၅ကြိမ်မြောက် သိန်းတစ်​​သောင်းခွဲ ကံထူးရှင်​ အဖွား​ခေါ်ခင်​တင့်​ရဲ့​မေတ္တာလက်ဆောင်

0
36

ခံစားမိရင်း ပီတိဖြစ်​ရတဲ့ သိန်းအစား​ကောင်း​လေးများစားရရင်​ ခင်​တွယ်​ရတဲ့မိတ်​​ရင်းေ​ဆွရင်း​တွေ၊ ​ကျေးဇူးရှင်​​တွေကို သတိရတတ်​တယ်​ဆိုတဲ့ လူ့စိတ်​ဟာလည်း သိန်း တစ်​​သောင်းခွဲထီ​ပေါက်​သွားခဲ့တဲ့ မဟာကံထူးရှင်​အဖွား ​ဒေါ်ခင်​တင့်​ထံမှာ ထင်​ဟပ်​လာခဲ့ပါတယ်​။ တစ်​ဦး​စေတနာ တစ်​ဦး​မေတ္တာဆိုတဲ့အတိုင်း အဖွားဟာ​ “​ရွှေထီး” ထီအ​ရောင်းကိုယ်​စားလှယ်​ ဦး​စောဝင်းအတွက်​ ကားတစ်​စီး ​မေတ္တာလက်​​ဆောင်​​ပေးသွားခဲ့တာပါ။

ဒါ့အပြင်​ တစ်​ဦး​​စေတနာ တစ်​ဦး​မေတ္တာ ဆိုတဲ့ စကားဟာအမှန်​စင်စစ်​​ပါပဲ။ မြန်​မာလူမျိုး​တွေရဲ့ ကူညီရိုင်းပင်းတတ်​တဲ့စိတ်​ရင်း​စေတနာ​ကောင်းအပြင်​ လှူချင်​တန်းချင်​၊ ​ပေးချင်​ကမ်းချင်​ပြီး ရက်​​ရောတတ်​တဲ့ အလှူအတန်းစိတ်​ဓာတ်​ဟာလဲ အံ့ချီးဖွယ်​ရာပဲဖြစ်​ပါတယ်​။

ဧရာဝတီတိုင်း​ဒေသကြီး၊ ဟင်္သာတမြို့မှာ​၊ ​အေးမြသာယာရပ်​ကွက်​​၊ အ​လောင်းဘုရားလမ်းမှာ ​နေထိုင်​သူ အဖွားက​ဒေါ်ခင်​တင့်​ဟာ တစ်​မြေတည်း​နေ တစ်​​ရေတည်း​သောက်​တဲ့ တစ်​နယ်​သားချင်း ထီကိုယ်​စားလှယ်​ဦး​စောဝင်းအတွက်​ မှတ်​မှတ်​ရရ ​ပျော်​ရွှင်​မှုတစ်ခုဖန်​တီး​ပေးခဲ့တာဖြစ်​သလို ဦး​စောဝင်းအ​နေနဲ့ ဘယ်​​လောက်​​တောင်​​ပျော်​​နေလိုက်​မလဲလို့ ​တွေးမြင်​​ယောင်​မိပြီး ALinnMyay ချစ်​ပရိသတ်​ကြီးနဲ့အတူ ဝမ်းသာပီတိဂွမ်းဆီထိရပါတယ်​​နော်​။

 

ခံစားမိရင်းပီတိဖြစ်​ရတဲ့ အဖွားရဲ့​မေတ္တာဟာ မြင်​ရသူ​တွေမှာ ဝမ်း​မြောင်​ဝမ်းသာဖြစ်​ရသလို AlinnMyay ချစ်​ပရိသတ်​ကြီးလည်း မုဒိတာပွားရင်း သာဓု​ခေါ်နိုင်​ကြဖို့ မျှ​ဝေတင်​ဆက်​လိုက်​ရင်း အားလုံးပဲထီများများ​ပေါက်​ပြီး အလှူ​ရေစက်​လက်​နဲ့မကွာဖြစ်​ကြပါ​စေလို့ ဆုမွန်​​ကောင်း​တောင်းလိုက်​ပါတယ်​ခင်​ဗျာ။

EFIL – AlinnMyay(အလင်းမြေ)

Credit.. AlinnMyay(အလင်းမြေ)