ယောကျာ်းလေးတွေပဲ အဆိုပြိုင်ပွဲမှာ အနိုင်ရတာနဲ့ ပတ်သက်ပြီး ရှင်းလိုက်တဲ့ ဘီလီလမင်းအေး

329

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲမှ တဆင့် လူသိများလာပြီး ပရိသတ်တွေ အခိုင်အမာ ရရှိလာတဲ့ ဘီလီလမင်းအေး ကတော့ လက်ရှိချိန်မှာတော့ အောင်မြင်တဲ့ အဆိုတော် တယောက်အဖြစ်တောင် ရပ်တည်စ ပြုနေပါပြီ။ ဘီလီလမင်းအေးကတော့ သိပ်မကြာသေးခင်ကလည်း သူ့ရဲ့ တကိုယ်တော် အယ်လ်ဘမ်လေးကို ထုတ်ထားတာ ဖြစ်ပါတယ်။ ဘီလီကတော့ အင်တာဗျူးမှာတော့ ဒီလိုမျိုး အဆိုပြိုင်ပွဲတွေ တော်တော်များများမှာ ယောကျာ်းလေးတွေပဲ Winner ဖြစ်နေတဲ့အပေါ် သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။

ဘီလီလမင်းအေးကတော့ ယောကျာ်းလေးတွေပဲ Winner ဖြစ်နေတဲ့ အပေါ်မှာတော့ “ဖူးကတော့ မိန်းကလေးဖြစ်လို့ မိန်းကလေးတွေကိုတော့ ရစေချင်တာပေါ့နော်။ ဒါပေမယ့်လည်း ယောကျာ်းလေးတွေက ပိုတော်နေလို့ပေါ့နော်။ မိန်းကလေးတွေလည်း ပိုပြီးကြိုးစားကြပါလို့ အကြံပေးချင်ပါတယ်။

ဖူးတို့ကျတော့ အနုပညာကို ချစ်တော့ အနုပညာကို ဆက်တိုက်လုပ်တယ်။ ချပြတယ်။ ကိုယ်သည် Winner မဖြစ်ရင်တောင်မှ အနုပညာကို ဆက်ပြီးတော့ လုပ်ပါ။ ပုံမှန်ကြိုးစားနေတဲ့ လူတယောက်အတွက် ပန်းတိုင်ဆိုတာ ရှိပါတယ်။ အောင်မြင်မှုဆိုတာ ကိုယ့်အတွက် ရောက်လာမှာပါ။ အရှုံးမပေးလိုက်ပါနဲ့လို့ ပြောချင်ပါတယ်”

Myanmar Idol ပြိုင်ပွဲဝင်မယ့်သူတွေအတွက် ပြောချင်တာတွေနဲ့ ပတ်သက်ပြီး “Season 4 ရောက်တော့မှာဆိုတော့ ပြိုင်မယ့်ညီအကို မောင်နှမတွေ အားလုံး Fighting ပါ။ ကိုယ့်အတွက် တမိနစ်တိုင်းက တန်ဖိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ တဖြည်းဖြည်းမြင့်လာလေ မိနစ်တွေ အများကြီး ရှိလာမှာပါ။ ရရှိလာတဲ့ အခွင့်အရေးမှာကြောက်နေတာတွေ မဖြစ်ပါနဲ့။ ကြောက်စိတ်ကလည်း လူတွေကို ကျရှုံးစေတယ်။ ဖူးကတော့ အားလုံးကို ဖိုက်တင်းပါလို့ ပြောချင်ပါတယ်”

လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “ဖူးကတော့ လက်ရှိမှာ ဖူး အယ်ဘမ်လေး ထွက်ထားပါတယ်။ အယ်ဘမ်လေးကိုလည်း အားပေးကြပါလို့ ဖူးတခါတည်း ပြောချင်ပါတယ်။ ပြီးတော့ မိုးတွင်းဖြစ်တော့လည်း ခဏနားနေတာပေါ့လေ။ ဖူးထင်တာကတော့ ဒီမိုးတွင်းမှာ ထွေထွေထူးထူး လှုပ်ရှားမှုတွေ ရှိမှာ မဟုတ်ပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။ AlinnMyay ချစ်ပရိသတ်ကြီးလည်း ဘီလီလမင်းအေးရဲ့ ပြောစကားတွေအပေါ်မှာရော ဘယ်လိုသုံးသပ်မိကြလဲ။

AlinnMyay(အလင်းမြေ)Credit to AlinnMyay