အရစ်ကြမ်းသလို အချစ်ကြမ် တဲ့ ” O ” သွေးလေးတွေ အကြောင်း

254

O သွေးတွေများ အရမ်း သနားတတ်တယ်။ သနားအောင် သွားမပြောနဲ့ သူတို့နဲ့ထပ်တူ ခံစားပြီး ဝမ်းနည်းနေရော။ သူ့တို့ရဲ့ အားနည်းချက်က မျက်နှာကျောတင်းတယ် စကားပြောရင့်တယ် ထင်ရပေမဲ့ တကယ်ပေါင်းကြည့် ငပေါလေးတွေ ဆိုတာ ခင်တဲ့လူတွေပဲ သိပါတယ်။

သူတို့မှာ သူငယ်ချင်း များများ စားစားလဲမရှိဘူး။ သူငယ်ချင်း ရှားတယ်။ ရှိတဲ့သူငယ်ချင်း အပေါ်လဲ အနစ်နာခံ ပေါင်းတယ်။

O သွေးလေးတွေက အချစ်လည်း ခံချင်ကြတယ်။ ခလေးလေးတွေလို သူတို့ကို ဂရုစိုက်ရင် သိပ်ပျော်တာ။ အချစ်ကြီးတဲ့ O သွေးနား တော်ရုံသူ မကပ်နိုင်ကြဘူး။ သူတို့က အရစ်ကြမ်းတယ်။ ဂျပန်မူလီတောင် အရူံးပေးရမယ်။

O သွေးတွေကို ဆူတာ ဟောက်တာ သွားမလုပ်နဲ့ အသေတင်းတာ။ O သွေးတွေက ဒေါသထွက်လာရင် အသားတွေ တစပ်စပ်တုန် ပြီး ဘီလူးတွေထက် ကြောက်စရာ ကောင်းတယ်။ O သွေးလေးတွေ စိတ်ညစ်ရင် ဖုန်းတလုံးရယ် သီချင်းလေးတွေရယ် ရှိရင် ok တယ်။အခန်းထဲ လှိမ့်အိပ်နေတာ။ O သွေးလား အစွဲအလန်း အသေကြီးတယ် ဒေါသလဲ အရမ်းကြီးတယ် မဟုတ်မခံစိတ် ရှုးရှုးဒိုင်းဒိုင်း ဒေါသပြေမှ ငါပြောတာ လွန်သွားလား ဆိုပြီး အားနာတဲ့အမျိုးပါ။

သူတို့တွေ ချစ်မိပြီးတဲ့ လူက သူတို့အပေါ် ရက်စက်နေရင်တောင် နည်းလမ်းပေါင်းစုံနဲ့ နားလည် ခွင့်လွှတ်ပြီး ချစ်တတ်သလို သူတို့ စိတ်ပျက်သွားတဲ့ လူဟာလည်း ဘယ်လောက် ရင်းနှီးပြီး အသက်မက ချစ်နေပါစေ ဘယ်တုန်းကမှ မသိခဲ့တဲ့ လူတွေလို လုပ်ပြစ်ပြီး ပြတ်သားလွန်းကြတယ် သတိထားပါ။

O သွေးတွေက စာနာတတ်တယ် ကူညီတတ်တယ် စိတ်ထားလေးလည် လှတယ်။ သူတို့လေးတွေက စိတ်ကူးယဉ် အတွေးလေးတွေနဲ့ ပျော်မွေ့တတ်ပြီး သီးချင်းဆို ကခုန်တာတွေကို ဝါသနာ ပါကြတာများပါတယ်။

အများစုက ကမ်းခြေ သွားရတာနှစ်သက်တယ် သူတို့ကို သွားမပြိုင်နဲ့ သင်ပဲ မောသွားမယ် သင့်ကို ဖုတ်လေတဲ့ ငပိရှိတဲ့လို့တောင်ထင်မှာမဟုတ်ဘူး။ သူတို့က စိတ်ထဲရှိသလို နေတာများကြတယ်။ ဘယ်သူ့ကိုမှ မနာလိုစိတ်မရှိသလို ဘယ်သူ့ကိုမှမလဲ မပြိုင်ဆိုင်တတ်ကြဘူး။ အေးအေးဆေးဆေး နေတတ်ကြပါတယ်။

အိုသွေး ပိုင်ရှင်များရဲ့ စရိုက် သဘာဝက ထူးခြားပါတယ်… အိုသွေး ပိုင်ရှင် များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင် ကြည့်ရှုစောင့်ရှောက် တတ်ပီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများ ဖြစ်ကြပါတယ်… အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်…

အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့… ရလဒ်ကိုဘဲ ဦးစားပေး သူများလို့လည်း ဆိုနိုင်ပါသတဲ့… အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့… ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများ ဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်…

အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်… လုပ်ငန်းခွင်ကို ရောက်ပြီ ဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့… အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပီ ဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပီ ဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့…

ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင်နိုင်တဲ့ သူများ ဖြစ်ပါတယ်တဲ့…. ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်… အပန်းဖြေတာတို့ ဝါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး…

အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်… တခါတလေမှာတော့ Romantic ဆန်တာလေး တွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့… အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူး တဲ့…

လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့… ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်…

အိုသွေး ပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့… တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့… ဒါပေမယ့် အားလုံး ပီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ…

အိုသွေး ပိုင်ရှင်တွေနဲ့ လိုက်ဖက်မယ့်သူတွေကတော့..

အို – အို (၄၀%)

အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ် လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့ မိန်းကလေးကြားမှာ မပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင် ရင်းနှီးနိုင်ပါတယ် တဲ့။ အချင်းချင်း ယောင်္ကျား မိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။

လမ်းမှာ သူတောင်းစားများ တွေ့ရင် ဒီအတိုင်း မသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ် လို့ ဆိုလို့ ရပါတယ်။ အိုသွေး အချင်းချင်း အားလုံး အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀% ပါ။

အို – ဘီ (၇၅%)

မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ် တဲ့။ အမြဲတမ်း ဘီသွေး မိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း မခန့်မှန်းနိုင်လောက်အောင် ပါတဲ့။ စိတ်ကတော့ ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့ အဆင်မပြေတာချည်းပါပဲ။

ဒါပေမယ့် မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ယောင်္ကျားတစ်ယောက်လို့ ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ ပိုပီး ချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကို တည်ချင်တဲ့ စိတ်ဓါတ်တွေ အားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။

တကယ်တော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့ မိန်းကလေးမျိုးကို လိုလားသလို အိုသွေးပိုင်ရှင် မိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို လိုလားပါတယ်တဲ့။ ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။

အို – အေဘီ (၉၅%)

အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်း ဆန်တတ်တဲ့ အကျင့်လေးတွေကြောင့် စိတ်အခန့် မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ သံယောစဉ် တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။

အချင်းချင်း လက်တွေ့ကျကျ စဉ်းစား ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်း နေရတတ်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။

အို – အေ (၁၀၀%)

အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင် မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့ သဘာဝကျတဲ့ အတွဲကို ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင် မိန်းကလေးများကတော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုအေစစ်လို အေးမြစေချင် ကြပါတယ်တဲ့။

အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။ မိတ်ဆွေအဆင့် ဆိုရင်တော့ အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို ဖြစ်စေပါတယ်။ အချင်းချင်း နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။