အင်ဒိုနီးရှားနိုင်ငံသူက တောင်ကိုရီးယားနိုင်ငံသားအိုပါးချောချောလေးကို ဘယ်နည်းနဲ့ လက်ထပ်နိုင်ခဲ့သလဲ

0
67

မင်းတို့အတွဲပြတ်မှာပါလို့ ဝေဖန်ရှုတ်ချနေတဲ့သူတွေရှိခဲ့ပေမယ့် အိမ်မက်ထဲက တောင်ကိုရီးယားနိုင်ငံသားအိုပါးချောချောလေးနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံသူလေး

အိမ်မက်တွေဟာ လက်တွေ့မှာတကယ်ဖြစ်လာခဲ့တဲ့ကံကောင်းသူလေးတစ်ယောက်ကတော့ အင်ဒိုနီးရှားနိုင်ငံသူ Vera Nanda Putri လို့အမည်ရတဲ့မိန်းကလေးပါ။ သူမဟာ ကမ္ဘာတစ်ဝှမ်းကမိန်းမပျိုလေးတွေကြားမှာ လူကြိုက်များနေတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားက အမျိုးသားတစ်ယောက်နဲ့ချစ်သူဖြစ်ခဲ့တာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကိုမနာလို မုန်းတီးသူတွေ၊ ပြတ်စေချင်တဲ့သူတွေကြားထဲမှာ သူများတွေထင်ထားသလို ခဏကလေးနဲ့သူတို့ရဲ့ချစ်သူသတ်တမ်းဟာ မပြီးဆုံးသွားပဲ သူတို့နှစ်ဦးဟာ တစ်ဘ၀လုံးရွှေလက်တွဲဖို့အတွက် လက်ထပ်လိုက်ပါပြီ။ ဒီကံကောင်းတဲ့မိန်းကလေးနဲ့ သူမရဲ့ အိမ်မက်ထဲကမင်းသားလေးနဲ့တူတဲ့အမျိုးသားတို့ရဲ့အချစ်ဇာတ်လမ်းက အချစ်ဆိုတာ ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ် ရုပ်ဆိုးဆိုးရုပ်ချောချော အချစ်စစ်မှန်ရင်ပေါင်းဖက်ရမှာပဲဆိုတာကို သက်သေပြလို့နေပါတယ်။

သူမရဲ့အချစ်ဇာတ်လမ်းဟာ ကမ္ဘာတစ်ဝှမ်းကပရိတ်သတ်တွေခြိမ့်ခြိမ့်သဲအားပေးကြတဲ့ ရသစုံလင်အစီအစဉ်တစ်ခုဖြစ်တဲ့ Running man ဆိုတဲ့အစီအစဉ်ကို ကြည့်မိပြီး တောင်ကိုရီးယားနိုင်ငံရဲ့ယဉ်ကျေးမှုကိုသဘောကျသွားရာကနေအစပြုခဲ့တာပါ။ အဲ့ဒီနောက်မှာသူမဟာ တောင်ကိုရီးယားဘာသာစကားကို ကြိုးကြိုးစားစားသင်ယူခဲ့ပြီး ၂၀၁၅ခုနှစ်မှာတောင်ကိုးရီးယားရဲ့ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ Seoul National University မှာ ကိုရီးယားဘာသာစကားကို သွားရောက်သင်ယူခဲ့ပါတယ်။

အဲ့လိုသင်ယူရာကနေ Graphic ဒီဇိုင်းနာတစ်ယောက်ဖြစ်တဲ့ Jun နဲ့တွေ့ပြီးချစ်ကြိုးသွယ်ခဲ့ကြတာပါ။ ဒါပေမယ့်သူမစိတ်ထဲမှာတော့ သူဟာ ငါ့ရဲ့အနာဂတ်ခင်ပွန်းလောင်းဖြစ်နိုင်တယ်လို့တွေးနေပေမယ့် တစ်ဖက်မှာလည်း မတူညီတဲ့ယဉ်ကျေးမှုနောက်ခံကနေဆင်းသက်လာတဲ့သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ အဆင်ပြေနိုင်ပါ့မလားလို့တွေးပူနေခဲ့တာပါ။ အဲ့ဒီပူပန်မှုတွေဟာ သူမတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တဲ့အခါပိုပြီးဆိုးသွားခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်ကလူတွေဟာ သူမကိုရုပ်ဆိုးတဲ့အတွက် တရက်ရက်မှာတော့ Jun ဟာထားသွားမှာဖြစ်ကြောင်းနဲ့ သူတို့ချစ်သူသက်တမ်းကကြာရှည်ခံမှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြတာပါ။

ဒါပေမယ့် သူမကိုတစ်ကယ်ချစ်တဲ့ Jun ဟာ ချစ်သူသက်တမ်း ၂နှစ်ကြာပြီးတဲ့နောက်မှာ အင်ဒိုနီးရှားမှာရှိတဲ့သူမရဲ့အဖေကိုဖုန်းဆက်ပြီး သမီးဖြစ်သူကိုလက်ထပ်ပါရစေလို့ခွင့်တောင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ရွှေလက်တွဲနိုင်ခဲ့ပြီး အချစ်စစ်ရဲ့အင်အားကိုပြသနိုင်ခဲ့ပါတယ်။

ApannPyay ပရိတ်သတ်ကြီးကော သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုကြည်နူးစရာကောင်းတယ်လို့မထင်မိဘူးလားရှင့်?

Yenin Phawah( ApannPyay)