သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ကိုလူချောအဖွဲ့ဝင် လူကြမ်းတွေရဲ့ ပြောစကားများ

260

မြန်မာနိုင်ငံမှာတော့ လက်ရှိမှာ ဖြစ်ပွားနေတဲ့ ဗစ်တိုးရီးယားဆိုတဲ့ ကလေးမလေး ရဲ့ သက်ငယ် မုဒိမ်းမှုနဲ့ ပတ်သက်ပြီး တော်တော်လေးကို သတင်းတွေက ပျံ့နှံ့ နေပြီး လူအများလည်း စိတ်ဝင်စားနေကြတာပါ။ ဒီအမှုနဲ့ ပတ်သက်ပြီး လူတော်တော်များများကလည်း အမှန်တရားကို သိချင်နေကြသလို ဆန္ဒပြပြီး ထုတ်ဖော်နေကြတဲ့ သူတွေကလည်း များပြားလာပါတယ်။ တကမ္ဘာလုံးက လုံးဝလက်မခံနိုင်တဲ့ အမှုဖြစ်တဲ့ သက်ငယ်မုဒိမ်းမှုနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်သွားတဲ့ ဗစ်တိုးရီးယားအမှုကိုတော့ ဦးအောင်ခိုင်ဦးဆောင်တဲ့ ကိုလူချောအဖွဲ့က လူကြမ်းတွေကတော့ ချက်ကျလက်ကျ ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။

လူကြမ်းကြီးတွေကတော့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး “ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေက မရှိသင့်ဘူးလို့ ထင်ပါတယ်။ ရှင်းရှင်းပြောရရင် ဒီ Sex ကိစ္စက လူတိုင်းလုပ်ကြတာပဲလေ။ ဒီလိုလုပ်ချင်ရင် အပြင်မှာငွေကြေးပေးပြီး လုပ်လို့ရတာတွေ အများကြီးပါ။ အကယ်လို့များ အဲ့လိုလုပ်ဖို့ ငွေလိုရင် ကျတော့်ဆီလာတောင်းပါ။ ကျတော်ပေးပါ့မယ်”

“ဒီလောက်ကလေးငယ်လေး အပေါ် ကိုယ့်ရဲ့ စိတ်ဆန္ဒတခုထဲကို ရှေ့တန်းတင်ပြီး လုပ်တာကတော့ အင်မတန်ဝမ်းနည်းစရာကောင်းသလို ဖြစ်လည်း မဖြစ်သင့်ပါဘူး။ တကယ်ကို ရွံစရာကောင်းတဲ့ အလုပ်ကြီးပါ။ ဖေ့ဘုတ်တွေပေါ်မှာလည်း သက်ငယ်မုဒိမ်းမှုတွေကို မြင်နေရတာ။ ဦးတို့နားမှာ ဒီကောင့်ကို မိကြည့်ပါလား။ ဒီကောင် အသေပဲ”

“လူမျိုးပျောက်မှ တိုင်းပြည်ပျက်တာ မဟုတ်ဘူး… ဥပဒေမဲ့ရင်လည်း တိုင်းပြည်ပျက်တာပဲ”

ဥပဒေဆိုတာက နိုင်ငံတိုင်းမှာ တည်မြဲနေရပါတယ်။ ဒါပေမယ့်လည်း ကျတော်တို့ မြန်မာနိုင်ငံမှာတော့ ဥပဒေက ငွေစကားနားထောင်နေရတယ်လို့ မြင်မိပါတယ်။ စုံစမ်းသူတွေကလည်း ပါဝါမကြည့်ရဘူး မျက်နှာမကြည့်ရဘူး။ မှန်မှန်ကန်ကန် လုပ်သင့်ပါတယ်။

အာဏာက ငွေစကားနားထောင်နေရင် တိုင်းပြည်ကြီး မငြိမ်းချမ်းဘူးလို့ ထင်ပါတယ်။ ဥပဒေပျက်လို့ နိုင်ငံပျက်တာက ပိုဆိုးပါတယ်။ ဗစ်တိုးရီးယား အမှုဆိုလည်း မလုပ်သင့်တဲ့ အလုပ်ကိုလုပ်တယ်လို့ပဲ မြင်မိပါတယ်”

“၃ နှစ်အရွယ်လောက်ကလေးလေး သူတို့အမေနို့တောင် ပျက်သေးရဲ့လား မသိဘူး။ ဒီလိုကလေးလေးကို လုပ်လို့ လူတွေပေါက်ကွဲကြတာဆိုရင် လူတွေမှန်တယ်။ မမှားပါဘူး။ ကျနော်တို့သာ ကိုယ်တိုင်ဝင်ခံစားမိမယ် ဆိုရင်တော့ ကိုယ့်သားသမီးမြေးကို လုပ်တဲ့သူကို မသေမချင်းလိုက်သတ်မိမှာပါပဲ။

အခုဆိုလည်း ဒီအမှုလေးက ကွင်းဆက်လေးတွေပေါ်နေပြီ။ ဒါကြောင့် ဘယ်သူ့ကိုမှ မကြည့်ပါနဲ့။ ဘယ်ပါဝါကိုမှ မကြောက်ပါနဲ့ အမှန်အတိုင်းလုပ်ကြပါ။ တခြားအမှုတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း သက်ငယ်မုဒိမ်းမှုကိုတော့ ဘယ်တော့မှ မလုပ်ကြပါနဲ့လို့ တောင်းဆိုချင်ပါတယ်” ဟု ကိုလူချောအဖွဲ့က လူကြမ်းတွေက ပြောကြားသွား ခဲ့ပါတယ်။ AlinnMyay ချစ်ပရိသတ်ကြီးလည်း လူကြမ်းနေရာတွေမှာ သရုပ်ဆောင်ရလို့သာ ရုပ်ရှင်တွေထဲမှာဆိုးနေပေမယ့် အပြင်မှာတော့ သူတို့ပြောစကားတွေက တကယ်မှန်ကြမယ်လို့ ထင်မိမယ် ထင်ပါတယ်။

AlinnMyay(အလင်းမြေ)

Credit to AlinnMyay (အလင်းမြေ )