မပေးတော့ ဘူး။ လူ့အသိုင်းဝိုင်းကနေ ဖယ်လိုက်တာပဲ။ ဒါဟာ လူတစ်ယောက်ကိုသတ်တာထက် အကြိမ်ကြိမ်သေဆုံးအောင်ဘဝကိုသတ်လိုက်တာပဲ။

မိဘတိုင်းမိဘတိုင်း သားသမီးတွေအတွက် စိတ်ချမ်းချမ်းသာသာနဲ့စိတ်ချလက်ချ အိပ်နိုင်တဲ့ ညတွေ မြန်မြန်ရောက်ပါစေဆုတောင်းပါတယ်။

ApannPyay ပရိသတ်ကြီးလည်း ရင်သွေးငယ်များကို သတိထားပြီး စောင့်ရှောက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်..။

Source – Wai Yan Thant

ApannPyay