အောင်ကြီး မဟုတ်နိုင်ကြောင်း ဦးပညာ ရှင်းပြီ

327

စွပ်စွဲချက်ဖြင့် လက်တလော ဖော်ပြထားသော အောင်ကြီးမှာ မဟုတ်နိုင်ကြောင်း ကျောင်းအုပ်ရှင်းလင်း

Wisdom Hil မူကြိုကျောင်းသူလေးအား မဖွယ်မရာပြုကျင့်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရသူအနေနဲ့ မိနစ်အပိုင်းအခြားလေးအတွင်းမှာ ကျောင်းထဲ အခုလို ကလေးကို လိင်ပိင်းဆိုင်ရာ ကျူးလွန်မှု လုပ်ဆောင်ဖို့ဆိုတာဟာ တော်တော်ကို စဉ်းစားရခက်နေတဲ့ ကိစ္စဖြစ်နေတယ်လို့ ကျောင်းအုပ်ဖြစ်သူ ဦးပညာက ပြောခဲ့ပါတယ်။

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်နေ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တယောက် မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားပြီး ကျောင်းအနေနဲ့လည်း အမှုမှန်ပေါ်ရေးကို ပူးပေါင်းဆောင်ရွက်မယ်လို့ ကျောင်းအုပ်ကြီးက ပြောပါခဲ့တယ်။

“ကလေး ၁၇ ယောက်နဲ့ ဒီဆရာမတွေကြားထဲက ဒီသမီးလေးကို ရွေးပြီးတော့ ဒီလိုအချိန်မိနစ်ပိုင်းအခြားမှာ လုပ်ဖို့ဆိုတာတော့ တော်တော်ကို ကျွန်တော်စဉ်းစားရခက်နေတဲ့ ကိစ္စပါဗျ”

ဦးပညာ (Wisdom Hill ကျောင်းအုပ်)

video ခရက်ဒစ် dvb