အလောင်းအစားအနေနဲ့ မစားသင့်တဲ့သတ္တ၀ါကိုစားမိလိုက်လို့အသက်ဆုံးရှုံးလိုက်ရတဲ့သူ

301

ပျော်ပျော်နေသေခဲဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်စွဲထားတဲ့သူကတော့ အသက် ၃၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ David Dowell ဆိုသူပါ။ သူကတော့ သူများတွေကိုလည်းပျော်စေ၊ သူကိုယ်တိုင်ကလည်း နောက်ပြောင်စနောက်ပြီးနေရတာကိုသဘောကျတတ်တဲ့သူပါ။ ဒီလိုလူမျိုးဟာ အခန့်မသင့်ချင်တော့ အပျော်သဘောအနေနဲ့အလောင်းအစားလုပ်ရာကနေ အသက်ပါဆုံးရှုံးသွားခဲ့ရပါတယ်။

သူဟာ သြစတေးလျနိုင်ငံ၊ ဘရစ်စဘိန်းမြို့မှာနေထိုင်ပြီး ပါတီပွဲတစ်ခုမှာ အပျော်သဘောအနေနဲ့အလောင်းအစားလုပ်လိုက်မိတာပါ။ အဲ့အလောင်းအစားကတော့ Gecko လို့ခေါ်တဲ့ အိမ်မြောင်ပုံစံနဲ့အကောင်တစ်မျိုးကိုစားပြရမယ့် အလောင်းအစားပါ။ ပျော်ပျော်နေတတ်ပြီး အလောင်းအစားကိုလည်းမရှုံးချင်တဲ့သူဟာ နောက်ဆက်တွဲကိုသိပ်မစဉ်းစားပဲ လက်ခံပြီး တကယ် Gecko ကို စားပြခဲ့ပါတယ်။

စားသုံးပြီးတဲ့နောက်ရက်တွေမှာ သူဟာအပြင်းအထန်နေမကောင်းဖြစ်တာဆေးရုံတက်ခဲ့ရပြီး၊ အစာအဆိပ်သင့်တာ၊ အစာအိမ်နာကျင်ပြီး ရက်အတော်အကြာ အပြင်းအထန်ဝမ်းလျှောတဲ့ဝေဒနာတွေကို ရက်ပေါင်းများစွာခံစားခဲ့ရတာပါ။ ဆရာဝန်တွေကတော့ အဲ့ဒီ Gecko ဆိုတဲ့အကောင်ကိုစားမိလို့ ဒီလိုဖြစ်ရတာဖြစ်မယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး အဆုတ်ရေပြည့်လာတာ အစာအိမ်ကအစာခြေရည်တွေလျှံကျတဲ့ ဝေဒနာတွေကိုလည်းပြင်းပြင်းထန်ထန်ခံစားခဲ့ရတာပါ။ အဲ့ဒီသတ္တ၀ါကို စားသုံးပြီး ၁၀ရက်အကြာမှာတော့ အစားမတော်တလုတ် ဆိုတဲ့အတိုင်း ဒေးဗစ်တစ်ယောက်ဟာ အသက်ဆုံးပါးသွားခဲ့ရပါတယ်။

ကဲApannPyay ပရိတ်သတ်ကြီးတို့ကကော ဒီလိုမျိုးမြောက်ပေးတိုင်းလိုက်လုပ်တတ်တဲ့သူငယ်ချင်းတွေရှိကြပါသလား?

Yenin Phawah( ApannPyay)

Source: