မုဒိမ်းမှုတရားခံဟု စွပ်စွဲခံထားရသူ အောင်ကြီးရဲ့ မိဘများမှ ဝမ်းနည်းစွာ ရင်ဖွင့်လာမှုများ

386

နေပြည်တော်တွင် ဖြစ်ပွားခဲ့သော ၂နှစ်နဲ့၈လအရွယ် သက်ငယ်မဒိန်းမှုနှစ်ပက်သက်ပြီး လက်တလောဖြစ်ခဲ့တဲ့ အခြေအနေအရ Wisdom Hillကိုယ်ပိုင်အထက်တန်းကျောင်း နေပြည်တော် သပြေကုန်းရက်ကွက်တွင် မှုကြိုကျောင်း တက်ရောက်နေသည် သမီးငယ်လေး Victoryဟာ မတရားကျုးလွန်ခံခဲံ့ရတာဘဲ ဖြစ်ပါတယ်။

ထိုအမှုကို အချိန်တစ်လကျော်တိုင်အောင် တရားခံပေါပေါက်လာခဲ့ချင်းမရှိပါ လက်တလောမှာတော့ တရားခံလိုထင်ရသူကို ဖမ်းဆီးစစ်ဆေးနေကြောင်းလို့ သိရပါတယ်။ အခုမှာတော့ တရားခံလိုထင်ရသူ ကိုအောင်ကြီး ရဲ့ ဖခင်ဖြစ်သူရဲ့ ရင်ဖွင့်ပြောကြားထားတဲ့ အကြောင်းရာလေးတွေကို တင်ပြပေးခဲ့တာဘဲဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ဦးရဲ့သားအကြောင်းလေးကို ပြောပြပေးပါ ဆိုတဲ့ အပေါ်မှာတော့ အောင်ကြီး ဖခင်က ” ကျွန်တော်သားက အေးအေးဆေးဆေး နေတက်တဲ့သူပါ စိတ်ညစ်တာလဲသူမခံတက်ဘူး ရပ်ကွက်ထဲမှာလဲ လူချစ်လူခင်ပေါတဲ့ လူတစ်ယောက်ပါ”

အဲ့တော့ အခုအဲ့ကျောင်းက ဆရာမဒေါ်ဥမ္မာဆီမှာ အလုပ်ဘယ်လို ဝင်ဖြစ်သွားလဲဆိုတော့” ၁၅ ရက်နေ့ကပေါ့ ကျွန်တော်ရဲ့တူပေါ့ သူနဲ့ညီအစ်ကိုဝမ်းကွဲတော်တဲ့သူက ဆရာမဒေါ်ဥမ္မာက ယာဉ်မောင်းတစ်ယောက်လိုလို့ပါပြောလို့ ကျွန်တော်က wisdom hill ကျောင်းမှာ နီးနီးနားနားရှိတယ် မင်းမောင်းမလာဆိုလို့ အဲ့ ၁၅ရက်နေ့ညမှာ ကျောင်းအုပ်ဆရာမ ဒေါ်ဥမ္မာ ကိုသွားတွေ့ခဲ့တယ် ကျွန်တော်သားရယ် တူလေးရယ်နှစ်ယောက် မောင်းဖို့ပြောခဲ့တယ်။ ဆရာဒေါ်ဥမ္မာက မနက်ကျရင်လာခဲ့ဖို့ပြောတယ် သူအိမ်ရှေ့ကို အိမ်ရှေ့ကဘဲ ကားနဲ့လိုက်သွားခဲ့တာပါ အဲ့နေ့က ၁၆ ရက်နေ့ပေါ့ အဲ့နေ့ကအလုပ်စဆင်းတယ်။

အဲ့နေ့ကသူဘယ်အချိန်အိမ်ပြန်လာလဲဆိုဒါကိုတော့” ညနေ့ ၆နာရီ၁၅ အချိန်လောက်ပေါ့ ဒါပေမယ့်ပြန်လာတဲ့အချိန်က မမှန်ပါဘူး ၆နာရီဝန်းကျင်လောက်ပေါ့ ”

အမှုနဲ့ပက်သက်ပြီး မိဘတွေကို ကိုအောင်ကြီးက ဘာများပြောလဲ ဆိုဒါကိုတော့” အမှုနဲ့ပက်သက်ပြီး သားကတော့ မဟုတ်တာကိုမဟုတ်ဘူးဘဲ ပြောပါတယ် သားလဲမဟုတ်ဘူး ဆရာမက CD ခွေလာယူပါဆိုလို့ သွားတယ် ကားမလာသေးလို့ ဆရာမက ခုံမှာခနထိုင်ဆိုလို့ထိုင်နေတယ် ကားလာတော့ အဲ့ကာ့း ဆရာမယောက်ျားကားနဲ့ဘဲ ပြန်ထွက်လာတယ်ပေါ့ အဲ့ဒါလေးဘဲသားကသိတော့ အဲ့ဒါဘဲပြောတယ် ”

အဲ့တော့ သူမကျုးလွန်ဘူးလို့ပြောလား ဆိုတဲ့မေးခွန်းကိုတော့” ပြောပါတယ် မလုပ်ဘူး သူမကျုးလွန်ဘူးလို့တော့ မိဘတွေကိုသူရဲရဲဝင့်ဝင့်သူပြောတယ် ”

အဲ့တော့ သူကိုရဲဘက်CID ကMayလ ၃၀ ရက်နေ့ကခေါ်စစ်တယ် June ၂၄ ရက်နေ့မှာပြန်လွှတ်တယ် ပြောတယ် ဘာလို့ပြန်လွှတ်တာလဲ ခမျ DNAတွေဘာတွေလဲ စစ်တယ်လို့သိရတယ် ဆိုဒါကိုတော့” ဖမ်းခံရပြီး ၁၁ရက်ရမန်တစ်ပက်ပြည့်သွားတယ် အဲ့တော့ Cidက အမှုမပျက်သေးလို့ဆိုပြီး စစ်ဆေးချက်မပြည့်စုံသေးလို့ ကျွန်တော်တို့ နောက်ထက်ရမန်ထက်ယုပါမယ်ပြောတယ နှစ်ပတ်ပြည့်သွားတော့ ၂၄ ရက်မတိုင်မှီ ၂၃ရက်နေ့ညမှာ CID ကိုဗိုလ်ကြီးတစ်ယောက်ကနေပြီးတော့ ကျွန်တော် တို့မနက်ကျရင်လွတ်ပေးပါမယ် အဘတို့ မနက်ဘယ်သူတွေခေါ်လာမလဲလို့ မေးပါတယ်။ ကျွန်တော်က အမျိုးသမီး ရယ်သမီးရယ်ပါလာမယ်လို့ ပြောတော့ ကောင်းပြီကျွန်တော်တို့က လူအများကြီးမသိစေခြင်ဘူး လူတွေသိသွားရင်ပွကုန်လို့ အမေကြီးအဘတို့ဘဲ လာခဲပါပေါ့ စခန်းကို ၈နာရီခွဲလောက်လာခဲ့ပေါ့ ကျွန်တော်လဲလာခဲ့မယ်ပေါ့။

၂၄ ရက်နေ့မနက် ၈နာရီခွဲ မြို့မရဲစခန်းရှေ့ကို ကျွန်တော် ရောက်ပါတယ် သူတို့ CID က ၉နာရီခွဲ လောက်ရောက်လာပါတယ် ပြီးတော့ကျွန်တော်တို့ကို လက်မှတ်ထိုးခိုင်းပါတယ်။ လက်မှတ်ပါအကြောင်းအရာကို ကျွန်တော် ကြည့်တော့ လိုအပ်ရင်ခေါ်ယူစစ်ဆေးခွင့်ပြုနိုင်ပါသည် ဆိုတဲ့ အဖေအမေလက်မှတ်ထိုးရပါတယ်။

ပြီးတော့ တရားရုံးမှာလုပ်ထားတဲ့ အတွက်တရားကလွှတ်မှရတယ် ဆိုပြီး သူကားနဲ့ခေါ်တယ် အောင်ကျော်မျိုး ကိုတော့သူကားနဲ့ခေါ်တယ် ကျွန်တော်က နောက်ကနေကားနဲ့လိုက်ခဲ့တယ် တရားရုံးရောက်တော့ ရဲနှစ်ယောက်နဲ့ကျွန်တော်သားရယ် တရားသူကြီးဆီသွားတယ် ပြီးတော့ပြန်ထွက်လာတယ် စာရွက်ကျန်ခဲ့လို့ဆိုပြီး ကျွန်တော်တို့ကို ဘာမှမပူနဲ့စာရွက်ကျန်ခဲ့လို့ ပြန်ယူအူးမယ် ဆိုပြီးပြန်ထွက်သွားတယ် သားကိုပါခေါ်သွားတယ် သူတို့ကားနဲ့ ၁၁ နာရီခွဲလောက်မှာ သူတို့အမှုတွဲတင်တယ် တင်တဲ့အခါ တရားသူကြီးကဖတ်ပြတယ် DNAလဲမတူဘူး သက်သေထွက်ချက်ခိုင်လှုံမှုမရှိတဲ့ကြောင့် မင်းကိုပြန်လွတ်လိုက်ပြီ ဆိုပြီး သူကိုအမိန့်ပေးပြီး ပြန်လွတ်လိုက်တယ်။

အပြင်ရောက်လာတော့ CID ကဆရာကြီးတွေနဲ့ ကျွန်တော် စကားပြောတော့ကျွန်တော်တို့ကိုနှစ်သိမ့်တယ် သူတို့ အစောကြီးထဲကသိပါတယ် ဒီကလေး မဟုတ်ဘူးဆိုတာ ကံနိမ့်လို့သာဖြစ်သွားတာပါပေါ့ အဲ့ဗိုလ်ကြီးကပြောပါတယ် ကျန်တော်တို့ကို နောက်တခုကဒီလိုပြန်လွတ်တာကို ဘယ်သူမှမသိစေနဲ့ မိသားစုကလွဲရင် နောက်ပက်ဝန်းကျင်သိရင်ပွနေမှာ သူကိုလဲအပြင်မထွက်ပါစေနဲ့လို့ ပြောတယ် ”

အခုဒီအမှုနဲ့ပက်သက်ပြီးတော့ငွေပေးကမ်းလှမ်းတယ်လို့ ကောလဟာလတွေအပေါ်မှာရော ဘယ်လိုများတုန့်ပြန်ချင်လဲ ဆိုဒါကိုတော့” ကျွန်တော်တို့က ကိုယ်သားသမီးကိုမွှေးထုပ်ထားတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငွေ သောင်းဘဲပေးပေး ထောင်ဘဲပေးပေး မလဲနိုင်ပါဘူးလို့ မဟုတ်ပါဘူးလို့လဲပြောခြင်ပါတယ် တင်တဲ့သူကိုတိုက်ရိုတ် ဒီနေရာကနေ”

ဒီအမှုနဲ့ပက်သက်ပြီးတော့ နိုင်ငံတော်အကြီးအကဲ တွေကိုဘာများပြောချင်သေးလဲ ဆိုတော့” နိုင်ငံတော်အကြီးအကဲတွေနဲ့ သမ္မတကြီး ကို ကျွန်တော်တို့က ဘာအင်အားမှမတောင့်တင်းပါဘူး ဘယ်မှလဲ မသွားတက်မလာတက်ပါဘူး တက်နိုင်ရင်ကျွန်တော်တို့ကို အကုန်လုံးကူညီပါလို့” ပြောကြားသွားခဲ့ပါတယ်။ AlinnMyay ချစ်ပရိသတ်ကြီးလည်း ဘယ်လိုမြင်ကြပါသလဲခင်ဗျာ…။

(AlinnMyay)