အမျိုးသားကောင်းတွေမှာ ရှိသင့်ရှိထိုက်တဲ့ အချက်တွေကို ပြောပြလာတဲ့ လှနုထွန်း

235

ွှလှနုထွန်းကတော့ သိပ်မကြာသေးခင်က ဖေ့ဘုတ် လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာတော့ အိမ်ထောင်ရှင်မတွေနဲ့  ပတ်သက်ပြီး ကိုယ့်အမျိုးသားကို ဘယ်လို ပြုစု ဂရုစိုက်ရမယ့် ဆိုတဲ့ အကြောင်းအရာတွေကို ရေးသားရင်း လူသိများလာတာ ဖြစ်ပါတယ်။ လှနုထွန်းကတော့ ပြီးခဲ့တဲ့ လတုန်းကလည်း အမျိုးသမီးတွေကို ဖီးလ်လာအောင်မလုပ်ပေးတဲ့ ယောကျာ်းတွေနဲ့ ပတ်သက်ပြီး တင်ထားတာကြောင့် လူတော်တော်များများရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါသေးတယ်။ ယခုတခါမှာလည်း လှနုထွန်းကတော့ သူရင်ခုန်တဲ့ ယောကျာ်းပီသတဲ့ အမျိုးသားကောင်း တယောက်ရဲ့ ၂၄ ချက်သော အကွက်လေးတွေကို ရေးသားလိုက်ပြန်ပါပြီ။ လှနုထွန်းကတော့ သူရင်ခုန်တဲ့ ယောကျာ်းလေးက ဘယ်လိုပုံစံရှိရမယ်။ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာကို ရေးသားထားတာ ဖြစ်ပါတယ်။

သူရေးသားထားတာကတော့ “လှနုရင်ခုန်တဲ့ ယောက်ျားပီသတဲ့ အမျိုးသားကောင်းတယောက်ရဲ့ ၂၄ ချက်သော အကွက်လေးတွေ

(၁) တခုခုချိန်းထားရင် အချိန်တိကျတဲ့သူ ကြိုထွက်တတ်သူ ကားကျပ်တာကို အပြစ်မတင်ပဲ ချိန်းထားတာထက် ကြိုရောက်နေတဲ့သူ စာအုပ်တအုပ်ယူလာပြီး စာဖတ်ရင်း တနေရာမှာ ထိုင်စောင့်နေတတ်သူ။ နောက်ကျလို့  လှနုက စိတ်ဆိုးပြီး ပြန်တော့ဆိုရင် တောင်းပန်ပြီး သွားဖို့  ရည်ရွယ်တာ ရအောင် ခေါ်တတ်တဲ့သူ။

(၂) ပလက်ဖောင်းမှာ လမ်းလျောက်ရင် အတွင်းဘက်မှာ ကိုယ့်ကိုထားတယ် သူက လမ်းမဘက်ကနေ ပေးမယ် ဗွက်မစင်အောင် ကာကွယ်ပေးသူ

(၃) ခရီးသွားမယ် ဘယ်မှာ စားမယ် သေချာ စုံစမ်းပြီး ဘွတ်ကင်လုပ်ပေးတဲ့သူ။ မင်းကြိုက်တဲ့နေရာ သွားလေ မင်းရွေးလေ မင်းဘွတ်ကင်လုပ်လေ ဆိုပြီး ပြီး စလွယ်မပြောတတ်သူ။ နှစ်ယော က်အတူ တက်တက်ကြွကြွ ရွေးခြယ်ပြီး ခရီးသွားတာထက် ပူးပေါင်းလုပ်ဆောင်ခြင်းကို တန်ဖိုးထားလို့ ပါ

(၄) လှနု ချမ်းနေချိန်မှာ အနွေးထည်ကို ခြုံပေးတဲ့သူ ကားပေါ်မှာဆိုလည်း heater ဖွင့်ပေးတဲ့သူ လမ်းလျှောက်သွားတဲ့အခါ ထီးဘာလို့ ယူမလာတာလည်း အပြစ်မပြောပဲ နေပူချိန်မိုးရွာချိန်ထီးမျှပြီးဆောင်းပေးသူ။

(၅) လှနုကို တံခါးဖွင့်ပေးတဲ့သူ ဆုံလည်တံခါးဆို အရင် ၀င်ခွင့်ပေးသူ ကားရပ်လာရင် ကားတံခါးကို လမ်းမဘက်ကမဖွင့်ပဲ ဆင်းရလွယ်အောင် ကားမတိုက်မဲ့ဘက်ကနေ ဖွင့်ပေးတဲ့သူ

(၆) လှနုရုံးခန်းထဲ ဧည်းခန်းထဲ ထမင်းစားခန်းထဲ အိပ်ခန်းထဲဝင်လာရင် ငုတ်တုတ်ဆက်မထိုင်နေပဲ မတ်တပ်ရပ်ပြီး ကြိုဆိုပေးမယ်။ ပြန်ထွက်ရင်လည်း ထပြီး နှုတ်ဆက်ပေးတဲ့သူ

(၇) ဘယ်လောက်ခင်ခင် ပြောမနာဆိုမနာဖြစ်နေပါစေ နေ့ တိုင်းတွေ့ နေရပါစေ လှနုကို ချီးမွှမ်းစရာတကွက်တော့ တွေ့ တိုင်းပြောပေးတဲ့သူ

(၈) စားပွဲခုံမှာ မထိုင်ခင် ထိုင်ခုံလေးဆွဲပေးတတ်သူ မတ်တတ်ရပ်နေတာကြာရင် ထိုင်ဖို့ နေရာရှာပေးတဲ့သူ

(၉) ဘစ်ကားပေါ် ရထားပေါ် ဘဏ်မှာ လူပြည့်နေချိန် ဘိုးဘွားတွေ ကိုယ်ဝန်သည်တွေဝင်လာရင် နေရာ ဖယ်ပေးတဲ့သူ

(၁၀) လက်ထဲ အနွေးထည်တွေရော အိပ်တွေရော အများကြီးသယ်ထားချိန် ကူသယ်ပေးတတ်တဲ့သူ

(၁၁) ယူခဲ့စမ်း ပြစမ်း လို့ မပြောပဲ ယူခဲ့ပေးပါ ပြပါလို့ ပြောတဲ့သူ။ ကျေးဇူးပါကို ပြောပေးတတ်တဲ့သူ။ အင်းလို့မပြောပဲ ဟုတ်ကဲ့လို့ ပြောတတ်တဲ့သူ။

(၁၂) စားတဲ့သောက်တဲ့အချိန် လှနု နဲ့ တူတူ ဖြည်းဖြည်းချင်းစားပြီး အတူတူစောင့်စားပေးတဲ့သူ

(၁၃) မကြွားမ၀ါပဲ စားသောက်ဆိုင်မှာ ၀န်ထမ်းတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့သူ

(၁၄) အပြင် သွားပြီးတဲ့အခါ အိမ်အထိသေချာပြန်ပို့ ပေးသူ။ အပြန်လမ်းမှာ ဒီနေ့ အပြင်သွားရတာ ဘယ်လိုပျော်တဲ့အကြောင်းလေးပြောပြပေးသူ။

(၁၅) ခရီးဝေးသွားလို့ ကားပေါ် ရတားပေါ် လေယာဉ်ပေါ်တက်ရင်လဲ ဂိတ်အထိသေချာပြန်ပို့ ပြီး နှုတ်ဆက်ပေးတဲ့သူ။

(၁၆) ပြောတဲ့စကားတွေ ၀မ်းသာဝမ်းနည်း ပျော်ရွှင်မှု အားငယ်မှု တွေကို မျှဝေတဲ့အခါ သေချာ နားထောင်ပေးတဲ့သူ လှနုနဲ့  စာတူတူဖတ်ပေးတဲ့သူ

(၁၇) ဘာပဲပြောပြော ပြောသမျှကို တခြားကို စကားမသယ် စကားမရှုပ်ပဲ နဲ့ လျို့ ဝှက်ပေးတတ်တဲ့သူ

(၁၈) ဘယ်လောက်စိတ်ဆိုးဆိုး ငွေကြေးပြသနာဘယ်လောက်ရှိရှိ အရက် ဆေးဝါးသုံးစွဲနေပါစေ စိတ်လွတ်ပြီး မိန်းခလေးတယောက် ကလေးတစ်ယောက် ကို ရိုက်နှက်တာမျိုးမလုပ်တဲ့သူ

(၁၉) ဘာဝတ်ရမလဲ ဘယ်လိုလေးပြင်ရမလဲ မေးရင် အတူတူပါပဲ မထူးပါဘူး ကြိုက်တာဝတ်လေ လို့ မပြောပဲ သေချာရွေးခြယ်ပေးတဲ့သူ

(၂၀) လှနု ဘာရောင်ကြိုက်လဲ ဖိနပ်က ဘာဆိုဒ်လဲ အကျီက ဘာဆိုဒ်လဲ ဘာကြိုက်လဲ ဘာဆိုမကြိုက်ဖူးလဲ သေချာရေးမှတ်ထားတတ်တဲ့သူ

( ၂၁) ကိုယ့်မိဘ သူ့ မိဘ နှစ်ဖက် မိသားစုတွေကို လေးလေးစားစားဆက်ဆံတတ်တဲ့သူ

(၂၂) ပိုက်ဆက် သော့ပြင် ကားပြင် ခေါင်းမိုးပြင် စတာတွေကို ကိုယ်တိုင်မလုပ်တတ်ရင်တောင် ဘယ်သူ့ ကို ဆက်သွယ်ရမလဲ သိနေရမယ်။ အဲ့ဒီအကြောင်းတွေကို လေ့လာထားဖတ်ထားတတ်သူ

(၂၃) သူ့ ဘ၀မှာ လှနုဟာ ဘယ်လောက်အရေးပါကြောင်း မကြာမကြားပြောပေးနေတတ်သူ

(၂၄) လှနုကို ပါ သူ့ ကမ္ဘာထဲ အတူရှိနေဖို့  သူဒီနေ့  ဘယ်သူနဲ့ တွေ့ တယ် ဘာပြောဖြစ်တယ် ဘယ်လိုခံစားရတယ် ပြောပြပေးတတ်သူ

ဘဝမှာ ဒီ အချက်တွေနဲ့ အနီးစပ်ဆုံးကို ရရှိနေတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်ရှင်။ ချစ်တဲ့ လှနု (အသက်ရှုနေသမျှ ရင်ခုန်ခွင့်ရှိတယ်) လှနု စိတ်ကူးနော် သူများတွေကို လိုက်လုပ်ခိုင်းတာမဟုတ်ဖူးနော် လှနု ဖတ်နေကြ အမျိုးသားကောင်းဖြစ်စေဖို့ ရေးတဲ့ စာတွေ ထဲမှာလဲ ပါတယ်နော်” ဆိုပြီးတော့ ရေးသားထားတာ ဖြစ်ပါတယ်။ သူရေးသားတဲ့ စာလေးကတော့ တခဏလေးအတွင်းမှာပဲ အားပေးတဲ့သူ အများအပြားရှိခဲ့ပြီး ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ AlinnMyay ချစ်ပရိသတ်ကြီးထဲမှာလည်း ဒီအချက်တွေနဲ့ ကိုက်တဲ့ ယောကျာ်းကောင်းတွေ ရှိကြသေးလား။

AlinnMyay(အလင်းမြေ)