စိတ်ကို ဖတ်နိုင်တဲ့ ဆဋ္ဌမအာရုံပိုင်ရှင်တွေမှာသာ တွေ့နိုင်တဲ့ အချက်(၆)ချက်

201

ပေါင်းသင်းဆက်ဆံရတဲ့လူတွေ၊ တွေ့ကြုံရတဲ့လူတွေများလွန်းလာတဲ့အခါ လူတွေရဲ့စိတ်ပညာကိုနည်းနည်းပါးပါး တီးခေါက်မိလာပြီး ကြည့်လိုက်တာနဲ့ သူတို့ဘာပြောချင်တယ်၊ စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို သိနိုင်လောက်အောင်ကို လူကဲခတ်တော်လာပါတယ်။

အဲ့ဒီလိုမဟုတ်ဘဲ လူတွေနဲ့လည်း အဆက်အဆံသိပ်မလုပ်ပါဘဲ၊ လူတစ်ယောက်ရဲ့စိတ်ကို အလိုလိုခန့်မှန်းမိနေတတ်တဲ့သူတွေလည်းရှိတယ်။အဲ့ဒါဟာ ထူးခြားချက်တစ်မျိုးဖြစ်ပြီး သင့်အနေနဲ့ အခုဖော်ပြတဲ့ အချက်တွေနဲ့ တိုက်ဆိုင်နေတယ်ဆိုရင် လူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်မယ်လို့ ပြောနိုင်ပါတယ်နော်..

(၁) မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက်ယောက်စိတ်ညစ်နေတာကို သိနေတတ်တယ်

သင့်မှာ ထူးခြားချက်အနေနဲ့ မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက် စိတ်ညစ်၊ စိတ်ထိခိုက်နေတဲ့အ ခါ သင်နဲ့မဆိုင်ဘဲ အလိုလိုသိနေတာမျိုး၊ သူတို့အဆင်မပြေတာတစ်ခုခုဖြစ်နေရင် သိနေတာမျိုး ဖြစ်တတ်ပါတယ်။

(၂) လူများတဲ့ပတ်ဝန်းကျင်က သင့်ကိုစိတ်ရှုပ်ထွေးစေတယ်

ရင်းနှီးတဲ့လူအနည်းစုနဲ့ပြောဆိုဆက်ဆံရတာက သင့်အတွက် သိပ်မဖိစီးမပေမယ့် လူအများကြီးကိုေ န့တိုင်းေ တွ့နေ ရတာမျိုး၊လူများလွန်းတဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်ရတာမျိုးက အရမ်းကိုပင်ပန်းဖိစီးစေတာမျိုး၊ လူတွေအများ ကြီးနဲ့ ခရီးထွက်ရတာကိုစိတ်ညစ်နေပြီး တစ်ယောက်တည်းပဲသွားချင်နေတာမျိုးပါ။

(၃) အိမ်တစ်အိမ် ဒါမှမဟုတ် အခန်းတစ်ခုထဲရောက်သွားတဲ့အခါ ခံစားချက်တစ်ခုခုရတယ်

အိမ်တစ်အိမ် ဒါမှမဟုတ် အခန်းတစ်ခုထဲရောက်သွားတဲ့အခါ အဲ့ဒီနေရာမှာ ပရလောကသားတွေရှိနေတာကို သိနေ တာမျိုး၊ ကောင်းတဲ့ခံစားချက်ရှိတဲ့နေရာလား၊ ဆိုးတဲ့ခံစားချက်ရှိတာလားဆိုတာကို ခွဲခြားသိနေတာမျိုးပေါ့။

(၄) လူတစ်ယောက်ကိုတွေ့တာနဲ့ကောင်းတဲ့သူလား၊မကောင်းတဲ့သူလားတန်းသိတယ်

သင့်သူငယ်ချင်းတွေတွဲလာတဲ့ ချစ်သူ၊ရည်းစားတွေနဲ့ပတ်သက်လို့ အဲ့ဒီကောင်ကလူကောင်းဟုတ်ပုံမရဘူးလို့ သတိေ ပးခဲ့တာက တကယ်ဖြစ်လာတာမျိုး၊ သင့်ရဲ့အထင်က အမြဲတမ်းလိုလိုမှန်နေတာမျိုးတွေက သင့်ရဲ့ ဆဋ္ဌမအာရုံအစွမ်း ကို ဖော်ပြနေပါတယ်။

(၅) စိတ်ထိခိုက်ခံစားရလွန်းတဲ့ရုပ်ရှင်တွေမကြည့်နိုင်ဘူး

သင့်မှာ အလိုလိုသိတဲ့စိတ်မျိုးကိုပိုင်ဆိုင်ထားမယ်ဆိုရင် စိတ်ထိခိုက်ခံစားရလွန်းတဲ့ရုပ်ရှင်တွေ၊ ကြောက်စရာေ ကာင်းလွန်းတဲ့ရုပ်ရှင်တွေ၊ အနိဌာရုံမြင်ကွင်းတွေကို ကြည့်နိုင်မှာမဟုတ်ပါဘူး။

(၆) ဆတ်ဆတ်ထိမခံဘူး

သင်ဟာ စိတ်ဆတ်တယ်၊ ကိုယ်မလုပ်တဲ့အရာတစ်ခုကို စ နောက်ပြီး ပြောရင်တောင် သည်းမခံနိုင်ပါဘူး။စကား နဲ့စော်ကားတာ၊ကိုယ့်ကိုလာကြောတာမျိုးတွေ၊ စိတ်တိုအောင်လုပ်တာတွေကို နည်းနည်းလေးမှသည်းမခံနိုင်ပါဘူး။

ခရက်ဒစ်အန်တီမေ