ဒီတိုင်းပြည်ကနေ တရားခံအမှန် မဖော်ထုတ်နိုင်ဘူးဆိုရင် စွန့်ခွာဖို့ စဉ်းစားကြပါ ဆိုတဲ့ ဟန်ထူးလွင် ဇနီး

91

တရားခံအမှန် မဖော်ထုတ်နိုင်ဘူးဆိုရင် ဒီတိုင်းပြည်ကနေ စွန့်ခွာဖို့ စဉ်းစားကြပါ ဆိုတဲ့ ဟန်ထူးလွင် ဇနီး

အဆိုတော် ဟန်ထူးလွင်က နေပြည်တော်မှာ ဖြစ်ပေါ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုအတွက် သမီးလေး ဗစ်တိုးရီးယားတို့ မိသားစုကို တက်နိုင်သလောက် ကူညီပေးချင်တယ်လို့ ဆိုထားပါတယ် ။ ကလေးတွေရဲ့ လုံခြုံရေးကိုလည်း စိတ်ပူတယ်လို့ ပြောပါတယ် ။ ဟန်ထူးလွင်တို့မိသားစုလေးမှာတော့ ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်လဲ ရှိပါတယ် ။ Victoria လေးရဲ့ အမှုကိစ္စနဲ့ ပတ်သတ်ပီးတော့ ဇနီးဖြစ်သူ ဇုံဇုံကလဲ သူမရဲ့ခံစားချက်တွေကို လူမှုကွန်ယက်ပေါ်မှာ အခုလို့ပဲ ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။

” Victoria လေးကို ဟိုးအရင်အရင် မူခင်းcaseတွေ ၊ online လူပြောများတဲ့ ပြဿနာတွေ ၊အဖြစ်အပျက်တွေလို ခဏတဖြုတ်၂ ပတ် ၊ ၃ပတ် ၊ အကြာဆုံး ၁ လလောက်ဆို မေ့သွားကြသလို ဒီတစ်ခါ မဖြစ်စေဖို့ အရေးကြီးပါတယ် ။ လူတွေမေ့နေသလို ၊ သွေးအေးစ ပြုနေသလို ဖြစ်နေရင်လဲ တစ်ဦးတစ်ယောက်လောက်က ဖြစ်ဖြစ် အမြဲ remind လုပ်ပေးကြပါ ။ remind လုပ်တယ်ဆိုတာ သတိပေးတာကို ပြောတာနော် ။ သတင်းမှားတွေနဲ့ နိုင်ငံရေးအသုံးချပြီး လူထုအုံကြွအောင် လှုံ့ဆော်ခိုင်းတာမျိုး မဟုတ်ဘူး ။

Victoria လေးကိစ္စဟာ အရင်က case တွေလို အဖြေမရှိဘဲ ဇာတ်လမ်းဆုံးသွားရင် နောက်နောင် အမှန်တရား ၊ တရားမျှတမှုတွေ မြန်မာနိုင်ငံမှာ အာဏာ အရှိန်အဝါ ၊ ငွေကြေးနဲ့ လဲလှယ်လို့ ပေါ်ပေါ်တင်တင် ရသွားမှာ သေချာပါတယ် ။ Rights လုံးဝမရှိတဲ့ နိုင်ငံဟာ ငရဲနဲ့ တူတူပါပဲ အဲဒီနိုင်ငံမှာ နေထိုင်နေရတာလဲ ဝဋ်ကြွေးဆပ်နေရတာနဲ့ မကွာခြားပါဘူး ။ ကျမတို့ ဝဋ်ကြွေးဆပ်ရတာ ပြဿနာမဟုတ်ဘူး ။ ကျမတို့ ရင်သွေးတွေ victim မဖြစ်ဖို့ အရေးကြီးတယ် ။ Victoria လေးအတွက် အဖြေမှန် ၊ တရားခံအမှန် မဖော်ထုတ်နိုင်ဘူးဆိုရင် ကလေးတွေ ရှေ့ရေးအတွက် ဒီတိုင်းပြည်ကနေ စွန့်ခွာဖို့သာ စဉ်းစားကြပါတော့ ” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ် ။

Source : Su Lei Win ZoneZone

Credit; Aung Ye ( Love အတိုစလေးများ )