ဗစ်တိုးရီးယားလေးအမှုအတွက် ဆန္ဒပြတောင်းဆိုသွားမယ့် တောင်ကြီးမြို့

160

တောင်ကြီးမြို့မှာလည်း သက်ငယ်မုဒိန်းမှုပပျောက်ရေးနဲ့ ဗစ်တိုးရီးယားရဲ့အမှုမှာတရားမျှတမှုပပျောက်ရေးကို ဦးတည်ပြီး ဆန္ဒထုတ်ဖော်မယ့်ပြည်သူများလာမည့် ဂျူလိုင်လ ၆ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ရန်ကုန်မြို့နဲ့မန္တလေးမြို့မှာ ပြည်သူတွေဆန္ဒထုတ်ဖော်ပြသမည့် အစီအစဉ်တွေရှိပါတယ်။ အခုမှာတော့ အဲ့ဒီမြို့နှစ်မြို့မှာအပြင် တောင်ကြီးမြို့မှာလည်း ဆန္ဒထုတ်ဖော်ပြသမည့် အစီအစဉ်ရှိကြောင်းသိရပါတယ်။

ကျန်တဲ့မြို့ကြီးနှစ်မြို့မှာတော့ ဆန္ဒထုတ်ဖော်ပြသမယ့်အစီအစဉ်အတွက် ခွင့်ပြုချက်တောင်းခံဆဲဖြစ်ပြီး တောင်ကြီးမြို့မှာတော့ ခွင့်ပြုချက်ရရှိပြီး ဖြစ်တယ်လို့သိရပါတယ်။ တောင်ကြီးမြို့ရဲ့ ဆန္ဒပြပွဲမှာတော့ ပါဝင်လို့ရမယ့်လူဦးရေကို ၁၀၀အထိပဲခွင့်ပြုထားတဲ့အတွက် ပါဝင်လိုပါက စာရင်းပေးသွင်းရမှာဖြစ်ပြီး စုရပ်ဟာတောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာဖြစ်တယ်လို့သိရပါတယ်။ လမ်းလျှောက် ဆန္ဒပြမယ့်လမ်းကြောင်းကတော့ မြို့မဈေးမီးပွိုင့်ကနေ စူဠာမုနိဘုရားအထိဖြစ်ပြီး ဆန္ဒပြမယ့်သူတွေကို အကျီင်္အဖြူဝတ်လာဖို့တောင်းဆိုထားကြောင်းသိရပါတယ်။ မနက် ၉နာရီမှာလူစုမှာဖြစ်ပြီး ၁၀နာရီမှာ စတင်ထွက်ခွာမှာပါ။

တောင်ကြီးမြို့မှာနေထိုင်ကြတဲ့ ApannPyay ပရိသတ်ကြီးလည်း ပါဝင်လိုပါက စာရင်းသွင်းနိုင်ဖို့ မူရင်းပို့စ်ကိုဖော်ပြပေးလိုက်ရပါတယ်။

ကဲ သမီးလေး Victoria အတွက် ဆန္ဒပြဖို့ အားလုံးအဆင်ပြေခဲ့ပါပီနော် လိုက်ပါလိုသူများ အမြန်စာရင်းပေးပါ လူအယောက် ၁၀၀ အထိပဲ ခွင့်ပြုချက်ပေးခဲ့လို့ပါနော် ……လိုက်ပါလိုသူများ အနေဖြင့် ဆောင်ရန် ရှောင်ရန် လိုက်နာပေးကြပါနော်

ရှောင်ရန် –

၁။ သက်မှတ်ပေးထားသော ဗီနိုင်း အရေးအတွက်ထက် မပိုရ ! ❌

၂။ လှည့်လည်ရာတွင် ကြွေးကျော်သံကို အသံကျယ်လောင်စေသည့် လော်စပီကာ မိုက် မည့်သည့် ပစ္စည်းများ အသုံးမပြုရ ! ❌

၃။ သက်မှတ်ပေးထားသော အချိန် နံနက် ၉နာရီမှ ညနေ ၃နာရီအထိသာ ! ❌

၎။ သက်မှတ်ပေးထားသော ကြွေးကျော်သံ( သက်ငယ်မုဒိန်းမှု့ပပျောက်ရေး ဒို့ အရေးသာ အော်ခွင့်ရှိ ) ❌

၅။ သက်မှတ်ပေးထားသော လူဦးရေ ၁၀၀ အထက်မကျော်ရ ! ❌

၆။ သတင်းမီဒီယာသမားများအနေဖြင့် သက်ဆိုင်ရာမေးခွန်းများ သာ မေးရန် ။

နေ့ ရက် – ၆ရက် စနေနေ့  ( သဘက်ခါ ) အချိန် – နံနက် ၉နာရီမှ ညနေ ၃နာရီအထိ တည်နေရာ – တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ လူစုပါမည် ။

အကျီ င်္အဖြူလေးတွေသာ ဝတ်လာကြပါနော် လိုက်မည့်သူများ Cb မှာ စာရင်းလာပေးပါသက်မှတ်ပေးသော တည်နေရာများ – မြို့ မဈေး မီးပွိုင့်မှ စူဠာမုနိ ဘုရားအထိ လမ်းလျှောက်ဆန္ဒပြမည်။လိုက်ပါလိုသူများအနေဖြင့် သက်မှတ်ပေးထားသောစည်းကမ်းများကို လိုက်နာပေးကြပါခဗျာ ။စနေနေ့ နံနက် ၉နာရီ အချိန်တွင် ဗိုလ်ချုပ်ပန်းခြံတွင်း လူစု၍ ၁၀နာရီ အချိန်တွင် ထွက်ခွါပါမည် ။pleaseတောင်ကြီးသူတောင်ကြီးသားများ သိရှိစေရန် Share ခြင်းဖြင့်ကူညီပါ ❤

စာရင်းပေးရန် : https://www.facebook.com/oppa.kaungsat.940

Credit : Kaung Sat

Yenin Phawah (ApannPyay)