ညီမရှိတဲ့ အကိုတွေ သတိထားနော်

281

အကိုမှ ကျောင်းပြေးပြီး ချစ်သူနဲ့ချိန်းတွေ့တဲ့ ညီမကို ဆူပူရာ ညီမက အကို ကို ရည်းစားနဲ့ ပေါင်းသတ်

ဒီဖြစ်​ရပ်​က မ​လေးရှားနို​င်​ငံ၊ Taiping မြို့တစ်​ခုမှာဖြစ်​ပွားခဲ့တာဖြစ်​ပြီး မ​လေးရှားနို​င်​ငံသား​တွေအတွက်​ ​သွေးပျက်​ဖွယ်​ရာ ဖြစ်​ရပ်​ဆိုးတစ်​ခုဖြစ်​ခဲ့ပါတယ်​။

ပိုပြီးတုန်​လှုပ်​သွားရတဲ့ အ​ကြောင်းရင်း​က​တော့ လူသတ်​မှုလုပ်​ရပ်​ကိုကျူးလွန်​ခဲ့သူက အသက်​ ၁၄ နှစ်​အရွယ်​သာရှိ​သေးတဲ့ ဆယ်​​ကျော်​သက်​​ ​ကောင်​မ​လေးဖြစ်​​နေပြီး အသက်​ ၁၆ နှစ်​အရွယ်​ အကိုဖြစ်​သူကို သတ်​ဖြတ်​ပစ်​ခဲ့တဲ့ အ​ခြေအ​နေဖြစ်​ပါ။ ဒီလူသတ်​မှုမှာ ​ကောင်​မ​လေးရဲ့ချစ်​သူကပါ ပါဝင်​ခဲ့တာဖြစ်​ပြီး သုံးဦးစလုံးဟာ ​ကျောင်းသား​တွေချည်းဖြစ်​ပါတယ်​။

ညီမဖြစ်​သူနဲ့သူရဲ့ချစ်​သူဟာ အကိုဖြစ်သူကို​​သတ်​ဖြတ်​ပြီး​နောက်​ လူမ​နေတဲ့ အိမ်​နီးချင်းအိမ်​တစ်​အိမ်​ရဲ့​နေရာလွတ်​တစ်​ခုမှာ အ​လောင်းကိုအစ​ဖျောက်​ပစ်​ခဲ့ကြတယ်​လို့ သိရပါတယ်​။ အ​လောင်းကို ပြန်​​တွေ့ချိန်​မှာ အ​လောင်းကိုယ်​ထည်တစ်​ခုလုံးကို ပလတ်​စတစ်​အိတ်​ထဲ ထည့်​ထားခဲ့ပြီး လက်​​ကောက်​၀တ်​ နဲ့ လည်​မျိုကိုဓားနဲ့ ထိုးသွင်းရာ​တွေ၊ ပြင်းထန်​တဲ့ဒဏ်​ရာဒဏ်​ချက်​​တွေကို စစ်​​ဆေး​တွေ့ရှိခဲ့ကြပါတယ်​။

ဖြစ်​စဉ်​က​တော့ ​ကျောင်းမတက်​ဘဲ အိမ်​မှာချစ်​သူနဲ့နှစ်​ဦးတည်း ချိန်း​တွေ့​နေတဲ့ညီမကို အကိုဖြစ်​သူက အိမ်​ပြန်​လာရင်းမိသွားခဲ့ပြီး ဆူပူကြိမ်း​မောင်းရင်း အကြိတ်​အနယ်​အ​ချေအတင်​ အချင်းများခဲ့ကြရာက လူသတ်​မှုမီးစအထိကြီးမားသွားခဲ့တာဖြစ်​ပါတယ်​။ ညီမရဲ့ရည်းစားနဲ့ အကိုဖြစ်​သူဟာလည်း အကြီးအကျယ်​ရန်​​စောင်​ခဲ့ကြတယ်​လို့ သတင်းက ​ဆိုပါတယ်​။

ALinnMyay ချစ်ပရိသတ်ကြီးက​ရော ဒီသတင်းဆိုးအ​ပေါ်ဘယ်​လိုမြင်​ကြပါသလဲခင်​ဗျာ။ ကိုယ်​ပိုင်​အမြင်​​လေး​တွေ မျှ​ဝေ​ပေးပြီး အပြန်​အလှန်​​ဆွေး​နွေး​ပေးသွားကြပါဦး။ အဆင်​အခြင်​မဲ့ ဖြစ်​ရပ်​​တွေအတွက်​ ဆင်​ခြင်​စရာအသိတစ်​ခုရရှိတိုးပွားလိမ့်​မယ်​လို့ ​မျှော်​လင့်​မိပါတယ်​​။

EFIL – AlinnMyay(အလင်းမြေ)