ဗစ်တိုးရီးယားရဲ့ အမေနေရာမှာဆို ကိုယ်တိုင်သတ်ပြီးထောင်ထဲဝင်မယ်ဆိုတဲ့ မင်းသမီးချော ခင်ဇာခြည်ကျော်

240

ခုတစ်လော သမီးငယ် ဗစ်တိုးရီးယားလေးရဲ့အမှုကို တစ်နိုင်ငံလုံးနီးပါး စိတ်ဝင်စားနေရပါတယ်။ အမှုဟာ အရမ်းကြာနေပေမယ့်လည်း အခုဆို တရားခံပေါ်ထွက်လို့လာခဲ့ပါပြီ။ သို့သော်လည်း ပေါ်ထွက်လာတဲ့တရားခံအပေါ် ပြည်သူလူထုအနေနဲ့မေးခွန်းထုတ်စရာတွေလည်းရှိနေပါတယ်။ အခုဆိုရင် သမီးငယ်လေးအတွက် တရားဝင်ဆန္ဒပြမှုတွေလည်း ဆက်တိုက်နီးပါး ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။

ပြည်သူတွေထဲမှာမှ အနုပညာရှင်များကလည်း ဒီရလဒ်အပေါ် သံသယဖြစ်နေဆဲပါပဲ။ သမီးငယ်လေး ဗစ်တိုးရီးယားအတွက် အစွမ်းကုန်ကူညီပေးနေတဲ့ အနုပညာရှင်များစွာလည်း ရှိနေပါတယ်။ ယခုဆိုရင် မင်းသမီးချော ခင်ဇာခြည်ကျော် အနေနဲ့မခံမရပ်နိုင်ဖြစ်နေပါပြီ။ ဒါကြောင့် သူသာ သမီးလေးဗစ်တိုးရီးယားရဲ့ အမေနေရာမှာဆို သတ်ပြီး ထောင်ထဲဝင်မယ်ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ရေးသားပြောဆိုခဲ့ပါတယ်။

မင်းသမီးချော ခင်ဇာခြည်ကျော်က ခုလိုပဲရေးသားထားပါတယ်။ ” သနား လိုက် တာ victoria လေးရယ်.. မိအေး ၂ ခါ နာ ဆိုတာ ဒါမျိုးပေါ့ ..သူအမေနေရာမှာ ကိုယ်သာ ဆို ရင် တော့ ကိုယ်တိုင်သတ်ပြီးမှ ထောင်ထဲဝင်မယ် ” ဆိုပြီး ရေးသားခဲ့တာပဲဖြစ်ပါတယ်။ ဒီစာကို ဖတ်ခြင်းအားဖြင့် မင်းသမီးခင်ဇာခြည်ကျော်အနေနဲ့လည်း ခံပြင်းစိတ်ဒေါသနဲ့အတူ စိတ်မကောင်းဖွယ်ဖြစ်နေတာကို မှန်းလို့ရနိုင်ပါတယ်နော်။ ApannPyay ပရိတ်သတ်ကြီးလည်း သမီးငယ်လေးဗစ်တိုးရီးယားအတွက် ခံပြင်းနေကြမယ်ဆိုတာသိပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် ပါဝင်ကူညီကြရအောင်နော်။

San Htet Wai ( ApannPyay )

Source – Khinzar Chikyaw Zar