ခရီးအပြန် ဓါတ်ပုံကိုပြန်ကြည့်ရာ သရဲကိုမြင်တွေ့လိုက်ရတဲ့ဖြစ်ရပ်

0
41

မင်္ဂလာပါ AlinnMyay ပရိတ်သတ်ကြီးရှင့်။ လူတော်တော်များများကတော့ ကြောက်မက်ဖွယ်ဇာတ်ကားတွေ ကြည့်ပြီးနောက်မှာ အမြဲလိုလိုအိပ်မပျော်တာတွေဖြစ်တတ်ကြတာ မှန်ပါတယ်နော်။ ဒါဆိုရင် အပြင်မှာတကယ်တွေ့မယ်ဆိုရင် သင်ဘယ်လိုခံစားရမလည်း။ တွေးကြည့်ရင်တောင် ကျောချမ်းစရာပါပဲနော်။ ဒီမှာဆိုရင် အမျိုးသမီးကြီးတစ်ဦးကတော့ သူ့ရဲ့သားသမီးများကို ဓါတ်ပုံရိုက်ပေးရာကနေ သားတစ်ဦးရဲ့ပုခုံးနားမှာ သရဲတစ်ကောင်မြင်ခဲ့ရလို့ အလွန်ကိုထိတ်လန့်နေရရှာပါတယ်။

Newcastle မှာရှိတဲ့ Plessey Woods ပန်းခြံကို သူတို့မိသားစုလေးဟာ ခရီးတိုလေးအဖြစ်ထွက်ခဲ့ကြပါတယ်။ သူမဟာသူမရဲ့ သားByrin၊ သမီးChrlotte နဲ့ သူမရဲ့တူလေး Jack တို့နဲ့အတူ ဒီနေရာကိုလာရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။ သူမနာမည်ကတော့ Laura လို့အမည်ရှိပြီး ဒီကိစ္စကို သိရှိပြီးနောက်မှာတော့ သူမတို့မိသားစုဟာ ထိတ်လန့်မှုနဲ့အတူ ကောင်းမွန်စွာ မအိပ်စက်ခဲ့ရဘူးလို့ ဆိုပါတယ်။ ပိုဆိုးတာကတော့ သူမရဲ့အမျိုးသားဟာ ညဆိုင်းအလုပ်ကို ပြောင်းရွေ့ထားတာဖြစ်တဲ့ အတွက်ကြောင့် ညဘက်ဆိုရင် တစ်ယောက်တည်းပဲနေရတယ်လို့သိရပါတယ်။

တကယ်တော့ ဒီကိစ္စကို အိမ်ပြန်ရောက်တော့မှသိခဲ့ရတယ်လို့ ဆိုပါတယ်။ ဖေ့ဘုတ်ပေါ်ကို တင်ခဲ့ပြီး လူအများကို တိုင်ပင်ခဲ့ပါသေးတယ်။ ဆုတောင်းပြုဖို့ အကြံတွေလည်းရခဲ့တယ်လို့သိရပါတယ်။ သူမကိုယ်တိုင်လည်း ခုထိမယုံနိုင်အောင် ထိတ်လန့်နေရပါတယ်။ သူမနဲ့ သူမရဲ့မိသားစုဟာ ပန်းခြံလေးက အရိပ်ရအေးချမ်းပြီး ရာသီဥတုကလည်းသာယာတာမို့ အတော်လေးပျော်ခဲ့ရတယ်လို့ဆိုပါတယ်။ ကလေးတွေ သစ်ပင်တစ်ပင်ပေါ်တက်ပြီး ဆော့ကစားနေတာကို ဓါတ်ပုံရိုက်မယ်ဆိုပြီး အမှတ်တရ ရိုက်ခဲ့တယ်လို့သိရပါတယ်။

သူမပြောဆိုချက်အရ သူတို့မိသားစုလေးဟာ လူရှင်းတဲ့ဘက်ကို ရွေးပြီး ဆော့ကစားနေကြတာလို့ ဆိုပါတယ်။ တကယ်ကို ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ဘေးမှာ သူတို့မိသားစုကလွှဲရင် ဘယ်သူမှ မရှိခဲ့ဘူးဆိုတာကို တစ်မိသားစုလုံး သတိပြုမိခဲ့ကြတယ်လို့ ဆိုပါတယ်။

သူမပြောဆိုချက်ကတော့ ” ကျွန်မအနေနဲ့ အိမ်ပြန်ရောက်တော့ ပုံကို ကွန်ပျူတာထဲထည့်ပြီး ကြည့်လိုက်တာ သားလေးရဲ့နောက်က ဘယ်သူလည်းပေါ့ နီးနီးကပ်ကပ်ဆွဲကြည့်လိုက်တော့မှ အရမ်းကို ကြောက်သွားခဲ့ရပါတယ။် အချို့လူတွေကတော့ ကျွန်မကို ဒါဖိုတိုရှော့ပေါ့ တကယ်တော့ ကျွန်မကအဲ့လိုတွေ ဘယ်လိုလုပ်ရမယ်ဆိုတာတောင် မသိရပါဘူး။ နည်းပညာပိုင်းကို သိပ်မကျွမ်းကျင်ဘူးဆိုတာ ဝန်ခံပါတယ် ” ဆိုပြီးပြောပြသွားခဲ့ပါသေးတယ်။

တစ်ချို့လူတွေကတော့ ဒီပုံလေးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီပန်းခြံမှာ မြစ်ထဲပြုတ်ကျပြီး သေဆုံးသွားတဲ့ ကောင်လေးရဲ့ပုံရိပ်လို့ဆိုပါတယ်။ သူမအနေနဲ့တော့ ဒီအကြောင်းကို ပြည့်ပြည့်စုံစုံမသိဘူးလို့ဆိုပါတယ်။ ” တစ်ချို့ကတော့ သားလေးဆီမှာ အမွှာတွေဘာတွေရှိခဲ့ဘူးလားလို့မေးပါတယ်။ ကျွန်မအမျိုးတွေထဲမှာတော့ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားတာမျိုးမရှိခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ကျွန်မ ဒီဖြစ်ရပ်ကို မေ့နိုင်အောင်ကြိုးစားနေပါတယ်။ အဲ့နေ့က ပုံမမြင်ခင်ထိတော့ အေးချမ်းပြီး ပျော်ရွှင်တဲ့ ခရီးတိုလေးတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ”

AlinnMyay ချစ်ပရိသတ်ကြီးရော ဒီလိုအဖြစ်မျိုးကြုံဖူးကြပါသလား။ ဒီပုံကို ဘယ်လိုမြင်ပါသလည်း။ ကြုံတွေ့ခဲ့ရတဲ့မိသားစုအတွက်လည်း တစ်ခုခု ပြောသွားခဲ့ပါဦးနော်။

San Htet Wai ( AlinnMyay )

Source – Ladbible