ခေတ်ပေါ်တွေကို လုံးဝစိတ်ဝင်စားမှုမရှိပဲ ခေတ်နောက်ပြန်ကြိုက်တဲ့လူသား

139

မင်္ဂလာပါ ApannPyay ပရိတ်သတ်ကြီးရှင့်။ ယနေ့ခေတ်မှာဆို တစ်နေ့ထက်တစ်နေ့ လူထူးဆန်းတွေ တစ်ဦးပြီးတစ်ပြီးပေါ်လာနေတာဟာ ပရိတ်သတ်တွေကို ပျော်ရွှင်စေတာရှိသလို ဝမ်းနည်းစေနိုင်တဲ့ သူတွေလည်းရှိနေတာပါပဲ။ အခုပြောချင်သူအကြောင်းကတော့ ယခုခေတ် ဖက်ရှင်တွေကို လုံးဝမဝတ် လုံးဝစိတ်မဝင်စားဘဲ ၁၈၂၀ ခေတ်ကဖက်ရှင်တွေကိုသာ နေ့စဉ်ဒဓူဝ ဝတ်နေတဲ့သူပါ။

သူ့နာမည်ကတော့ Zack လို့အမည်ရှိပြီး အသက်ကတော့ ၂၅ နှစ်ရှိပါပြီ။ သူပြောဆိုပုံအရ သူဟာ အများမတူပဲ ဒီလိုကွဲထွက်နေတဲ့ ဖက်ရှင်ကို ဝတ်ရတာ သူ့ကိုယ်သူ ဂုဏ်လည်းယူမိသလို ပျော်ရွှင်စေတယ်လို့လည်းဆိုပါတယ်။ ဒီလိုစိတ်ကူးစိတ်သန်းကိုတော့ သူ့အသက် ၁၄ နှစ်မှာ စတင်ရှာဖွေတွေ့ရှိခဲ့တာပါ။

အထူးသဖြင့် သူ့ဘိုးဘိုး သေတ္တာဆီကနေပါ။ ဇက်ခ်ဟာ ဒီ ဒီဇိုင်းတွေကို မြင်မြင်ချင်းပဲ ချစ်ခင်မြတ်နိုးခဲ့ရတယ်လို့လည်း သိရပါတယ်။ အဲ့အချိန်ကစပြီး သူရဲ့ဂျင်းဘောင်းဘီ တီးရှပ်တွေကို စွန့်ပစ်ခဲ့ပါတယ်။ သူဟာ ဘယ်လိုအကြောင်းပဲရှိရှိ ဒီသမိုင်းခေတ်က အဝတ်အစားတွေကိုပဲ ဝတ်ဖို့ဆုံးဖြတ်ခဲ့တာ ခုချိန်ထိ ဝတ်နေတုန်းပါပဲ။

ဒီလိုဝတ်ဆင်ခြင်းအားဖြင့် သူရဲ့အဆင့်အတန်းဂုဏ်သတင်းကိုလည်း ရရှိပိုင်ဆိုင်စေရုံသာမက အကောင်းဆုံးဖက်ရှင်အဖြစ် အများက သတ်မှတ်ခြင်းခံထားရတာကို ပျော်ရွှင်မိတယ်လို့လည်းဆိုပါတယ်။ ကျွန်မတို့က ဂျင်းတွေ တီးရှပ်တွေ ဝတ်ဆင်နေချိန်မှာ ဇက်ခ် ကတော့ စတိုင်လ်ကုတ်အင်္ကျီ၊ ဒူးဖုံးသရေဖိနပ်၊ ဦးထုပ်အမြင့်ကို နေ့စဉ်ရက်ဆက် ဝတ်နေတာပါနော်။ တစ်ခါတစ်ရံ သူ့ဟာ သူ့ရဲ့ ဖက်ရှင်ဒီဇိုင်းကိုပိုပြီးပြည့်စုံစေဖို့အတွက် ကြိမ်လုံးအလှလေးတွေကိုလည်း ကိုင်ထားလေ့ရှိပါတယ်။

အချို့လူတွေကတော့ သူ့အပေါ် အမေးအမြန်းထူတတ်သလို အချို့လူတွေကတော့ သဘောကျနှစ်ခြိုက်ကြတယ်လို့လည်း ပြောခဲ့ပါတယ်။

အိမ်ထောင်ပြုဖို့ ဝိုင်းဝန်းတိုက်တွန်းကြတာကိုတော့ သူ့အနေနဲ့ သူ့ရဲ့ဒီဖက်ရှင်ကို နားလည်ခံစားနိုင်မယ့်သူတွေ့မှသာ လက်ထပ်သွားမယ်လို့လည်းသိရပါတယ်။ ApannPyay ပရိတ်သတ်ကြီးရဲ့စကားသံလေးတွေနဲ့ အကြံပြုချက်တွေကိုလည်းကြားချင်ပါတယ်နော်။

San Htet Wai ( ApannPyay ) Source – Elite Readers