ပဲခူးတိုင်းဒေသကြီးတွင် ၁၇ နှစ်အရွယ် ခယ်မလေးကို သားမယားပြုကျင့်မှုဖြစ်ပွား

122

(၃၃)နှစ်အရွယ် အမျိုးသားမှ (၁၇)နှစ်အရွယ် ခယ်မဖြစ်သူ အမျိုးသမီးအား အလိုမတူပဲ သားမယားပြုကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဖောင်းကန် ရပ်ကွက် ငါးပျက်အင်းနေ ကျော်မင်းဟန်၏ တဲနေအိမ်တွင် တရားလိုဖြစ်သူ မကြည်ကြည်ထွေး(ခ)မကြည်လေး (၁၇)နှစ်(ဘ) ဦးသိန်းရွှေ ဖောင်းကန်ရပ်ကွက်ပန်းတောင်းမြို့သည် အမအရင်းဖြစ်သူ မခင်နှင်းဝေ(၂၂)နှစ် (ဘ)ဦးသိန်းရွှေ ဖောင်းကန်ရပ်ကွက် ပန်းတောင်းမြို့နှင့် ခဲအိုဖြစ်သူ ကျော်မင်းဟန်(၃၃)နှစ် (ဘ) ဦးသောင်းဟန် အောင်မင်္ဂလာကျေးရွာ ရေလည်ကျွန်းအုပ်စု ပန်းတောင်းမြို့ တို့နှင့်အတူ နေထိုင်ကြသည်ဟု သိရှိရပါသည်။

အခင်းဖြစ်နေ့က အမဖြစ်သူ မခင်နှင်းဝေမှာ ဖောင်းကန်ရပ်ကွက်သို့ ဈေးဝယ်သွားစဉ် ၎င်းနေအိမ်ထဲ၌ မကြည်ကြည်ထွေး(ခ)မကြည်လေး နှင့် ခဲအိုဖြစ်သူကျော်မင်းဟန်တို့နှစ်ဦးတည်းရှိနေကြောင်း ခဲအိုဖြစ်သူမှတဲနေအိမ်အခန်းတွင်းသို့ ဆွဲခေါ်ကာ အလိုမတူပဲ သားမယားအဖြစ် (၁ကြိမ်)ပြုကျင့်ခဲ့ကြောင်းခဲအိုဖြစ်သူ ကျော်မင်းဟန်မှ’မည်သူ့ကိုမှ ပြန်မပြောရန်နှင့်ပြန်ပြောလျှင် သတ်ပစ်မည်’ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း

နောက်တစ်နေ့ည ၃နာရီ အချိန်ခန့်တွင် မကြည်ကြည်ထွေး(ခ) မကြည်လေး သည် ခဲအိုဖြစ်သူနှင့်အတူ စည်သာရပ်ကွက်ရှိ ငါးဒိုင်သို့တောလမ်းအတိုင်း ငါးများသွားပို့စဉ် လမ်းတစ်ဝက် ခြုံပုတ်ထဲ၌ ခဲအိုဖြစ်သူမှ အလိုမတူပဲ သားမယားအဖြစ် (၁ကြိမ်)ထပ်မံပြုကျင့်ခဲ့ ကြောင်း

နောက်တစ်နေ့ည (၇နာရီခွဲ)အချိန်ခန့်တွင် ဖောင်းကန်ရပ်ကွက်နေ မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်နေအိမ်မှ ခဲအိုဖြစ်သူနှင့်အတူ တောလမ်း အတိုင်းပြန်လာစဉ် အင်းဘောင်ပေါ်တွင် အလိုမတူပဲ သားယားအဖြစ် (၁ကြိမ်)ထပ်မံပြုကျင့်ခဲ့ကြောင်း

ပြန်ပြောလျှင် သတ်ပစ်မည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့၍ မည်သူကိုမျှ မပြောခဲ့ကြောင်း (၅.၇.၂၀၁၉)ရက်နေ့တွင် ဓမ္မတာမလာ၍ နေထိုင် မကောင်းကြောင်း မကြည်ကြည်ထွေး(ခ)မကြည်လေးမှ မိခင်ဖြစ်သူ

ဒေါ်မြင့်မြင့်အား ပြောပြရာ မိခင်မှ ဆီးစစ်တံဝယ်၍ စစ်ကြည့်ရာမှ ကိုယ်ဝန်ရှိသည့် လက္ခဏာပြကြောင်းသိရှိရ၍ မကြည်ကြည်ထွေး(ခ) မကြည်လေးမှ ၎င်းအား အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်သူ

ကျော်မင်းဟန်အား ဥပဒေအရ အရေးယူပေးပါရန် (၇.၇.၂၀၁၉) ရက်နေ့ (၁၆:၃၀)အချိန် ပန်းတောင်းမြို့မှ ရဲစခန်းသို့ လာရောက်တရားလိုပြုလုပ်တိုင်တန်းခဲ့သည်ဟုဆို၏။၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှ တရားခံ ကျော်မင်းဟန်အား ရေလည်ကျွန်းအုပ်စု အောင်မင်္ဂလာကျေးရွာသို့နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်မင်းဦီး အဖွဲ့မှ စက်လှေဖြင့်သွားရောက် ဖမ်းဆီးရမိခဲ့ ကြောင်း

(၁၆:၄၀)အချိန် ပန်းတောင်းမြို့မရဲစခန်း၏ (ပ)၇၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်လှစ်ပြီး အမှုအား အမှုစစ်အဖြစ် ဒုရဲမှူးအောင်အောင်(စခမ)မှ လက်ခံစစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

ဦးငယ်(ပန်းတောင်း)