ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်လာနိုင်ချေရှိ မရှိသိနိုင်မယ် နည်းလမ်း (၈)ခု

0
71

မျက်နှာကိုကြည့်ရုံနဲ့ ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်လာနိုင်ချေရှိမရှိ သိနိုင်မယ့်နည်း(၈)နည်း

လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်ရုံနဲ့ သူ့အကြောင်းကို အတိအကျပြောနိုင်တဲ့ ရုပ်လက္ခဏာကိုဖတ်တဲ့ ပညာမျိုးဆို တာ အံ့သြဖို့ကောင်းတဲ့ပညာတစ်မျိုးဖြစ်ပါတယ်။ ရုပ်ရည်သွင်ပြင်က ကံကကြမ္မာကို မသတ်မှတ်နိုင်ပေမယ့် ဘာတွေဖြစ်လာ နိုင်သလဲဆိုတာကိုတော့ အနီးစပ်ဆုံးခန့်မှန်းလို့ရပါတယ်..

ဒါကြောင့် တရုတ်ရိုးရာရုပ်လက္ခဏာဖတ်ပညာအရ လူချမ်းသာတစ်ယောက်ဖြစ်လာနိုင်ချေများတဲ့သူတစ်ယောက်ရဲ့ ရုပ်လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်

(၁) နှစ်ဖက်ညီညာတဲ့မျက်နှာအချိုးအစား

မျက်နှာအချိုးအစားနှစ်ဖက်ညီညာနေတာမျိုးက ရှားပါတယ်။ တကယ်လို့ အဲ့ဒီလိုမျက်နှာမျိုးရှိခဲ့ရင် သူမတူအောင်ချမ်း သာကြွယ်ဝလာတတ်ပါတယ်။

(၂) အလယ်မှာချွန်နေတဲ့နှုတ်ခမ်း

အပေါ်အောက်အရွယ်အစားတူညီပြီး တိကျတဲ့ပုံစံမျိုးရှိတဲ့၊ အလွယ်မှာချွန်နေတဲ့နှုတ်ခမ်းရှိတဲ့သူတွေလည်း ချမ်းသာ ကြွယ်ဝနိုင်ချေအလွန်များတဲ့သူတွေပါ။ အဲ့ဒါမျိုးကို ပုလဲနှုတ်ခမ်းလို့ခေါ်ပါတယ်။

(၃) အဖျားနှစ်ဖက်ကော့တက်နေတဲ့ပါးစပ်

အဖျားနှစ်ဖက်က အပေါ်ဘက်ကိုကော့တက်နေပြီး ဒီတိုင်းနေရင်တောင်ပြုံးနေသလိုလေးဖြစ်နေတဲ့ပုံစံပါ။ အဲ့ဒါကို ကြာ ပွင့်ပါးစပ်လို့ခေါ်ပြီး ချမ်းသာကြွယ်ဝမယ့်သူတွေမှာ တွေ့ရတတ်ပါတယ်။

(၄) နဖူးမြင့်မြင့်ကျယ်ကျယ်

မြင့်ပြီးကျယ်ဝန်းတဲ့နဖူးမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေဟာလည်း ချမ်းသာကြွယ်ဝနိုင်ချေများတဲ့သူတွေပါ။ ဒါပေမယ့် နဖူးအလယယ်မှာ မှဲ့ရှိနေရင်တော့ ကံသိပ်မကောင်းတတ်ပါဘူး။

(၅) မျက်လုံးတောက်တောက်

စူးရှတောက်ပတဲ့မျက်လုံးပိုင်ရှင်တွေ ရှိတတ်ပါတယ်။ လူတော်တော်များများက သူတို့ကြည့်တာကို မခံနိုင်ပါဘူး။ အဲ့ဒီလိုမျက်လုံးတောက်တောက်တွေရှိတာကလည်း ချမ်းသာမယ့် လက္ခဏာတစ်ခုပါပဲ။

(၆) ထင်ရှားတဲ့ပါးရိုး

ပါးရိုးတွေက မြင့်ပြီးထင်းနေလို့ ကိုယ့်ကိုယ်ကို မလှဘူးလို့မတွေးလိုက်ပါနဲ့နော်။ အဲ့ဒါက ချမ်းသာကြွယ်ဝမယ့် သူတစ်ယောက်ရဲ့ လက္ခဏာပါ။

(၇) လုံးဝန်းတဲ့နှာခေါင်း

နှာခေါင်းလုံးလုံးလေးက ချမ်းသာကြွယ်ဝသူတစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့ သင်္ကေတတစ်ခုပါ။ အမျိုးသားတွေမှာ ဆို ငွေကြေးကံအလွန်ကောင်းပြီး၊ အမျိုးသမီးတွေမှာဆို သူမကိုလက်ထပ်တဲ့အမျိုးသားက တဖြည်းဖြည်းတိုးတက်ကြီး ပွားလာပါလိမ့်မယ်။

(၈) လုံးဝန်းတဲ့မေးစေ့

လုံးဝန်းပြီးထင်ရှားတဲ့မေးစေ့ရှိတဲ့သူတွေဟာ ချမ်းသာကြွယ်ဝမယ့်သူ၊ အိုဇာတာကောင်းမယ့်သူတွေ လို့ ပြောလို့ ရပါတယ်။

(၉) နားရွက်ကြီးကြီး

ထင်ရှားပြီးကြီးမားတဲ့နားရွက်တွေကိုပိုင်ဆိုင်ထားတယ်ဆိုရင်လည်း ဒါဟာ ချမ်းသာကြွယ်ဝမယ့် သဘောပါပဲ။ ဒါတင်မကသေးပါဘူး၊ ပညာရေးကံ၊ အလုပ်ကံနဲ့ ငွေကြေးကံတွေလည်း အလွန်ကောင်းမယ့်သူပါ။

ခရက်ဒစ် brakingnew