အလွဲအမှား​ကြောင့်​ သားလည်း​သေရ အ​ဖေလဲ​ထောင်​ကျမည့်ကိန်းနဲ့ကြုံတဲ့ဖြစ်ရပ်…..
0
102
မွေးလူနာ မဝင်းဝင်းမြင့်​(၂၄)နှစ်​မှာ အသက်​မဆုံးရှူံးခဲ့​သော်​လည်း ရခဲလှတဲ့လူ့ဘဝ ခရီးအစမှာပင်​လူမမယ်​ ခ​လေးငယ်​ ​သေဆုံးခဲ့ရ​ကြောင်း ခလေး၏ဖခင်​​ ကို​အောင်​​ဇော်​လင်း(၃၄.နှစ်​)၏​ပြောကြားမှုမှသိရသည်​။
unicode
ကရင်​ပြည်​နယ်​ မြဝတီမြို့ အမှတ်​(၄)ရပ်​ကွက်​ ​တောင်​တန်​း​ကျောင်​းအ​နောက်​လမ်​း( ​ဆေးရုံနှင်​့(၁)ကီလိုမီတာခန်​့အကွာရှိ) ​နေအိမ်​တွင်​ မြဝတီခရိုင်​ပြည်​သူ့​ဆေးရုံဝန်​ထမ်​း(ထမိန်နီ) သားဖွားဆရာမဆိုသူ မ​အေး နှင်​့ အရပ်​လက်​သည်​ ​ဒေါ်မွန်​မ ဆိုသူတို့မှ ​မွေးလူနာတစ်​ဦးအား ခ​လေး​မွေးဖွား​ပေးခဲ့ရာ..
​မေ​ွးလူနာ မဝင်​းဝင်​းမြင်​့(၂၄)နှစ်​မှာ အသက်​မဆုံးရှူံးခဲ့​သော်​လည်​း ရခဲလှတဲ့လူ့ဘဝ ခရီးအစမှာပင်​လူမမယ်​ ခ​လေးငယ်​ ​သေဆုံးခဲ့ရ​ကြောင်​း ခလေး၏ဖခင်​​ ကို​အောင်​​ဇော်​လင်​း(၃၄.နှစ်​)၏​ပြောကြားမှုမှသိရသည်​။
ဖြစ်​စဉ်​မှာ… ​မွေးလူနာ မဝင်​းဝင်​းမြင်​့သည်​ ၈.၇.၂၀၁၉ ရက်​​နေ့ နံနက်​(၈)နာရီအချိန်​ခန်​့ကတည်​း ကစ၍ ဗိုက်​နာသဖြင်​့ သားဖွားဆရာမဆိုသူ မ​အေးနှင်​့ အရပ်​သည်​​ဒေါ်မွန်​မတို့အား​ခေါ်ယူ၍ ​နေအိမ်​တွင်​ ခ​လေး​မွေးခဲ့ရာ…..
ယ​နေ့ ဇူလိုင်​ ၁ဝရက်​ နံနက်​ ၇ နာရီအချိန်​တွင်​ သားဦး​ယောကျင်္ား​လေးကို ​မွေးဖွားခဲ့​သော်​လည်​း ခ​လေးမှာ အသက်​မရှင်​ပဲ ​သေဆုံးခဲ့ရ​ကြောင်​း သိရသည်​။ထို့​ကြောင်​့ ဖခင်​ဖြစ်​သူ ကို​အောင်​​ဇော်​လင်​းမှ ​သားဖွားဆရာမနှင်​့ ၎င်း၏ ​ယောက္ခမဖြစ်​သူ၏ လမ်​းညွှန်​ချက်​အရဟုဆိုကာ ခ​လေး​သေဆုံး​ကြောင်​း …..
၎င်း၏ ဇနီး မသိရ​လေ​အောင်​…သေဆုံးခ​လေးကို ရင်​ဝယ်​ပိုက်​၍ မြဝတီမြို့ အမှတ်​(၄)ရပ်​ကွက်​ရှိ ​ဟေမာန်​ဦးသုသာန်​တွင်​ သင်္ဂြိုလ်​ရန်​သွား​ရောက်​ခဲ့ရာ သုသာန်​တာဝန်​ရှိသူများမှ ​သေစားရင်​းမပါ၍ သင်္ဂြိုလ်​ခွင်​့မပြုခဲ့​ကြောင်​း သိရသည်​။
အဆိုပါ ဖြစ်​စဉ်​နှင်​့ပတ်​သက်​၍ တာဝန်​သိပြည်​သူတစ်​ဦး၏ သတင်​း​ပေးမှုအရ အမှတ်​(၄)ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှုး ဦးစည်​လှိုင်​နှင်​့အဖွဲ့ဝင်​များ နယ်​ထိန်​းထွန်​းမင်​းလတ်​ တို့မှ သုသာန်​သို့​ရောက်​ရှိလာကြပြီး အ​ကြောင်​ကြားမှု​ကြောင်​့….
​နေ့လည်​(၁)နာရီ အချိန်​ခန်​့တွင်​ မြဝတီရဲစခန်​းမှ အမှုစစ်​အရာရှိ(ရဲ​မေ) ရဲအုပ်​ဇင်​မာခိုင်​နှင်​့ရဲတပ်​ဖွဲ့ဝင်​များ ​ရောက်​ရှိလာကာ ခ​လေးဖခင်​ ကို​အောင်​​ဇော်​လင်​း နှင်​့​သေဆုံးခ​လေးငယ်​အား မြဝတီခရိုင်​ပြည်​သူ့​ဆေးရုံသို့ ​ခေါ်ယူစစ်​​ဆေးကာ ည​နေ(၄)နာရီအချိန်​ခန်​့တွင်​ ကို​အောင်​​ဇော်​လင်​း ကို မြဝတီမြို့မ ရဲစခန်​းတွင်​ ​ခေါ်ယူစစ်​​ဆေးလျှက်​ရှိ​ကြောင်​း သိရသည်​။
“အထက်​က အလွဲအမှား​ကြောင်​့ သားလည်​း​သေရ မသိနားမလည်​တဲ့ အ​ဖေလဲ​ထောင်​ကျ မဖြစ်​ကြ​စေဖို့ ဆု​တောင်​းရင်​း…..”…..။ ​နေ​နော်​(မြဝတီ) / Myo Naung Naung Zaw