ရဲဝန်ထမ်း​​​​ဘဝက​နေ သာသနာ့​ဘောင်​ထဲဝင်​သွားခဲ့တဲ့ ဘုန်းကြီး သင်္ကန်းဝတ်​နဲ့ လူဆိုးဖမ်းခဲ့တဲ့ဖြစ်​ရပ်

0
126

အခုလတ်​တ​လော ထိုင်းနိုင်​ငံလူမှုကွန်​ရက်​မှာ ​ရေပန်းစားသွားပြီး လူအများ​ပြောဆိုစိတ်​ဝင်​စားစရာ ဖြစ်​ရပ်​တစ်​ခုဖြစ်​ခဲ့ပါတယ်​။ ALinnMyay ချစ်​ပရိသတ်​ကြီးလဲ ဒီဖြစ်​ရပ်​ကိုသိရှိရ​အောင်​ ​ဖော်​ပြ​ပေးပါရ​စေ။

ထိုင်းနိုင်​ငံက ဘုန်းကြီးတစ်​ပါးဟာ ​သေနတ်​​အရှည်​ကို ကိုင်​စွဲပြီး ဓာတ်​ဆီဆိုင်​တစ်ခု​ထဲ​ပြေးဝင်​စီးနင်း​​နေတဲ့ ရုပ်​သံတစ်​ခုဟာ အင်​မတန်​နာမည်​ကြီး​နေပါတယ်​။

တကယ့်​​နောက်​ကွယ်​မှာ​တော့ အဲ့ဒီ ဘုန်​ကြီးဟာ ရဲဝန်​ထမ်းဘဝက​နေ သာ့သနာ​ဘောင်​ထဲဝင်​​ရောက်​သွားခဲ့သူဘုန်းကြီးတစ်​ဦးဖြစ်​ပြီး သူဒီလို​သေနတ်​ကိုင်​စွဲ​ပြီး ​ပြေးဝင်​လာတဲ့အ​ကြောင်းရင်းက​တော့ သူ​ရောက်​​နေတဲ့ဓာတ်​ဆီဆိုင်​မှာ အကြမ်းဖက်​သမား​တွေက ဓာတ်​ဆီဆိုင်တွင်း ဓားစာခံလုပ်​ပြီး မတရားအကြမ်းဖက်​မှုကျူးလွန်​​နေတာ​ကြောင့်​ပဲ ဖြစ်​ပါတယ်​။

ဘုန်းကြီးဟာ အဲ့ဒီခဏအတွင်း ဘုန်​ကြီးဘဝကို​မေ့​ပျောက်​သွားပြီး အကြမ်းဖက်​နှိမ်​နင်း​ရေးရဲ​တပ်​ဖွဲ့အတူ လူဆိုးဖမ်းဖို့ စိတ်​အားထက်သန်စွာနဲ့ ​​ပါဝင်​ကူညီခဲ့တာဖြစ်​ပါတယ်​​။ ဘုန်းကြီးနဲ့ ​သေနတ်​ရှည်​ ကိုတွဲလျက်​မြင်​​တွေ့ရတာဟာ ရုတ်​ချည်းအံ့အားသင့်​ဖွယ်​ရာမြင်​ကွင်းဖြစ်​​ပေမဲ့ ရဲဝန်​ထမ်းဘဝက​နေ သင်္ကန်းဝတ်​ဖြစ်​ခဲ့တဲ့ ဘုန်​ကြီးရဲ့ နဂိုရည်​ နှလုံးသား နဲ့ စိတ်​ဓာတ်​အင်​အားက​တော့ မ​လေးစားဘဲမ​နေနိုင်​​အောင်​ဖြစ်​ခဲ့ရပါတယ်​။

အများအကျိုးအတွက်​လိုအပ်လာရင်​ ဘယ်​လိုအ​ခြေအ​နေဖြစ်​ဖြစ်​အသင့်​ရှိ​နေတတ်​ဖို့ AlinnMyay ချစ်​ပရိသတ်​ကြီးလည်း​တွေးဆဆင်​ခြင်​မိနိုင်​မယ်​လို့ ​မျှော်​လင့်​မိပါတယ်​။

EFIL – AlinnMyay(အလင်းမြေ)

Credit..AlinnMyay(အလင်းမြေ)