ဗစ်တိုးရီးယားလေးအတွက်အများပြည်သူလှုဒါန်းထားတဲ့အလှူငွေစာရင်းကိုပွင့်လင်းမြင်သာစွာထုတ်ပြန်

0
57

ဇူလိုင်လ ၈ရက်နေ့မှာ ဗစ်တိုးရီးယားလေးအတွက်အများပြည်သူတွေ လှူဒါန်းထားတဲ့ငွေစာရင်းအတိအကျကို ဗစ်တိုးရီးယားအတွက်လှူဒါန်းငွေတွေကို တာဝန်ယူလက်ခံပေးတဲ့ Victoria Finance Team ကနေကြေငြာခဲ့ပါတယ်။ အဲ့ဒီအဖွဲ့မှာ အဖွဲ့ဝင်စုစုပေါင်း ၅ဦးပါဝင်ပြီး အဆိုတော်ကျားပေါက်ရဲ့အမျိုးသမီးဖြစ်သူလည်းပါဝင်ပါတယ်။

ဗစ်တိုးရီးယားအတွက် ဇူလိုင်လ၈ရက်နေ့အထိအများပြည်သူလှူဒါန်းထားတဲ့ ငွေစာရင်းအတိအကျဟာ ကျပ်သိန်းပေါင်း တစ်ရာခြောက်ဆယ့်ငါးသိန်း ရှစ်သောင်းနဲ့ရှစ်ရာ့ရှစ်ဆယ်ကျပ်ရှိပြီး ပွင့်လင်းမြင်သာစွာ ငွေစာရင်းအ၀င်အထွက်ကို Facebook စာမျက်နှာထက်မှာဖော်ပြခဲ့တာပါ။

အခုအချိန်ထိငွေစာရင်းမှာအ၀င်စာရင်းသာရှိပြီးအထွက်ငွေအနေနဲ့အစမ်းထုတ်ထားတဲ့ငွေတစ်ထောင်ကျပ်သာရှိသေးပြီးအဲ့ဒီငွေတစ်ထောင်ကျပ်ကိုလည်းပြန်လည့်ထည့်သွင်းပေးပြီဖြစ်ကြောင်းသိရပါတယ်။ ဗစ်တိုးရီးယားလေးရဲ့အမှုနဲ့ပတ်သတ်လို့ပဲဖြစ်ဖြစ် ကိစ္စတစ်စုံတစ်ရာကြောင့်ငွေအသုံးပြုခဲ့ရင်လည်း Facebook စာမျက်နှာပေါ်မှာ တရားဝင်ပွင့်လင်းမြင်သာစွာထုတ်ဖော်ပြောပြပြီး စာရင်းအ၀င်အထွက်ကိုတင်ပြသွားမှာဖြစ်ကြောင်းကို Victoria Finance Team အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မ Jessica Mozart ကအခုလိုရေးသားဖော်ပြထားခြင်းကို AlinnMyay (အလင်းမြေ) ပရိသတ်ကြီးနဲ့ အတူ ပြည်သူအားလုံး သိရှိနိုင်ဖို့ တင်ပြပေးလိုက်ပါသည်။

Victoria’s Finance – Update

ဒီနေ့ ၈ ရက်နေ့ ညနေ ၄:၂၆ မိနစ်အချိန်အထိမှာ သမီးလေး Victoria အတွက် Fund – Ks 16,580,880/- (တစ်ရာခြောက်ဆယ့်ငါးသိန်း ရှစ်သောင်းနှင့် ရှစ်ရာ့ရှစ်ဆယ်ကျပ်) လက်ခံရရှိထားပါတယ်။စာရင်းတွေကို သေချာစစ်ဆေးကြည့်ရှုနိုင်ပါတယ်။ ငွေအဝင်ဖက်မှာပဲ စာရင်းရှိပြီး အထွက်ဖက်မှာ စာရင်းလုံးဝမရှိသေးပါ။ တပြားမှ ထုတ်ယူသုံးစွဲခြင်း မရှိသေးပါ။

ချွင်းချက်အနေနဲ့ ….. ဒီနေ့ နေ့လည်ကတည်းက Transition Details ထုတ်နေတာ ထုတ်မရတာနဲ့ ဘဏ်ကိုဖုန်းဆက်၊ ဘဏ်ကညွှန်ကြားတဲ့အတိုင်းလုပ်ခဲ့ပါတယ်။ ငွေအဝင်ပဲရှိပြီး အထွက်မရှိလို့ Online ကနေ ဘဏ်စာရင်းထုတ်မရတာလည်း ဖြစ်နိုင်တယ်ဆိုလို့ ငွေတစ်ထောင်ကျပ်တိတိ စမ်းထုတ်ခဲ့ပြီး ချက်ချင်းပြန်ထည့်ခဲ့ပါတယ်။ အဲ့ဒါကြောင့် နောက်ဆုံးမှာ ငွေ ၁၀၀၀ ကျပ်အထုတ်/အသွင်း ပြနေတာပါ။

အလှူရှင်တွေ အရမ်းများတဲ့အတွက် တစ်ယောက်ချင်းစီရဲ့နာမည်နဲ့ စာရင်းမတင်ပေးနိုင်တာ နားလည်ပေးစေလိုပါတယ်။ အလှူရှင် အယောက်စီတိုင်းနှင့်တကွ မိသားစုဝင်များအားလုံး ဘဝမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်အေးချမ်း အန္တရာယ်ကင်းကြပါစေ။ မတရားခံရခြင်းမှ ကင်းဝေးပါစေ။

🔺 ငွေထုတ်သုံးစရာရှိလို့ ထုတ်ခဲ့ရရင်လည်း ဒီလိုပဲ တင်ပြပါ့မယ်။ 🔺

Victoria’s Finance Team

1️⃣ Su Lei Win ZoneZone

အဆိုတော် ကိုကျားပေါက် အမျိုးသမီး၊ Myanmar Parenting Admin

2️⃣ Thet Htar

ကထိက၊ ကလေးကျန်းမာပညာဌာန၊ မကွေးဆေးတက္ကသိုလ်

3️⃣ Khin Ei Ei Tin

Precious THET ရတနာဆိုင်ပိုင်ရှင်၊ OGYs Founder

4️⃣ Jue Chit Thinzar

The Bar Burdubai ပိုင်ရှင်

5️⃣ Jessica Mozart – စာရေးသူ

Yenin Phawah-AlinnMyay (အလင်းမြေ)