ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး မအောင်မြင်ခဲ့သူများအကြောင်း

139

မင်္ဂလာပါ ApannPyay ပရိတ်သတ်ကြီးရှင့်။ ယခုပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Suicide ( ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု ) အကြောင်းဖြစ်ပါတယ်နော်။ လူဖြစ်လာပြီဆိုရင် စိတ်ဓါတ်ကျစရာတွေ ဝမ်းနည်းမှုတွေ ဝမ်းသာမှုတွေစသည်ဖြင့် မျိုးစုံဇာတ်စုံ တွေ့ကြုံရစမြဲဆိုတာ သိပြီးသား ဖြစ်မှာပါနော်။ မြန်မာအယူအဆအရ ဆိုရင်တော့ ဒီပြစ်မှုကျူးလွန်သူတွေဟာ အဖန်ငါးရာငါးကမ္ဘာခံရတတ်တယ်လို့ သိထားရပါတယ်နော်။ ရခဲတုန်းလူ့ဘဝမှာ ပျော်စရာတွေကို ဖြတ်သန်းသလိုမျိုး စိတ်ညစ်စရာတွေကိုလည်း အောင့်အီးသည်းခံတတ်ဖို့ လိုပါတယ်နော်။ဆူဆိုက်လုပ်တတ်တဲ့သူတွေဟာ အများဆုံးကတော့ စိတ်ဓါတ်အလွန်အကျွံကျနေသူမျိုး အတွေးလွန်သူတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။

ဒီလိုအဖြစ်ဆိုးမျိုးတွေ မဖြစ်အောင် တတ်နိုင်သလောက် ကူညီပေးဖို့က ပတ်ဝန်းကျင်ကအရေးကြီးဆုံးလို့ ထင်မြင်မိပါတယ်။ U.S မှာ ၂၀၁၇ လောက်က ဆူဆိုက်လုပ်ဖို့ကြိုးစားခဲ့သူဦးရေ တစ်သန်းနဲ့မှလေးသိန်းကျော်ရှိတယ်လို့ခန့်မှန်းသိရှိရပါတယ်။ တကယ်အသက်ဆုံးရှုံးခဲ့သူဦးရေကတော့ ၄၇၁၇၃ ယောက်ရှိတယ်လို့သိရပါတယ်။ တစ်ချို့ကတော့ ကြိုးပမ်းမှုမအောင်မြင်ဘဲ ကျန်ရှိတဲ့ဘဝကိုပျော်ရွှင်စွာ နေထိုင်နေကြတာလည်းရှိပါတယ်။ ယခုမှာတော့ ဆူဆိုက်လုပ်ဖူးပေမယ့် အသေဘဲ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ လူတစ်ချို့ကို ApannPyay ချစ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုပါတယ်။ ဒီလိုဖော်ပြပေးခြင်းဖြင့် တစ်ယောက်ဆိုလည်း တစ်ယောက် ဆူဆိုက်မလုပ်မိအောင် မျှဝေပေးစေလိုပါတယ်နော်၁။ ကျွန်တော်ကတော့ လွန်ခဲ့တဲ့ကိုးနှစ်လောက်က သေဖို့အဆင်သင့်ဖြစ်ခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးပမ်းခဲ့သူပါ။ ကံကောင်းထောက်မစွာနဲ့ပဲ အသက်ရှင်ခဲ့ရပြီး ယခုမှာ ကျွန်တော့်ရင်ခွင်ဟာ ကျွန်တော့်သားလေးအတွက်အကောင်းဆုံးနေရာအဖြစ်ရှိနေခဲ့ပါပြီ။

၂။ ကျွန်တော်ကိုယ့်တိုင် ဆူဆိုက်လုပ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကဖြစ်ခဲ့ပြီး ဆေးရုံမှာ ငါးလလောက်နေခဲ့ရပြီး ဆရာဝန်ကတော့ ဝီးလ်ချဲလ်နဲ့ နေသွားဖို့ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဂျပန်ကိုစက်ဘီးတစ်စီးနဲ့ လည်ပတ်သွားလာနိုင်နေပါပြီ။

၃။ ကျွန်မလည်းပဲ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဘဝကို ဘယ်လိုဖြတ်သန်းရမှန်းမသိအောင်စိတ်ညစ်စရာတွေ ကြုံခဲ့ရသူပါ။ ဒါ့ကြောင့် ဆူဆိုက်လုပ်ခဲ့ပါတယ်။ သေမယ်လို့မျှော်လင့်ထားပေမယ့် သေခွင့်မရခဲ့ပါဘူး။ ခုတော့ ကျွန်မဟာ လိုအပ်တဲ့ခွဲစိတ်ကုသမှုတွေ ခံယူပြီး အမြဲတမ်းပျော်ရွှင်နေတဲ့ လူတစ်ယောက်အဖြစ် ဘဝကို ထူထောင်နေပါပြီ။

၎။ ကျွန်တော်ကတော့ ခုနစ်နှစ်လုံးစိတ်ဖိစီးမှုတွေ နာကျင်မှုတွေနဲ့ပဲဖြတ်သန်းခဲ့ရတာမို့ သတ်သေဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လွန်ခဲ့တဲ့နှစ်လောက်ကပဲ ကျွန်တော့်ရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအခြေအနေတွေ ပြန်တည်ဆောက်မိလာပြီး အခုတော့ကျွန်တော်ဟာ တက္ကသိုလ်ကရတဲ့ ဘွဲ့ကို လက်ခံနိုင်ခဲ့ပါပြီ။ ဒီလိုဖြစ်မယ်လို့ တစ်ခါမှမတွေးမိခဲ့ဖူးတာကြောင့် ပျော်ရွှင်မိပါတယ်။

၅။ ကျွန်မကတော့ အသက် ၁၉ နှစ်လောက်က ဘဝကြီးကို စိတ်ကုန်နေခဲ့တာပါ။ ဒါ့ကြောင့် အရက်သောက်စသည်ဖြင့် မကောင်းတာ အကုန်လုပ်ပြီး သေသွားဖို့စဉ်းစားခဲ့တာပါ။ ဒါပေမယ့် အခုတော့ ဘဝရဲ့အလင်းရောင်ကို တွေ့ရှိခဲ့ရပြီး စိတ်ချမ်းသာမှုနဲ့အတူ သမီးလေးရဲ့ဘဝကိုဖြည့်ဆည်းရင်း အသက်ရှင်နေနိုင်ခဲ့ ပါပြီ။ လှိုဏ်ခေါင်းရဲ့အဆုံးမှာ အလင်းရောင်တွေ့နိုင်သလို ဝမ်းနည်းခြင်းတွေမှာလည်း အဆုံးသတ်ရှိတယ်ဆိုတာ ဘုရားသခင်ကပြသခဲ့ပါပြီ။

၆။ ကျွန်မကတော့ ကျွန်မဘဝတစ်လျှောက်လုံးနီးပါး စိတ်ဓါတ်ကျမှုတွေနဲ့ ဖြတ်သန်းခဲ့ပြီး ဆူဆိုက်လုပ်ခဲ့ပါတယ်။ မအောင်မြင်ခဲ့ပေမယ့် ကျွန်မဟာဘွဲ့ရခဲ့ပြီး အချစ်စစ်ကိုရှာတွေ့ကာ ခုဆိုကလေးတစ်ယောက်နဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေပါပြီ။

၇။ ကျွန်မကတော့ ခုဆို ၁၈ နှစ်ပြည့်မွေးနေ့လေးကို ကျင်းပနိုင်ခဲ့ပါပြီ။ ၁၈ နှစ်ထိနေရမယ်လို့ တစ်ခါမှမတွေးခဲ့ဘူးပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မက ၁၄ နှစ်မှာတစ်ခါ အသက် ၁၅ နှစ်မှာတစ်ခါ ဆူဆိုက်လုပ်ခဲ့ပါတယ်။ မအောင်မြင်လို့ အသက် ၁၇ မှာ ထပ်ပြီး သေကြောင်းကြံခဲ့ပါတယ်။ အခုတော့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ဒီလိုအသက်ရှင်ခွင့်ရလို့ တကယ်ကို ပျော်နေမိပါပြီ။

၈။ ကျွန်မကိုယ်တိုင်က ဆယ်ကျော်သက်အရွယ်ဆူဆိုက်လုပ်မှုထဲ ပါဝင်ခဲ့ပါတယ်။ အခုတော့ အကုန်လုံးကျွန်မကို အပြုံးလှလှလေးနဲ့အတူ တွေ့နိုင်ပါပြီ။ တကယ်တော့ သေတယ်ဆိုတာ ပြသနာဖြေရှင်းတာမဟုတ်ပါဘူး။ ကျွန်မဘဝကိုပြန်လည်ထူထောင်ဖို့ ဝိုင်းဝန်းဖေးမပေးခဲ့လို့ အထူးကျေးဇူးတင်ပါတယ်နော်။

၉။ ကျွန်မကတော့ လွန်ခဲ့တဲ့တစ်နှစ်လောက်က သတ်သေဖို့ကြိုးစားခဲ့ပါတယ်။ ဘုရားသခင်ရဲ့ဆောင်မမှုကြောင့် အသက်ရှင်ခဲ့ပါတယ်။ ကျောရိုးမှာဒဏ်ရာတွေ ရရှိခဲ့ပြီး အိပ်ယာထဲလဲနေခဲ့ရပါတယ်။ သေလုမတတ်ဖြစ်ခဲ့ပေမယ့် ခုတော့ကျွန်မရဲ့ အခြေအနေကတော့ တိုးတက်လာခဲ့ပြီး နောက်ကျန်ရှိတဲ့ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။

၁၀။ ကျွန်မကတော့ အသက် ၁၃ နှစ်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ကြိုးစားခဲ့ပြီး အခုတော့ ၁၈ နှစ်ပြည့်တော့မှာဖြစ်ပြီး ကျွန်မနဲ့ စေ့စပ်ထားတဲ့ ချစ်သူနဲ့အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေပါပြီ။

ApannPyay ပရိတ်သတ်ကြီးရော ဒီလိုအကြံအစည်မျိုးကို စဉ်းစားဖူးပါသလား။ စဉ်းစားနေပြီဆိုရင်လည်း လက်လျော့လိုက်ဖို့ အကြံပေးချင်ပါတယ်။ အထက်ကလူတွေကိုယ်တိုင်လည်း သေခြင်းတရားရဲ့ခံစားမှုမျိုးကို ခံစားဖူးတာမို့ မကောင်းတာမှန်းသိပြီး နောင်တရနေခဲ့ပါပြီ။ ဒါ့ကြောင့် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြတာပါ။ စိတ်ညစ်စရာဆိုတာလည်း ခဏတာမို့ စိတ်ထဲအရမ်းမထည့်ဘဲ ဘဝရဲ့ရသတွေကို တဝကြီးခံစားလိုက်ပါနော်။San Htet Wai ( ApannPyay )Source – Boredpanda